အဲလ်ဘတ်အိုင်းစတိုင်း
3500 (ကျပ်)
၂၀ ရာစုတွင် ရူပဗေဒပညာရပ်ကို လုံးဝပြောင်းလဲသွားစေခဲ့သော သိပ္ပံပညာရှင်တစ်ဦးဖြစ်လာမည့် အဲလ်ဘတ်အိုင်းစတိုင်းကို ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့ တွင် ဂျာမနီနိုင်ငံ အမ်းမြို့တွင် မွေးဖွားခဲ့ပါသည်။ ငယ်စဉ်က ကျောင်းစာသင်ကြားမှုတွင် ပျော်ရွှင်ထူးချွန်မှု မရှိခဲ့သော်လည်း သီအိုရီသဘောတရားဆိုင်ရာ သိပ္ပံပညာရှင်အဖြစ် သူ၏ကြီးမြတ်သောပါရမီကို သက်သေပြခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် တင်ပြခဲ့သော နှိုင်းရသီအိုရီ(Relativity Theory) မှာ အကျော်ကြားဆုံးဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် အလင်းလျှပ်စစ်အကျိုးဖော်ထုတ်တွေ့ရှိမှုအတွက် နိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရသည်။ အဏုမြူဗုံးထုတ်လုပ်နည်းသည် အိုင်းစတိုင်း၏ ကမ္ဘာကျော်ညီမျှခြင်းဖြစ်သည့် E= mc2 ဆိုသည့် ဒြပ်ထုစွမ်းအင်တူညီခြင်း နိယာမတရားပင်ဖြစ်သည်။ ယနေ့ခေတ်သုံး လေဆာများ၊ တယ်လီဗေးရှင်း၊ ကွန်ပျူတာများ၊ အာကာသခရီးသွားလာမှုများနှင့် များစွာသော အခြားအရာများသည် အိုင်းစတိုင်း၏ သီအိုရီမှတဆင့် တိုးတက်ဖွံံဖြိုးလာခဲ့ပြီး ရူပဗေဒပညာရပ်၏ ဘာသာရပ်ခွဲအားလုံးနီးပါးပြောင်းလဲခဲ့ကြသည်။
စာမျက်နှာ | 199 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.4 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2019 ဒီဇင်ဘာလ (ပ-ကြိမ်) |
Pyae Sone Thu –
ဗဟုသုတရပါတယ္
Aung Phyo Naing –
ဗဟုသုတရမှာပေါ့