ဒုဇ္ဇန

( 0 မှတ်ချက်)

8000 (ကျပ်)

အပြစ်မဲ့သူများက နစ်နာခံစားခဲ့ကြရသည်။ ဖြူစင်သော ကလေးဘဝကို မပိုင်ဆိုင်ခဲ့ရသဖြင့်… အကြမ်းဖက်ခံခဲ့ရသဖြင့်… အချို့မှာ မိခင်၏ စွန့်ပယ်မှုကို ရင်ဆိုင်ရသဖြင့်.. ပတ်ဝန်းကျင် အသိုင်း အဝိုင်းက နှိမ်ချ ဆက်ဆံခဲ့သဖြင့်.. စသည့် များစွာသော အကြောင်းရင်း များက ပြစ်မှုများကို ပေါ်ပေါက်စေခဲ့သော အကြောင်းရင်းများ ဖြစ်သည်က များသည်။ နိုင်ငံပေါင်းများစွာမှ လူများ၏ တကယ့်ဖြစ်ရပ်မှန်အကြောင်းများကို စာအုပ်တစ်အုပ်အဖြစ် ပြုစုခဲ့ရာတွင် မယုံနိုင်ဖွယ် အကြောင်းတရားများကို တွေ့မြင်ရသည်။ သူတကာထက် ဉာဏ်ရည်ကောင်းသော.. ရုပ်ရည်ပြေပြစ်သော.. အပြောအဆို ဆက်ဆံရေးတွင် ညက်ညောပြေပြစ်သော သူများသည် တစ်မူထူးနေလေ့ရှိကြသည်။ ထိုသူများသည် လူ့ ပတ်ဝန်း ကျင်၌ အများသူငါကြားထဲတွင် ယုံကြည်နိုင်လောက်သောသူများအဖြစ် ရှင်သန်နေထိုင်ကြရင်းဖြင့်ပင် လျှို့ဝှက်သော သူတို့စိတ်ရိုင်းများကို သိုသိပ်စွာ ဖုံးကွယ်ထားနိုင်ကြကြောင်းကို ဤစာအုပ်တွင် မူရင်း အချက်အလက်များစွာဖြင့် ဘာသာပြန် ဖော်ပြထားသည်။ ဒုဇ္ဇနများ၏ ရန်မှ ကင်းဝေးစေလိုသော ဆန္ဒဖြင့် ရေးသားထားပါသည်။မှုခင်းနှင့် ဆေးမှုခင်းသိပ္ပံပညာကို စိတ်ဝင်စားကြသူများ၊ မှုခင်းကျူးလွန်သူများနှင့် စိတ်ပညာကိုတွဲကာ တစေ့တစောင်းလေ့လာလိုသူများအတွက်လည်း စိတ်ဝင်စားဖွယ်ရာ စာအုပ်တစ်အုပ်ဖြစ်သည်။

စာမျက်နှာ

343

စာအုပ်အရွယ်အစား

5.5 x 0.7 x 8 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2022ဩဂုတ်လ (ပ-ကြိမ်)

4 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဒုဇ္ဇန” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ချိုပိန်းနောင် စာအုပ်များ