အတ္တ=ရန်သူ

( 2 မှတ်ချက်)

4000 (ကျပ်)

Marc Ecko (Ecko United နဲ့ Complex ကိုတည်ထောင်ခဲ့သူ) ၏ အဆိုအရ….. ”မျက်မှောက်ခေတ်မှာ မာနထောင်လွှားပြီး ဘဝင်မြင့်တာတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတာ အားလုံးအသိပါ။ အဲဒီစိတ်ထားရဲ့ နောက်ကွယ်မှာ ရပ်တည်နေတာကတော့ အတ္တပေါ့။ အဲဒီစရိုက်ဆိုးက တီထွင်ဖန်တီးလိုစိတ်နဲ့ အားတက်သရော ကြိုးစားအားထုတ်မှုတွေကို လောကအတွင်းမှ ဖယ်ရှားပစ်ဖို့ ကြံရွယ်နေတာလည်း ရေးပြနေစရာတောင် လိုမယ်မထင်တော့ပါဘူး။ ဒါကြောင့် အဲဒီမိစ္ဆာကောင်က မိတ်ဆွေနဲ့တကွ အပေါင်းအသင်း ချစ်ခင်ရသူတွေရဲ့ ကောင်းသောအလုပ်အကိုင် အကြံအစည်တွေကို မဖျက်ဆီးနိုင်အောင် Ego is the Enemy ကို ကြိုတင်ဖတ်ရှုထားဖို့ လိုအပ်ပါလိမ့်မယ်။ စာအုပ်ဆုံးသွားတဲ့အခါ သင် ဖန်တီးထားသမျှကို တစ်စစီဖြစ်အောင် ချေမှုန်းသွားနိုင်တဲ့ အတ္တမည်သောရန်သူကို အနိုင်တိုက်နိုင်တဲ့ နည်းလမ်းများကို ရှာဖွေတွေ့ရှိလာမှာ သေချာသလောက်ပါ”။

အမေရိကန်နိုင်ငံသား နာမည်ကျော် ဘတ်စကက်ဘောနည်းပြဆရာကြီး George Raveling ရဲ့ အဆိုက… ”ဒီစာအုပ်ကို အားကစားသမား၊ ထိပ်ဆုံးရောက်အောင် တက်လှမ်းဖို့ရည်ရွယ်ထားကြတဲ့ နိုင်ငံရေးခေါင်းဆောင်၊ ဧရာမစီးပွားရေးလုပ်ငန်းကို ဦးဆောင်ဦးရွက်ပြုနေသူ၊ တွေးခေါ်ပညာရှင်၊ အပြောမဟုတ် လက်တွေ့လုပ်နေသူအားလုံး မလွတ်တမ်းဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ ရိုင်ယန်ဟာ သူနဲ့ ခေတ်ပြိုင်စာရေးဆရာတွေထဲမှာတောင် အလားအလာအကောင်းဆုံးနဲ့ အတောက်ပြောင်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်”။

စာရေးဆရာ Robert Greene ရဲ့ အမှာစကားမှာတော့… ”Ego is the Enemy စာအုပ်ဟာ လူသားတွေရဲ့ တတ်သိနားလည်မှုနဲ့ တိုးတက်လိုတဲ့ ဆန္ဒတွေကို အကြီးအကျယ် ဟန့်တားပိတ်ဆို့နေသော အရာဖြစ်တဲ့ အတ္တကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပြလိုက်ပါပြီ။ တစ်နည်းပြောရရင် မနုဿတို့ရဲ့ အတောမသတ်နိုင်သောလောဘကို ချိုးနှိမ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ဖြောင့်ဖြောင့်တန်းတန်းလျှောက်လှမ်းနိုင်အောင် လမ်းညွှန်လိုက်တယ်ဆိုပါတော့။ သူ့ရဲ့လက်တွေ့ကျလှတဲ့ နည်းလမ်းတွေက လူသားတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ ကိန်းအောင်းနေလေ့ရှိသော အတ္တမာနဆိုတဲ့ မိစ္ဆာကောင်ကို သုတ်သင်ဖယ်ရှားနိုင်တဲ့ အကောင်းစားလမ်းညွှန်ချက်တွေလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်မှသာ လူတိုင်းဟာ မိမိအတွက် အရေးအကြီးဆုံးအရာတွေအပေါ်မှာ အာရုံစိုက်နိုင်ဖို့ လွယ်ကူသွားပါလိမ့်မယ်။ ဒါမှ အကောင်းဆုံးသော လုပ်ဆောင်ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှာ သေချာတာပေါ့”…လို့ ဆိုညွှန်းထားပါတယ်။

စာမျက်နှာ

240

စာအုပ်အရွယ်အစား

5.5 x 0.6 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2020 ဇန်နဝါရီလ (ဒု-ကြိမ်)

Out of stock

အတ္တ=ရန်သူ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Ko Khant

    ကိုယ့်မှာ ဘာစူပါ ပါဝါမှ မရှိဘူး ဆိုတာပဲ
    ကိုယ်က ဘာမှထူးခြားမနေဘူး ဆိုတာ သိနေဖို့

    အဲစာကြောင်းလေးက ခုထိမေ့မရတုန်း
    စာရေးဆရာလိုပဲ တက်တူးပါ ထိုးထားချင်လာတယ်

  2. thantsinaung

    ကို့စိတ်ကိုဘယ်လောက်လုပ်နိုင်ခဲ့ပြီလဲ
    သုံးသပ်မိတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကျော့မောင်(မင်္ဂလာတောင်ညွန့်) စာအုပ်များ