ဒုလ္လဘကျင့်စရာ မြတ်ဒေသနာ

( 0 မှတ်ချက်)

10000 (ကျပ်)

ဤစာအုပ်သည် ဒုလ္လဘရဟန်းတော်များ အတွက် မရှိမဖြစ် ဆောင်ထားရမည့် ၊ ဖတ်ရှုလေ့လာ လိုက်နာ ကျင့်ဆောင်ရမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည် ။ ဒုလ္လဘ ရဟန်း၏ အနှစ်သာရ ကို မသိ၊ ရဟန်းတို့ ကျင့်အပ်သော ဝိနည်းသိက္ခာပုဒ်များကို မလေ့လာ ၊ နေချင်သလိုနေပြီး လူထွက်သွားသောအခါ အပြစ်တွေ ၊ အာပတ်တွေ တန်းလန်းနဲ့ ထွက်သွားရသောကြောင့် အပြစ်တွေ ပိုကြီးလာနိုင်ပါတယ်အကုသိုလ် ကို ပိုက်ဆံပေးဝယ်သလို ဖြစ်နေပါတယ်။
ဒုလ္လဘရဟန်းတော်တွေက သိမ်ထဲမှာ ဥပဇ္စျာယ် ဆရာတော် ပြောပြတဲ့ ဆောင်ရမည့် ပစ္စည်းလေးပါး နဲ့ ရှောင်ရမည့် လေးပါးလောက်ကိုသာ သိကြပြိး ကျန်တဲ့ သိက္ခာပုဒ်တွေကို မသိတော့ တောင်လုပ် မြောက်လုပ်ဖြင့် အပြစ်တွေ ကျူးလွန်မိကုန်ပြီ၊ ကုသိုလ် ရချင်လို့ ဒုလ္လဘ ဝတ်ပါမှ ကုသိုလ် မရဘဲ ငရဲပါကြီးနေပြီ ။ အဆိုပါ အကြောင်းများကြောင့် အရှင်ပညာသိရီ သည် “တစ်နေ့ကျရင် ဒုလ္လဘရဟန်းတွေ အတွက် အရေးကြီးတဲ့ သိက္ခာပုဒ် အချို့နဲ့ ဝတ်ပုံ စားပုံ ၊ နေပုံ ထိုင်ပုံ စတာတွေပါတဲ့စာမျိုး ရေးဦးမယ်” ဟု တွေးမိခဲ့ပြီး ယခု စာအုပ် ဖြစ်ပေါ်လာပါသည် ။ ဒုလ္လဘ ရဟန်းတော်များ နှင့် ဒုလ္လဘ ကိုရင်လေးများ အတွက်ကို အဓိကရည်ညွှန်းပြီး ရေးသားထားခြင်း ဖြစ်သည့်အတွက်
၁။ ဘုရားရှိခိုး ဝတ်ရွတ်စဥ်များ
၂။ ရွတ်ဖတ်စရာ ပရိတ် ပဌာန်းများ
၃။ ဝိနည်းအကျဥ်း နှင့် ဝိနည်း အကြောင်းအရာများ
၄။ သမထ၊ ဝိပဿနာကျင့်စဥ်များ
၅။ ဒုလ္လဘ နှင့် ပတ်သက် စပ်ဆက်သော သိမှတ်ဖွယ်ရာများ
၆။ ရှေးသူတော်ကောင်းကြီးများ၏ နေပုံ၊ ထိုင်ပုံ၊ စိတ်နေစိတ်ထားပြဇာတ်တော် ဝတ္ထုများ စသည်ဖြင့် အတတ်နိုင်ဆုံး စုံလင်အောင် ဖော်ပြထားပါသည် ။
• ဤ စာအုပ် သည် သိမ်ထဲက ထွက်သည်နှင့် တစ်ပါးတည်း အေးအေးဆေးဆေး နေလိုသူတို့အတွက် ဆရာသမားကောင်းသဖွယ် လမ်းညွှန် ပြသ ဆိုဆုံးမမှုများ ပေးစွမ်းနိုင်သူ အဖြစ်လည်း ရပ်တည်ပေးပါလိမ့်မည် ဖြစ်ပါသည်။

စာမျက်နှာ

291

စာအုပ်အရွယ်အစား

5.2 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဝန်ဇင်းစာပေ ၊ 2024 ဧပြီလ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဒုလ္လဘကျင့်စရာ မြတ်ဒေသနာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အရှင်ပညာသိရီ စာအုပ်များ