ကမ္ဘာဦးရဲ့မှော်

( 3 မှတ်ချက်)

3000 (ကျပ်)

ကမ္ဘာဦးရဲ့မှော် စာအုပ်လေး က အတွေးဒဿန တွေ ပါဝင်နေတဲ့ ကဗျာ အခြေပြု စာအုပ်လေး တစ်အုပ်ပါပဲ ကဗျာအခြေပြုလို့ပြောရတာ က နောက်ပိုင်း မှာ အက်ဆေး အပုဒ်ရေ အနည်းငယ် ထည့်သွင်းပါရှိနေလို့ပဲ ဖြစ်ပါတယ်

စာရေးသူ အာကာထက်မြက် ဟာ မျက်နှာသစ်တစ်ဦး ပါ သူ့ရဲ့ အမှာစာမှာ
“အက္ခရာ တစ်လုံးခြင်းစီ ရဲ့ ခေါ်ဆောင်ရာ နောက်ကို စိတ်ဖွင့်ပြီး လိုက်ခဲ့မယ် ဆိုရင်တော့ စာတွေ က ပြောပြချင်တဲ့ အကြောင်းအရာ ဆီကို ( ဒါမှမဟုတ်) ကျနော်ခံစားရေးသားခဲ့တုန်းက အခိုက်အတန့်ဆီ ကို ရောက်ရှိနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ် ။ ကမ္ဘာဦးရဲ့ မှော် ဆိုတဲ့ ခေါင်းစဉ်လေး ပေးဖြစ်ပုံကတော့ တချိန်က တာရာမင်းဝေ ရဲ့ စာတွေထဲမှာ ကမ္ဘာဦးရဲ့ မှော်ပညာက အနုပညာနဲ့ သိပ္ပံပညာ ဆိုပြီး ကွဲထွက်သွားကြောင်း ဖတ်ခဲ့ရဖူးတယ် အမှတ်မမှားဘူးဆို အရှေ့မြို့ရိုး က မိုးရေစက်များ ဆိုတဲ့ စာအုပ်ဖြစ်မယ် ထင်ပါတယ်။ အဲ့ အတွေးလေး ကို ချဲ့ကားပြီး ကဗျာ ပြန်ရေးရင်း နာမည်လေး ရော အယူအဆရော သဘောကျလို့ ပေးဖြစ်ခဲ့တာပါ” လို့ ဆိုထားပါတယ် ။

အထဲ က စာသားလေးတွေ ကဗျာလေးတွေ ကလဲ အသစ်လို့ မထင်ရအောင် ဖတ်လို့ ကောင်းပါတယ် ။ အတွေးအခေါ်လေးတွေပါတဲ့ ကဗျာ တွေ ကို နှစ်သက်တတ်ခဲ့မယ် ဆိုရင်တော့ ဒီစာအုပ်လေး က ဖတ်ရှုသင့်တဲ့ စာအုပ်လေး တစ်အုပ်ပါပဲ ။

စာမျက်နှာ

162

စာအုပ်အရွယ်အစား

5.5 x 0.3x 8.1 inches

ပုံနှိပ်မှတ်တမ်း

ဆုပိုင်စာပေ ၊ 2021 ဖေဖော်ဝါရီလ

10 in stock

ကမ္ဘာဦးရဲ့မှော် အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Theingi Aung

    ကဗျာလေးတွေ က တွေးစရာလေးတွေ အပြည့်နဲ့ ဖတ်လို့ ကောင်းပါတယ်

  2. အာကာ

    တချို့ကဗျာ လေးတွေ က ဒဿန နဲ့ လက်ရှိလူမှု ဘဝ ကို ထင်ဟပ်ဖော်ပြချက်လေးတွေ ပါပါတယ် မဆိုးပါဘူး တချို့ စကားလုံးလေးတွေ သစ်တယ်

  3. Mann Thu Aung

    ကဗျာလေးတွေကြိုက်တော့
    ကဗျာစာအုပ်လေးတွေ၀ယ်ဖတ်ဖြစ်တဲ့အထဲမှာ
    ဒီစာအုပ်လေးကိုသဘောကျပါတယ်
    လူငယ်တွေအတွက်ဆန်းသစ်တဲ့အတွေးလေးတွေဆိုရင်
    နောက်ပိုင်းက အက်ဆေးလေးတွေပိုသဘောကျပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

အာကာထက်မြက် စာအုပ်များ