ENRICH YOUR ENGLISH FOR PERSONAL DEVELOPMENT
4500 (ကျပ်)
ထိုစာအုပ်တွင် အင်္ဂလိပ်စာကို ယခုမှစတင်လေ့လာသူများ ၊ အင်္ဂလိပ်စာ လေ့လာသည်မှာ ကာလကြာသော်လည်း မိမိကိုယ်မိမိ အင်္ဂလိပ်စာမှာ တိုးတက်မှု ကောင်းစွာမရသေးဟု မှတ်ယူနေသူများအတွက် အင်္ဂလိပ်စာမှာ တိုးတက်နည်းဆိုင်ရာ အကောင်းဆုံး အကြံပြုချက်များကို စာရေးသူတို့က မိမိတို့၏ အင်္ဂလိပ်စာလေ့လာမှု သင်ကြားမှု အတွေ့အကြုံများမှ အကာပစ် အနှစ်ထုတ်ကာ ရေးသားဖော်ပြခဲ့ကြပါသည်။ယခုစာအုပ် Enrich Your English For Personal Development တွင်အင်္ဂလိပ်သာဘာစကား အခြေခံ ရရှိပြီးသူများကို အင်္ဂလိပ်စာသင်ဘာသာစကား တက်မြောက်မှုအဆင့်ကို မြှင့်တင်ပေးမည့် နည်းနာနိဿယများကို ဖော်ပြထားပါသည်။Vocabulary (ဝေါဟာရ)စုဆောင်နည်းများ၊ Reading (စာဖတ်ခြင်း)တွင်ကျယ်ကျယ်ပြန့်ပြန့် စာဖတ်ရှုနည်းများ၊ Critical Reading စာကို စိစစ်ဝေဖန် ဖတ်ရှုနည်းများ၊ Writing တွင် မိမိ၏စာအရေးအသားကို အဆင့်မြှင့်ရေးသားနည်း၊ Trans Lating တွင်ဘာသာပြန်နည်းများ good language learner ဘာသာစကားကို ကောင်းစွာလေ့လာသူတွေမှာ တွေ့ရလိမ့်ရှိသော အမူအကျင့်ကောင်း ၅ ချက်၊dic-tionary habit အဘိဓာန် ကြည့်ရူသည့် အလေ့အကျင့်၊ Online Resources တွင်အင်္ဂလိပ်စာဘာသာစကားကို လေ့လာရာတွင် အထောက်အပံ့ကြီးကြီးပေးနိုင်သည့် အင်တာနက်ပေါ်တွင် ရှာဖွေလေ့လာနိုင်သော အင်္ဂလိပ်စာအထောက်ကူ Website များ၊ အင်္ဂလိပ်ဘာသာစကား သင်ကြားရေးအဖွဲ့အစည်းများအကြောင်း စုံလင်စေ့ငအောင်ဖော်ပြပေးထား၍ ယင်းတို့ကို အသုံးပြုနည်းကို Self-study လုပ်နည်းများကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါသည်။
စာမျက်နှာ | 177 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.4 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | City Discovery Publishing၊ 2022 ဖေဖော်ဝါရီလ၊ (ပ-အကြိမ်) |
12 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ