


စာစီစာကုံးအတွေးနှင့်အရေး
2500 (ကျပ်)
စာစီစာကုံးခြင်းသည် စာအရေးအသားစွမ်းရည်များတွင် အဆင့်မြင့်ဆုံးနှင့် အနက်နဲဆုံးဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် စာစီကုံးခြင်းဟူသော စွမ်းရည်တွင် အရေးအသား စွမ်းရည်များဖြစ်သည့် လက်ရေးလက်သားပီသလှပမှု၊ စာလုံးပေါင်းသတ်ပုံ မှန်ကန်မှု၊ ဝေါဟာရအသုံးအနှုန်း မှန်ကန်ထိရာက်မှု၊ ဝါကျကို ရေးထုံးစည်းကမ်းများနှင့်အညီ ရေးဖွဲ့မှု၊ အကျဉ်းကို အကျယ်၊ အကျယ်ကို အကျဉ်းဖြစ်အောင် ရေးသားမှုတို့သည် အလိုလို အကျုံးဝင်လျက်ရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် စာစီစာကုံး ရေးသားသူသည် ဖော်ပြပါ အရေးစွမ်းရည်များနှင့် မိမိ၏ အတွေးနှင့် စိတ်ကူးများကို လှလှပပ ဖွယ်ဖွယ်ရာရာ အချိုးညီညီနှင့် နေရာတကျဖြစ်အောင် ရေးသားရန်လည်း လိုအပ်ပေသည်…
အတွေးရှင်းမှ အရေးရှင်းလျက်၊ အရေးရှင်းပါမူ စိတ်ကူးရသော အတွေးသည်လည်း ပေါ်လွင်မည်ဖြစ်ရာ စာစီစာကုံးအတွေးနှင့် အရေး၏ ဆက်စပ်ပုံကို လေ့လာရန် လိုအပ်မည်ဖြစ်ပေသည်…
အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျာင်းသူတို့အတွက် စာစီစာကုံး ရေးပုံရေးနည်း၊ တွေးပုံတွေးနည်းနှင့်တကွ နမူနာပြစာစီစာကုံးများ၊ မှတ်ဖွယ်မှတ်ရာ စာကဗျာများ ပါဝင်သည့် ယခုစာအုပ်ကို မြန်မာစာ စာစီစာကုံးရေးသားမှုနှင့်ပတ်သက်ပြီး အကောင်းဆုံးလေ့လာနိုင်သည့် စာအုပ်လေးအဖြစ် ညွှန်းပါရစေ…
စာမျက်နှာ | 160 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်း၊ 2019 နိုဝင်ဘာလ၊ (ပ-ကြိမ်) |
8 in stock
ပျဉ်းမနားမောင်နီသင်း စာအုပ်များ
-
ပျဉ်းမနားမောင်နီသင်း
ကျားကလေးစုတ်ဖွား
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ပျဉ်းမနားမောင်နီသင်း
မြစံပယ်နှင့်အခြားပုံပြင်များ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ပျဉ်းမနားမောင်နီသင်း
စာစီစာကုံးအတွေးနှင့်အရေး
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ