Essential English Patterns in Speaking & Writing

( 0 မှတ်ချက်)

6000 (ကျပ်)

အင်္ဂလိပ်စကားကို နဖူးတွေ့ ဒူးတွေ့ ပြောကြပြီဆိုတော့… လျှာလေး အာလေး (tongue-tied) ပြဿနာ၊ စာရေးရာမှာ… အသုံးအနှုန်း (Expressions) အမှား၊ သဒ္ဒါပုံစံ (Grammatical pattern mistakes) အမှားတွေ ကျူးလွန်တတ်ကြတယ်။

အင်္ဂလိပ်လူမျိုးတို့ ပြောလေ့ပြောထမရှိသော၊ မြန်မာစကားမှ တိုက်ရိုက်ပြန်ဆို ပြောခြင်းမျိုး၊ အင်္ဂလိပ်လူမျိုး ရေးထုံးမရှိသောစာကြောင်းများ၊ ကိုယ်ပိုင်တီထွင်ရေးမှုတွေကို ရှောင်ရမှာ ဖြစ်ပါတယ်။ ဒီစာအုပ်က အင်္ဂလိပ်စကားပြောနှင့် စာရေးခြင်းအတွက် အကျိုးဖြစ်ထွန်းမှာသေချာတဲ့ အရေးပါပုံစံပွားများ (Essential English Patterns) တွေကို လေ့လာရမှာဖြစ်ပါတယ်။

ထပ်ခါတလဲလဲ ပြောဆိုခြင်း၊ အကြိမ်ကြိမ် ရေးသားခြင်းဖြင့် အခက်အခဲကို ကျော်လွှားနိုင်မှာပါ။ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာချဉ်းကပ်နည်း (Bilingual Approach) သုံးထားလို့ လေ့ကျင့်ရလွယ်ကူပါတယ်။ Patterns ပုံစံတစ်ခုကို ဥပမာတစ်ကြောင်းပဲ ရေးပြထားပြီး လေ့ကျင့်ဖို့ (၁၅) ခု ပေးထားတာမို့၊ လေ့လာသူတွေအတွက် လေ့ကျင့်ရာ ကွင်းသဖွယ် ဖြစ်လာမှာပါ။

စာမျက်နှာ

152

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 စက်တင်ဘာလ (ပထမအကြိမ်)

26 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“Essential English Patterns in Speaking & Writing” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဂျက်ဖရီဝင်း စာအုပ်များ