ဆင်ကလေးရဲ့နောင်တ

( 0 မှတ်ချက်)

4000 (ကျပ်)

ဒီစာအုပ်လေးထဲမှာဆိုရင် တစ်ပါးသူအပေါ်မှာ စာနာတတ်ဖို့၊ နေရာတိုင်းမှာ ကိုယ့်စိတ်နဲ့ချည်း မတိုင်းတာဖို့၊ ရင်းနှီးချစ်ခင်စွာ နေထိုင်တတ်ဖို့ စတဲ့ သင်ခန်းစာမျိုးတွေကို ရရှိစေပါလိမ့်မယ်။ နှစ်လိုစွဲမှတ်ဖွယ် ပုံပြင်လေးတစ်ပုဒ်ဖြစ်ပြီး အင်္ဂလိပ် – မြန်မာ နှစ်ဘာသာနဲ့ ရေးထားတာဖြစ်လို့ အင်္ဂလိပ်စာကိုပါ တစ်ပါတည်း လေ့လာပြီးသား ဖြစ်စေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

ဖေဖေမေမေတိုင်းဟာ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို တခြားသူတွေထက် ပိုပြီးထူးချွန်ထက်မြက်စေချင်ကြတာ သဘာဝပါပဲ။ ဗီဇဆိုတာ အရေးပါပေမဲ့ ကလေးသဘာဝ လေ့လာသင်ယူမှုတွေကလည်း လိုအပ်နေပါသေးတယ်။

လူကြီးမိဘတွေအနေနဲ့ ”ဒါကို မလုပ်နဲ့၊ ဒါကို လုပ်” ဆိုပြီး ပြောဆိုဆုံးမလို့ ရတာတွေ ရှိသလို အဲဒီလိုပြောဆိုဆုံးမလို့ မရနိုင်တဲ့ အစိတ်အပိုင်းလေးတွေလည်း များစွာရှိနေတတ်ပါတယ်။ တချို့ အကြောင်းတရားတွေဆိုရင် တိုက်ရိုက်ပြောဆိုဆုံးမတာမျိုး မလုပ်ဘဲ ကလေးသဘာဝ နားလည်လွယ်မယ့်၊ စွဲမှတ်လွယ်မယ့်၊ ရင်ထဲမှာ ကိန်းဝပ်လွယ်မယ့် ပုံတိုပတ်စလေးတွေနဲ့ သိုင်းခြုံသွန်သင်ပေးသင့်ပါတယ်။

ဥပမာ – ပုံပြင်လေးတွေ ပြောပြတာ၊ ပုံပြင်စာအုပ်လေးတွေ ပေးဖတ်တာ၊ ပုံပြင်ပြီးတာနဲ့ ကလေးတွေအတွက် သင်ခန်းစာလေးတွေ ပေးတာ၊ ပုံပြင်ကနေ ကလေးတွေအနေနဲ့ ဘယ်လိုအသိတွေ ရသလဲလို့ မေးပြီး ထိရောက်မှုကို စစ်ဆေးတာ စသဖြင့် လုပ်ဆောင်ခြင်းမျိုးတွေဟာ နုနယ်သေးတဲ့ ကလေးငယ်တွေအတွက် မြောက်မြားစွာသောအကျိုးတွေကို ဖြစ်ထွန်းစေပါတယ်။

 

စာမျက်နှာ

16 (မြန်မာ+အင်္ဂလိပ်)

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2024 ဇူလိုင်လ (ပထမအကြိမ်)

15 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆင်ကလေးရဲ့နောင်တ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

စောယန်ထူး စာအုပ်များ