Ex-pect

( 59 မှတ်ချက်)

9000 (ကျပ်)

ကောင်​လေးတစ်​ယောက်ဟာ ယောက်ျားသိပ်ဆန်တဲ့ ကောင်​လေးတစ်​ယောက်ကို ချစ်မိသွားတဲ့အကြောင်း နူးညံ့သိမ်မွေ့တဲ့ ၀တ္ထုလေးတစ်အုပ်…

ချစ်ခြင်းမေတ္တာအကြောင်းကို လှလှပပ ရေးဖွဲ့ထားတဲ့ လက်ရာမြောက် ၀တ္ထုလေးတစ်ပုဒ်…

တန်ဖိုးထားမှု၊ မြတ်နိုးမှု၊ အနွံ့တာခံမှုတွေနဲ့ ကောင်လေးနှစ်ယောက်ရဲ့ဘ၀ကို ချည်နှောင်ဆက်ထုံးထားတဲ့ မေတ္တာတရားကို အလှဆုံး ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်…

စာမျက်နှာ

392

စာအုပ်အရွယ်အစား

5.5 × 0.7 × 8.3 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်း၊ ၂၀၂၃ဩဂုတ်၊ (စတုတ္ထအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

31.8.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 9000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

15 in stock

Ex-pect အား ဝေဖန်သုံးသပ်မှု 59 ရှိပါသည်။

  1. Su Myat.T (verified owner)

    အရမ်းကောင်းတဲ့စာအုပ်လေးတစ်အုပ်ပါ အရမ်းလည်းကြိုက်ပါတယ် ပထမဆုံးဝယ်ဖတ်ဖူးတဲ့ bl စာအုပ်လေးးး စာအုပ်တွေဖတ်ရတာမကြိုက်တဲ့ ကိုယ့်ကိုခဏခဏဖတ်အောင်စွဲဆောင်နိုင်တယ် ကြိုက်လွန်းလို့ဖတ်ပြီးသွားတာတောင် သတိရတိုင်းပြန်ပြန်ဖတ်ဖြစ်တယ် ပိုင်နဲ့တချန်းကိုလည်း အခါခါဖတ် အခါခါမြတ်နိုးမိတယ်…

  2. Leo

    တကယ်ကို ရင်ထဲစွဲခဲ့တဲ့ စာအုပ်စာအုပ်လေး မြတ်နိုးရသော တချန်းနဲ့ ပိုင်သုတ တို့ရဲ့ ချစ်ခြင်းတရားတွေကို မြင်တွေ့နိုင်ပါတယ်

  3. Moe San Dar

    ကိုယ့်အတွက်အကြိုက်ဆုံးစာအုပ်လေးဆိုတာထက်
    မြတ်နိုးခဲ့ရတဲ့စာအုပ်လေးပါ
    အမြဲဖတ်နေမိတာတောင်မရိုးသွားဘူး
    LGBT supporter တစ်ယောက်ဖြစ်တဲ့ကိုယ့်အတွက်တော့
    ဒီစာအုပ်လေးရဲ့တန်ဖိုးကိုမဖြတ်ရဲလောက်အောင်အထိပါဘဲ

  4. Mya Kyi Kyi San

    တကယ်ကိုလူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးလေးကိုမှသိပ်သဘောကျရတဲ့စာအုပ်လေးပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဆုခြည်ကို စာအုပ်များ