Eat Me

( 1 မှတ်ချက်)

4000 (ကျပ်)

“ဘဲရုပ်ဆိုးတစ်ကောင်ရဲ့ အကျည်းတန်တဲ့ ရှင်သန်ရာ နှစ်ကာလတိုလေးတစ်ခုအတွက်
လိုတိုရှင်းကောက်စာလေး တစ်ကြောင်းတစ်လေတောင် ရှိမနေခဲ့တာဟာ သိပ်ပြီးလည်းအထူးအဆန်း ဖြစ်မနေတော့ပါဘူး။

မောင်ချောနွယ်လို ချစ်လှစွာသော လောကဓံတရားရေ ဆိုပြီး စကားလုံးတွေ ချန်ထားခဲ့ဖို့ကျလည်း ဒီကမ္ဘာလောကကြီးကို ကျွန်တော် မချစ်နိုင်ခဲ့ပြန်ဘူး ”

စာအုပ်နာမည် ထူးထူးခြားခြားနဲ့
Eat Me ဟာ ကိတ်မုန့်ရဲ့ စတုတ္ထမြောက်စာအုပ်ဖြစ်ပါတယ်။

ကိတ်မုန့်ရဲ့ ဝတ္ထုတိုတချို့ဟာ စာဖတ်သူများအကြား အငြင်းအခုန်ဖြစ်ရတဲ့အထိ လူပြောများခဲ့ဖူးပါတယ်။

ကိတ်မုန့်ဟာ သူ့ကိုယ်သူ စာရေးကောင်းသူထက် ဇာတ်ကြောင်းပြောသူပါဟု ဖော်ပြထားပြီး၊ သူရဲ့ ဝတ္ထုများဟာ ထူးခြားရမယ်၊ ကွဲပြားရမယ်၊ ကိတ်မုန့်၏ ဝတ္ထုများဟာ သူရဲ့ အတ္ထုပ္ပတ္တိမဖြစ်စေရ၊
သူ့ဘဝနဲ့ ဝေးကွာနိုင်သမျှ ဝေးရမယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ကိတ်မုန့်ဟာ သူ့မူလ ဂျုံခင်းထဲက ထွက်ရှိလာခဲ့ပြီး သဏ္ဍာန်ပြောင်းလဲမှုအဆင့်ဆင့်ကို ဖြတ်ကျော်ပြီးခဲ့တာတောင် သူ့ရဲ့ဝတ္ထုများဟာ သူ့ဘဝသူ့အဇ္စျတ္တသဘာဝနဲ့ ရာနှုန်းပြည့် မကင်းကွာနိုင်ခဲ့ပါဘူးတဲ့။

စာမျက်နှာ

152

စာအုပ်အရွယ်အစား

5.6 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 ဩဂုတ်လ (ပထမအကြိမ်)

18 in stock

Eat Me အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Ko Pauk Mdy

    “ကျွန်တော့်ကို စား ပါ “
    “ကျွန်တော့်ကိုစားပါ”ဆိုတာလေးကို Eat Me ဆိုပြီး ဘိုလိုရေးထားတဲ့ စာအုပ်ပန်းရောင်လေးက တနေ့ကမှရန်ကုန်ကနေ မူဆယ်ကို ကားစီးပြီးရောက်လာခဲ့ပါတယ်။
    ကိတ်မုန့်ကတော့ ရန်ကုန်တွင်သေဆုံးနိုင်သောနည်းပေါင်းတစ်ထောင်နဲ့ ကျွန်တော့်ကို ဖမ်းစားခဲ့ဘူးသူပေါ့။အရင်က စာအုပ်သုံးအုပ်ထွက်ဘူးတယ်ဆိုပေမယ့် ချစ်သော
    တစ်အုပ်သာပြန်ရှာလို့ရပြီးဖတ်ခဲ့နိုင်ပါတယ်။
    ချစ်သောက
    တော့ ဟိုးအရင်နှစ်တွေကတော့ အကြောင်းအရာ ကောင်းတစ်ခုလိုဖြစ်ခဲ့ပေမယ့် လက်ရှိအနေအထားအရ ဆိုရင်တော့ ဂွမ်းစာရင်းထဲ၀င်သွားနိုင်တဲ့ အကြောင်းအရာလို့ဆိုနိုင်ပါတယ်။ စာရေးသူတစ်ယောက်ရဲ့ အမြင် အတွေး အယူအဆတွေဟာ အချိန်အခါ တစ်ခုအပေါ်မှာမူတည်ပြီး မြင်တွေ့ကြားသမျှကိုသာခံစားရေးဖွဲ့တာဖြစ်တောင်ကြောင့် ရေးသမျှတိုင်းဟာ ခေတ်စံနစ်တစ်ခုနဲ့အမြဲတမ်းတော့ ထပ်တူကျနေမယ်မထင်ပါဘူး။
    လက်ရှိဖြစ်နေတဲ့အနေအထားတစ်ခုအပေါ်ကို ဘဲ စံထားပြီး အရင်ရေးခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်ပြီးသုံးသပ်ဆုံးဖြတ်မယ်ဆိုရင်တော့ သမာသမတ်ကျတဲ့အတွေးတစ်ခုမဟုတ်ဘူးလို့ကျွန်တော်ကတော့ ခံယူထားပါတယ်။
    ဘာလို့ဒီလိုပြောရသလဲ ဆိုရင် မြန်မာပြည်ရဲ့စာရေးသူအားလုံးဟာ ခေတ်အဆက်ဆက်တိုင်းမှာ ကန့်သတ်မူ့ဘောင်တစ်ခုအောက်ကဘဲ မိမိစိတ်ခံစားချက်တွေကို လှပသွယ်ဝုိက်စွာဖော်ပြခွင့်ရခဲ့ကြ
    လို့ပါဘဲ။ ပွင့်လင်းမြင်သာဆိုတဲ့ခေတ်ကြီးမှာတောင် ပွင့်လင်းလို့မရတာတွေအများကြီးရှိခဲ့ပါတယ်။
    စားပါ ဆိုပြီးချကျွေးထားတဲ့ စာအုပ်လေးထဲမှာ စားစရာ ( ၁၂) ခုတိတိပါ၀င်ပါတယ်။
    (၁) နယူးရန်ကုန် ကတော့ သွေးသားရောင်းချသူတွေရဲ့အကြောင်းကိုရေးထားတဲ့ အနာဂါတ်စိတ်ကူး ၀တ္တုပေမယ့်လည်း လက်ရှိဘ၀ အချိန်အတိုင်း အမှောင်ထဲမှာပါဘဲ။ အမျုိးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတဲ့ သင်္ကြန်အမြောက်လိုအဆံမပါတဲ့ လူကြားကောင်းအောင်အော်နေသံကိုနားထဲကြားယောင်လာသလိုပါဘဲ။ အရသာထူးသောမုန့်တခု။
    (၂) မပျံတတ်တဲ့ငှက်မည်းတစ်ကောင်ရဲ့ပြူတင်းပေါက် ကတော့ အမှောင်ရိပ်ထဲက မလွတ်မြောက်နိုင်သေးတဲ့လူတစ်ယောက်ရဲ့အတွေးစလေးတွေပါ။
    “ တစ်ခုခုဆို အရူံးပေးထွက်ပြေးတာကို နောက်ဆုံးမှ စဉ်းစား အရင်ဆုံး Run ထက် Fightကိုရွေးပါ “ဆိုတဲ့စာသားလေးကိုဖတ်ရတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တက်လာတဲ့ သတင်းတွေထဲကတံတားပေါ်မှာချန်ထားခဲ့ တဲ့ စက်ဘီးလေးရယ် ဖိနပ်လေးရယ် မီးခြစ်လေးရယ်ကိုမျက်စေ့ထဲမြင်လာမိတယ်။ ဘယ်သူတွေကဘယ်လိုဘဲတရားပြပြ ဘယ်လိုဘဲတရားချချ လက်တွေ့ခံစားနေရတာကို ကိုယ်တိုင်ဘဲသိရှိတာဆိုတဲ့ အတွေးလေးကတော့ စိတ်ထဲရောက်လာခဲ့ပါတယ်။
    စားပြီး နင်သွားစေတဲ့မုန့်တစ်ခု။
    (၃) ပန်းခြောက် ကိုကျွန်တော်ဖတ်ပြီးတဲ့အခါ စိတ်ထဲမှာ ငါသာ သူ့နေရာမှာဆိုရင် ဆိုတဲ့အတွေးနဲ့ စိတ်တွေတောင် နင်လို့သွားမိပါတယ်။ ကျွန်တော်မဖတ်ဘူးသေးတဲ့ ထင်မထားတဲ့အကြောင်းအရာတစ်ခုပါ။ စားကောင်းတဲ့ မုန့်တစ်ခုပါ။
    (၄)ပျိုမမေ့ ပန်းကို ဖတ်နေတဲ့အခါမှာ မိုးကြိုပန်းနဲ့ပျိုမမေ့ပန်းအတူတူဘဲလားလို့တောင်ထင်မိပါရဲ့။
    ဒါပေမယ့် သေချာဖတ်ကြည့်မှာ မိုးကြိုက မိုးကြို ပျိုမမေ့က ပျိုမမေ့ပါ။ ဒီစာလေးဖတ်ပြီးတဲ့အခါမှာတော့ စားကောင်းတဲ့ မုန့်လေး ကသေးလွန်းတော့ စားမ၀ခင် ကုန်သွားတယ်လို့ခံစားရမိပါတယ်။ ဒီပျိုမမေ့ပန်းက ကျွန်တော်အမြင်အရ စာအုပ်တစ်အုပ်ဖြစ်အောင်ရေးရမယ့်အကြောင်းအရာလို့ ယူဆမိပါတယ်။ စားကောင်းနေတုန်းကုန်သွားတော့ မ၀လိုက်ဘူးဗျာ။
    (၅)ခြေစွတ်တစ်ဖက် ကတော့ ဖတ်နေတုန်းကတော့ စိတ်ခံစားချက်နောက်ကြောက်ကြောက်ရွံ့ရွံနဲ့လိုက်သွားပြီး အဆုံးမှာတော့ ပြုံမိရတဲ့ ထိအောင်ဖွဲ့ဆိုထားပါတယ်။ တစ်ကိုယ်တည်းလူပျိုကြီးများ တစ်ကိုယ်တော်ဇာတ်လမ်းကတဲ့အခါ မပေမပွအောင် နည်းပေးလမ်းပြလုပ်ထားတဲ့ မုန့်အသစ်။
    (၆)ဒြပ်၀တ္တုများအလယ်မှာကတော့ ငယ်သူငယ်ချင်းနှစ်ယောက်အရွယ်ရောက်ချိန်မှာ ဂုဏ်တံတိုင်းငွေတံတိုင်းပိုင်းဖြတ်ခြင်းခံရလိုက်ရတဲ့ စာလေးပါဘဲ။ စားပြီးတဲ့အခါ ရင်ထဲမှာဆို့နင့်။
    (ရ)Eat Me ကတော့ အစပိုင်းမှာ သရော်စာလို့ ထင်မိအောင် ကမ္ဘာကြီးကို လေနဲ့ပြုပြင်ပြောင်းလဲဘို့ကြိုးပမ်းနေတဲ့ လူတကာကို စဆရက လုပ်နေတဲ့ လူငယ်တစ်ယောက် အကြောင်းထင်မိပါတယ်။ နောက်တော့မှ ထွေပြားရူပ်ထွေးလှတဲ့လူလောကကြီးရဲ့ ခံစားချက်တွေကို တစစီဆွဲထုတ်ထားတဲ့အတွေးတွေပါ။ လူတစ်ယောက်ရဲ့ စေတနာနဲ့အားထုတ်မူ့တွေကို မျက်ကွယ်ပြုခြင်းခံရတဲ့အခါ ဖြစ်လာတဲ့ ခံစားချက်ကို အမိအရဖမ်းဆုပ်ထားတဲ့စာတပုဒ်ပါ။
    Eat me please နောက်မှာဘာတွေဆက်ဖြစ်မယ်ဆိုတာ သိချင်စိတ်နဲ့ မချင့် မရဲဖြစ်မိစေတဲ့ မုန့်တခုပေါ့။
    (၈)ဆုံဆည်းရန်လေးဖြည့်ပေးပါတော့ အခုခေတ်မှာ ပွင့်ပွင့်လင်းလင်းဖြစ်လာကြတဲ့ လိင်တူခြင်းရဲ့ ချစ်ခြင်းကို ချပြထားပြီး အတောင်နှစ်ဆယ်၀တ်မင်းယောက်ျားရဲ့ယုတ်မာမူ့ကိုဖော်ပြထားတဲ့ ကိုယ်မစားဘူးသေးတဲ့ အရသာ တွေပါတဲ့ မုန့်လေးတခုပေါ့။
    (၉)ပန် ကတော့ အစပိုင်းလေး မြည်းကြည့်ပြီး ကျွန်တော်ဆက်မစားတဲ့ မုန့်တခုပါ။ ဘာလို့လဲဆိုတော့ အရင်တစ်ချိန်စားခဲ့တုန်းက ကြိုက်နှစ်သက်တဲ့ အရသာ လေးပျောက်သွားမှာစိုးလို့ပါ။
    ကျွန်တော်မစားဘဲ ချန်ထားခဲ့တဲ့မုန့်တခုပါ။
    (၁၀)ပတ်ကြားအက်ဒဏ်ရာလက်တက်များကတော့ မြန်မာပြည်မှာအလုပ်မရနိုင်လို့ အခြားနိုင်ငံကိုသွားအလုပ်လုပ်ပြီး ပြန်လာတဲ့ လက်ကြောမတင်းတဲ့ လူငယ်တစ်ယောက်ကိုအခြေပြုပြီးရေးထားတာ။ ကိုယ့်သမိုင်းကိုယ်ရေးတာ ဂုဏ်သိက္ခာဆိုတာဘာလဲလို့ ထုတ်ပြထားတဲ့ စာတပုဒ်ပါ။ အရသာခါးခါးနဲ့စားကောင်းတဲ့မုန့်လေးပါ။
    (၁၁)ဖွင့်လှစ်ခြင်းအနုပညာ ကတော့ ခေတ်သစ်အနုပညာနဲ့ဆန့်ကျင်ရန်ခက်ခဲသော ဘောင်ပိတ်လူမူ့အတွေးအခေါ်တွေရဲ့တိုက်ပွဲပါ။ ဒီစာလေးကို ဖတ်ပြီး ခေးကြီးလုလုအောင်တို့ နန်းမွေစံတို့ ဇာကြီးတို့ရဲ့ ရဲတင်းခေတ်မီသော အတွေးအခေါ်တွေနဲ့ ပုံရိပ်တွေကိုတောင်မျက်စေ့ထဲမြင်လာစေတဲ့စာတစ်ပုဒ်ပါဘဲ။ ကျွန်တော်ကြိုက်တဲ့မုန့်လေးတခုပါ။
    (၁၂)ချစ်ကို ချစ်ပို ကတော့ ကောက်ရတဲ့ခွေးကလေးကိုအကြောင်းပြုပြီးဖြစ်တည်လာတဲ့ ပညာတတ်မိန်းကလေးတစ်ဦးရဲ့ခံစားချက်ပါ။ အခုခေတ်မှာ လူငယ်အများကြားမှာခေတ်စားလာတဲ့ ပရဟိတအကြောင်းအရာတံခါးတစ်ချပ်ကို ဖွင့်လှစ်ပြထားတဲ့ အရသာမဆိုးတဲ့စားစရာလေးတစ်ခု။အချုပ်ဆိုရရင်တော့ မုန့်ဗန်းလေးထဲမှာခင်းကျင်းထားတဲ့ မုန့်(၁၂)ခုမှာ စားဘူးပြီးသားဖြစ်လို့ မစားလိုက်တဲ့မုန့်လေးတစ်ခုကလွဲရင်သူ့အရသာနဲ့သူ သီးခြားဂုဏ်သတ္တိရှိတဲ့မုန့်လေးတွေမို့စားရတာနှစ်သက်စရာပါဘဲ။
    ဒီမုန့်လေးတွေကို နှစ်သက်စေဖို့အတွက် စာရေးသူဘက်က အားထုတ်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ထည့်မပြောရင် မပြည့်စုံပါဘူး။ စာတစ်ပုဒ်ခြင်း တစ်ပုဒ်ခြင်းစီမှာဂရုတစိုက်နဲ့ ရေးထားတဲ့စကားလုံးအဖွဲ့အနွဲ့လေးတွေကတော့ နှစ်သက်စရာအပိုဆောင်းပေးထားတဲ့ မုန့်ကလေးတွေပေါ့
    အဲ့တော့ အချူပ်ပြောရရင် စားပါလို့ပြောတဲ့ မုန့်လေးတွေကို ကျွန်တော်ကတော့စားပြီးပါပြီ။
    မိတ်ဆွေတွေရော စားမကြည့်ချင်ဘူးလားခင်ဗျ။
    ကိုပေါက်(မန္တလေး)
    18922

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကိတ်မုန့် စာအုပ်များ