အိပ်မက်ကလေး တရေးနိုး

( 2 မှတ်ချက်)

4500 (ကျပ်)

အိပ်မက်လှလှလေးတွေပဲ ဖြစ်စေ၊
အိပ်မက်ဆိုးတွေပဲ ဖြစ်စေ
အဲဒီအိပ်မက်ကနေ နိုးထလာတဲ့အခါ ကျနော်တို့တွေဟာ အဲဒီအိပ်မက်ကို ပြန်လည်ဖမ်းဆုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အိပ်မက်လှလှလေးတွေကနေ နိုးထရတဲ့အခါ မှောက်ကျသွားတဲ့ ဖန်ခွက်ထဲက နွားနို့တွေကို နှမြောတသနေရသလိုမျိုး… အိပ်မက်ဆိုးတွေကနေ နိုးထရတဲ့အခါ ဒီအဖြစ်ဆိုးကြီးက တကယ်မဟုတ်ခဲ့ပါလား ဆိုတဲ့ အသိနဲ့ သက်ပြင်းမောကို ကြိတ်ချလိုက်ရဖူးတဲ့ အဖြစ်မျိုး… ဘဝမှာ တချို့ ဖြစ်ရပ်တွေက အိပ်မက်သဖွယ် ပြန်လည်ဖမ်းဆုပ်ဖို့ မဖြစ်နိုင်တဲ့အခါ နှမြောတသရ၊ နာကျင်ကြေကွဲရ၊ သက်ပြင်းမောတွေ တဖွဖွချရ။
အိပ်မက်ကလေး တရေးနိုး… တဲ့။
အဲဒီအိပ်မက်ကလေးထဲမှာရော ဘယ်လို ပျော်ရွှင်ရခြင်းတွေ၊ နာကျင်ဝမ်းနည်းရခြင်းတွေ၊ နှမြောတသယူကျုံးမရ ဖြစ်ရခြင်းတွေ၊ အားမလို အားမရ ဖြစ်ရခြင်းတွေရှိနေမလဲ ဆိုတာကို စာအုပ်ကို ဖတ်ကြည့်ပါဦီးနေ်
စာမျက်နှာ

293

စာအုပ်အရွယ်အစား

5.5 × 0.7 × 8.4 inches

ပုံနှိပ်မှတ်တမ်း

ကောင်းသန့်စာပေ၊ 2021 ဖေဖော်ဝါရီလ

18 in stock

အိပ်မက်ကလေး တရေးနိုး အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Pyae Ar Kar

    လူတွေဟာ ခံစားချက်တစ်ခုကို မေ့ပျောက်ချင်တာနဲ့ ခံစားချက်အသစ်တစ်ခု ဖန်တီးယူပြီး မေ့ဖျောက်ပစ်တတ်သလား ဆိုတာကို ကျွန်တော် ဝေခွဲမရတော့ဘူး ၊ ကုစားလိုက်လို့ ပျောက်ကင်းသွားမယ်ဆို အသုံးချခံ ဖြစ်လိုက်ရတာ တန်ပေမယ့် တချို့ ဒဏ်ရာတွေက တစ်သက်လုံး စွဲထင်နေတဲ့ မျက်နှာပေါ်က အမာရွတ်လို မှန်ကြည့်တိုင်း ပြန်မြင်နေတဲ့အခါမျိုးကျတော့ ..
    ( စာဖတ်သူ ကျွန်တော့် ခံစားချက် )

    ” ကျွန်တော်အတွက် ချစ်ခြင်းမေတ္တာမပါတဲ့ Sex ကိစ္စဟာ တိရစ္ဆာန်တွေရဲ့ လုပ်ရပ်ပဲဗျ ” လို့ ခံယူထားတဲ့ လင်းခန့်မောင် .. ငယ်ငယ်က ကိုယ်တိုင်ကြုံ့‌ေတွခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် ဒီလိုအတွေးတွေနဲ့ ရှင်သန်ကြီးပျင်းလာခဲ့တယ် ..

    ဒီလိုအတွေးရှိနေတဲ့သူကိုမှ ကြုံတွေရတဲ့ ဖြစ်ရပ်‌တွေက လူ့ဘောင်၀န်းကျင်မှာပြောသလို ကြောက်တတ်တဲ့ အရာနဲ့ဆို တွေ့ကို တွေ့ရတတ်တယ်ဆိုတဲ့စကား တယ်မှန်ပါလားကွယ် ..

    သူဟာ သူ့ ငယ်ချစ်ဦးလို့ ခေါ်ရမယ့် ကောင်မလေးကိုပဲ မသိစိတ်ကရော သိစိတ်ကရော စွဲလမ်းမိနေတယ် .. ဒါပေမဲ့ သူသိပ်ချစ်ရတဲ့ ကောင်မလေးဟာ လူ့အသိုင်းအဝိုင်း ၀န်းကျင်မှာ လူလုံးထုတ်ပြလို့မရအောင် အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ မိန်းကလေးဖြစ်နေသတဲ့ ..

    သူဟာ ဆရာ၀န်တစ်ယောက်ဖြစ်တာကြောင့် အပေါင်းအသင်း မိတ်ဆွေတွေကြားမှာ မျက်နှာပြဖို့ ကောင်းမယ့် ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်ဖြစ်တယ် ..

    ဒါပေမဲ့ တကယ်တမ်း သူရင်ထဲမှာ တစ်ချိန်လုံးရှိနေတာက ခူးခူးဆိုတဲ့ ငယ်ချစ်ဦးကိုပဲ ..

    ဂုဏ်သိက္ခာနဲ့ ချစ်ခြင်းမေတ္တာတို့ရဲ့ ယှဉ်ပြိုင်ပွဲမှာ ဘယ်အရာက အလေးသာသွားမလဲ ဆိုတာကတော့ ..

    ဇာတ်လမ်းအပေါ် သုံးသပ်ကြည့်မိတာကတော့ လင်းခန့်မောင်ကို အစက သနားမိပေမယ့် တဖြည်းဖြည်း အတ္တကြီးတယ်လို့ မြင်လာမိတယ် .. သူခံစားရတာကို ကိုယ်ချင်းစာလို့ရပေမယ့် သူ့မှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချဖို့ မဝံ့ရဲနေသလို ခံစားမိတယ် ..

    ခူးခူးဆိုတဲ့ ကောင်မလေးကတော့ ဘ၀ပေး အခြေအနေအရ ပြောင်းလဲလို့ မရတော့တဲ့ သူ့ရဲ့ဖြစ်တည်မှုကို နားလည်ခဲ့တာကြောင့် သူချစ်ရတဲ့ လင်းခန့်မောင်ကို ခပ်ခွာခွာသာနေခဲ့တယ် .. သူ့ရင်ထဲကို မြင်မိလို့ အချစ်အတွက် ကံမကောင်းခဲ့သူပါလားလို့ သနားမိတယ် ..

    စာရေးသူရဲ့ ရှင်သန်ရာအနန္တဆီမှာ ဆိုတဲ့ဘာသာပြန် စာအုပ်ကလေးကို သဘောကျနှစ်ခြိုက်ခဲ့မိသလို ဒီစာအုပ်လေးဖတ်ပြီးတော့လည်း ရင်ထဲနင့်နေအောင် ခံစားမိတယ် …..

    #အိပ်မက်ကလေးတရေးနိုး
    #မိုးစက်ငြိမ်း
    #ဇလပ်နီစာပေ
    #မျက်နှာဖုံးပန်းချီနေမျိုးဆေး

    #PyaeArKar

  2. Shwe Zin Aung

    ဟုတ်တယ်..
    လူတွေဟာခံစားချက်တစ်ခုကိုမေ့ပျောက်ချင်တာနဲ့
    တခြားခံစားချက်အသစ်တစ်ခုကိုဖန်တီးယူပီးမေ့ပျောက်တက်တာ ” ဟုတ်တယ်”
    တချို့ကျတော့ခံစားချက်အသစ်ကိုအစားထိုးရင်းနဲ့အဲ့ခံစားချက်နောက်တကယ်လိုက်ပါသွားကြတယ်
    တချို့ကျတော့…အခုလိုမျိုး….
    ကိုယ်ကဘယ်သူ့ကိုသေချာချစ်လည်းဆိုတာကိုယ်ကိုယ်တိုင်တောင်ဝေခွဲမရပဲနဲ့…..
    ခံစားချက်….ချစ်တဲ့ခံစားချက်အစစ်အမှန်မဟုတ်ပဲနဲ့အခုလိုမျိုးစိတ်ကရောထွေးနေတာမျိုးမဖစ်သင့်ဘူးလေ
    ဒါပေမယ့်လည်း ခန့် ဘက်ကကြည့်ပြန်တော့လည်း
    သူပိုင်တယ်လို့တွေးထားတဲ့လူတစ်ယောက်ကို
    တခြားဘယ်သူနဲ့ရောထွေးတာကြိုက်မှာလဲ…
    ဒါပေမယ့် လည်းဘဝကပေးတဲ့အခြေအနေပဲလေ
    ခူးခူးကရောဘယ်လိုရှောင်လွှဲနိုင်မှာလဲ…
    အစပိုင်းတော့ ခန့် ကိုသနားမိပါတယ်
    သူအဲ့လောက်ရှာနေတာကိုဘာလို့ရှောင်ပုန်းချင်နေတာလဲလို့?..
    ဒါပေမယ့် ခူးခူးကိုသူအရမ်းချစ်တယ်..
    သူလည်းအတူတူပဲလေ…
    ငယ်ဘဝတုန်းကသိပ်ကိုဖြူစင်ခဲ့ကြသလောက်အခုလိုအခြေအနေမျိုးမှာတော့ခန့်ကနားလည်ပေးသင့်ပါတယ်
    တဖက်ကလည်းဘယ်လိုမှလူပုံလည်ကိုချပြဝင့်မရဲတဲ့အလုပ်မျိုးနဲ့..
    တဖက်မှာတော့ချစ်တဲ့စိတ်တစ်ခုတည်းကိုရှေ့တန်းတင်ခဲ့ပီးသိပ်ကိုအောက်တန်းကျတဲ့လုပ်ရက်လို့ပဲပြောရမလား….
    အမှန်တော့လေကိုယ်ကိုယ်တိုင်တောင်ဆုံးဖြတ်ချက်တစ်ခုကိုရဲရဲဝံဝံ့မချနိုင်ပဲနဲ့တခြားတစ်ယောက်ကိုနာကျင်အောင်မလုပ်သင့်ဘူးလို့ထင်ပါတယ်……

    ဒါပေမယ့် လည်းကိုယ်ကိုယ်တိုင်တောင်အခုလိုဆုံးဖြတ်ရတာခက်ခဲ့ဘူးတယ်
    ဘယ်သူ့ကိုသေချာချစ်လည်းဆိုတာမသိဘူး
    ငယ်ငယ်တုန်းကသိပ်ကိုချစ်တဲ့လူလား?..
    ဒါမှမဟုတ်အခုကျွန်မဘဝထဲ ကျွန်မရင်ထဲမှာရှိနေတဲ့သူလား?…..
    ကျွန်မလည်းအခုလိုအခြအနေမျိုးမှာနှစ်ယောက်လုံးကိုနားလည်တယ်
    ဒါပေမယ့် ကျွန်မကတော့ဆုံးဖြတ်ချက်တစ်ခုကိုသေသေချာချာချလိုက်တယ်
    ကျွန်မဘဝထဲအခုလက်ရှိဖြစ်တည်နေတဲ့သူ……
    ကျွန်မဘဝထဲအခုလက်ရှိနေရာယူနေတဲ့သူကို….
    ကျွန်မကိုယ်တိုင်ရွေးချယ်လိုက်တယ်…
    အတိတ်မှာကျန်ခဲ့တဲ့လူတစ်ယောက်ကို ခန့်
    လို့မျိုးစိတ်ရှည်ရှည်နဲ့လိုက်မရှာနိုင်ဘူး
    ကျွန်မသူနဲ့အဆင်ပြေနေဆဲပါ….
    ဒါပေမယ့် တစ်ခါတစ်ခါကျ စိတ်ပေါက်ပီး
    ငယ်ငယ်ကဖြူစင်ခဲ့တဲ့ လူတစ်ယောက်ထံပြန်သွားချင်မိတယ်
    မဟုတ်ဘူး…….ကျွန်မကဂတိမတည်တဲ့သူမျိုးမဟုတ်ဘူး
    ချစ်တယ် ကျွန်မသူ့ကို…….
    ကျွန်မဘဝထဲအခုရော….
    နောက်ရော…သူ့ကိုအတူရှိစေချင်တယ်…
    သူနဲ့အတူနေချင်တယ်…
    ဟင့်အင်း… ကျွန်မအတိက်ကိုပြန်မသွားဘူး..
    ကျွန်မအနာဂတ်ကိုပဲသွားမယ်
    ကျွန်မချစ်ရတဲ့လူနဲအတူတူ………..
    i love you more that i can say…..❣
    ကျွန်မဖတ်ဖူးသောစာအုပ်တချို့..
    #အိပ်မက်ကလေးတရေးနိုး(မိုးစက်ငြိမ်း)
    #တောင်ဇနပ်နီစာပေတိုက်
    #ß~W€ /Ł< ÃŪ<°#

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

မိုးစက်ငြိမ်း စာအုပ်များ