တတိယကမ္ဘာမှပထမကမ္ဘာသို့
13000 (ကျပ်)
ဤစာအုပ်သည် စီးပွားရေး၊ တပ်မတော်၊ နိုင်ငံတစ်ခု မည်သို့တည်ထောင်ရမည်ကို နည်းပြသောစာအုပ်မဟုတ်ပါ။ ပြဿနာများကို ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်တော်မည်သို့ ရင်ဆိုင်ဖြေရှင်းပုံကိုသာ တင်ပြသောမှတ်တမ်းသာဖြစ်ပါသည်။
(လီကွမ်ယု)
– အာရှတိုက်အောင်ပွဲ တကယ့်အဖြစ်အပျက် ဇာတ်လမ်းတစ်ပုဒ်ကို စိတ်ဝင်စားသူများအားလုံး ဤစာအုပ်ကို မဖတ်မဖြစ်ဖတ်ကြရန် တိုက်တွန်းလိုပါသည်။ ဖြစ်နိုင်ချေမရှိဟု ထင်ထားသည်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သူတစ်ဦးဖြစ်သော လီကွမ်ယု၏ အရည်အချင်းများတွင် အတုယူစရာတွေ အများကြီးပါနေပါသည်။ သူနှင့် ခေတ်ပြိုင် ကမ္ဘာ့ခေါင်းဆောင်များဖြစ်သော မာဂရက်သက်ချာ၊ ရော်နာ်ရီဂင်၊ ကျန်စီမင်း၊ တိန့်ရှောင်ဖိန်၊ ဆူဟာတို၊ အင်ဒီရာဂန္ဒီ၊ ကစ်ဆင်းဂျား၊ ဂျော့ဘွတ်ရှ်၊ တိုနီဘလဲ၊ ဟဲမက်ခိုးလ်၊ ဘော့ဟောတို့နှင့် တွေ့ဆုံညှိုနှိုင်း အကြံပေး၊ အကျိုးဆောင်၊ တိုင်ပင်ဆွေးနွေးခဲ့ပုံများသည်လည်း နှစ်ဆယ်ရာစု ကမ္ဘာ့သမိုင်းရုပ်လုံးကို ပို၍သက်ဝင်ကြွရွစေပါသည်။ လီကွမ်ယု၏ သူ့နိုင်ငံရေး ပြိုင်ဘက်များအပေါ် ရိုးသားစွာ အနိုင်ယူခဲ့ပုံများကိုလည်း ဖတ်ရှုရပါမည်။ အနောက်နိုင်ငံများ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တစ်ယူသန် အယူအဆများသည် အာရှစရိုက်လက္ခဏာနှင့် မကိုက်ညီ၍ ပြန်လည်ခုခံချေပခဲ့ပုံများသည်လည်း ဤစာအုပ်၏ အနှစ်သာရများပင်ဖြစ်သည်။
(စာရေးသူ အမှာစာမှ ကောက်နှုတ်ဖော်ပြချက်)
စာမျက်နှာ | 640 |
---|---|
စာအုပ်အရွယ်အစား | 4.9x 1 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | ဇေယျာမိုးစာပေ၊ 2023 ဇွန်လ၊ (ပဉ္စမကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 22.4.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 13000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
14 in stock
Nang Si Monn Tip (verified owner) –