အဲလ်ဘတ်အိုင်းစတိုင်း
5000 (ကျပ်)
“သဘာ၀သည် ကောက်ကျစ်စဉ်းလဲခြင်းမရှိ။ ကွေ့ကွေ့ကောက်ကောက်နှင့် နောက်တီးနောက်တောက်လည်း မပြုတတ်။ သူ့သဘောသူဆောင်ရာတွင် အလွန်တရာ ဖြောင့်စင်း၏။ ရိုးသားတည့်မတ်၏”
– အဲလ်ဘတ်အိုင်းစတိုင်း
အဲလ်ဘတ်အိုင်းစတိုင်းကို ဂျာမနီနိုင်ငံ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၂၀ ရာစု၏ အထင်ရှားဆုံး ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်ပြီး ရူပဗေဒပညာရပ်ကို လုံး၀ ပြောင်းလဲသွားစေခဲ့သည့် သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။ ငယ်စဉ်က ကျောင်းစာသင်ကြားမှုတွင် ပျော်ရွှင်ထူးချွန်မှု မရှိခဲ့သော်လည်း သီအိုရီသဘောတရားဆိုင်ရာ သိပ္ပံပညာရှင်အဖြစ် သူ၏ ကြီးမြတ်သော ပါရမီကို သက်သေပြခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် အလင်းလျှပ်စစ်အကျိုး ဖော်ထုတ်တွေ့ရှိမှုအတွက် နိုဘယ်လ်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။ သို့သော် သူ၏ အကျော်ကြားဆုံး သီအိုရီမှာ ၁၉၀၅ ခုနှစ်တွင် တင်ပြခဲ့သည့် နှိုင်းရသီအိုရီ (Relativity Theory) ဖြစ်သည်။ အဏုမြူဗုံး ထုတ်လုပ်နည်းသည် အိုင်းစတိုင်း၏ ကမ္ဘာကျော်ညီမျှခြင်းဖြစ်သည့် E=mc2 ဆိုသည့် ဒြပ်ထုစွမ်းအင်တူညီခြင်း နိယာမတရားပင်ဖြစ်သည်။ သူ့သီအိုများကြောင့် ရူပဗေဒပညာရပ်၏ ဘာသာရပ်ခွဲအားလုံးနီးပါး ပြောင်းလဲခဲ့ကြသည်။ ယနေ့ခေတ်သုံး လေဆာများ၊ တယ်လီဗေးရှင်း၊ ကွန်ပျူတာများ၊ အာကာသခရီးသွားလာမှုများနှင့် များစွာသော အခြားအရာများသည် အိုင်းစတိုင်း၏ သီအိုရီများမှတဆင့် တိုးတက်ဖွံ့ဖြိုးလာခဲ့ခြင်းဖြစ်သည်။
စာမျက်နှာ | 160 |
---|---|
စာအုပ်အရွယ်အစား | 5.3 × 0.5 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2023 ဇန်နဝါရီလ (ဒုတိယအကြိမ်) |
18 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ