အိမ်ပြန်မယ့်နေ့
3000 (ကျပ်)
“ဒီစာအုပ်ဟာ ရှေ့မှာထွက်ရှိပြီးဖြစ်တဲ့ “ကမ္ဘာမြေရဲ့ တစ်နေရာ” နဲ့ဆက်စပ်ပါတယ်။ ဘယ်လိုဆက်စပ်လဲဆိုရင် စာတစ်ပုဒ်ရေးဖို့ စာရေးသူစိတ်ထဲမှာ ထည့်ထားတဲ့စိတ်၊ စာဖတ်သူကို သေချာပြောပြဖို့မလိုသောနောက်ခံအကြောင်းအရာခြင်း ဆက်စပ်ဆင်တူပါတယ်။
“တူညီတဲ့ သက်ဝင်နစ်မျောမှုတစ်ခု” ကနေ မတူညီတဲ့ Story World တွေမှာ မတူညီတဲ့ ဇာတ်ကောင်တွေနဲ့အတူ မတူညီတဲ့ အခြားသောဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတယ်လို့ဆိုပါရစေ။ ” စာရေးသူ အမှာစာမှာကောက်နှုတ်ချက်ဖြစ်ပါတယ်။
ဆရာစစ်ငြိမ်း၏စာဖတ်ပရိတ်သတ်များနှင့် လုံးချင်းဝတ္ထုငယ်များ ကြိုက်နှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းလေးပဲ ဖြစ်ပါတယ်….။
စာမျက်နှာ | 63 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.2 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2023 ဇန်နဝါရီလ (ဒုတိယအကြိမ်) |
4 in stock
Aye Mya Mya Naing –
“အိမ်ပြန်မယ့်နေ့”စာအုပ်လေးက အရှေ့မှာထွက်ခဲ့တဲ့ “ကမ္ဘာမြေရဲ့ တစ်နေရာ” စာအုပ်ရဲ့နောက်ဆက်တွဲ အဖြစ်ထွက်တာဆိုလို့ “ကမ္ဘာမြေရဲ့တစ်နေရာ”ထဲက မဖော်ပြခဲ့တဲ့ ပဟေဠိတွေသိရမလားလို့ပေါ့။ နောက်ဆုံးတော့ “စစ်ငြိမ်း”က”စစ်ငြိမ်း” ပါပဲဆိုတာ စာရေးသူမှတ်ချက်လေးဖတ်ပြီးနားလည်ခဲ့ရတယ်။
“စာရေးသူဟာ အကြောင်းအရာတစ်ခု၊ခံစားမှုတစ်ခုကို စိတ်ထဲထည့်ထားပြီး story တစ်ခု ရေးပါတော့တယ်။သူ့စိတ်ထဲဘာရှိနေခဲ့တယ်၊ဘာတွေးနေခဲ့တယ်ဆိုတာကိုတော့ စာဖတ်သူအား ထုတ်ပြောမှာမဟုတ်ပါဘူး။”တဲ့
ဘာကြောင့်မှန်းမသိ၊ဘာဖြစ်ခဲ့မှန်းမဖော်ပြ၊ဘာဖြစ်သွားလဲ ဆိုတာ စာဖတ်သူကို ကိုယ့်ဖာသာစဉ်းစားခိုင်းပြီး ဆွဲဆောင်မှုရှိတဲ့story တစ်ပုဒ် ဖြစ်လာတာကတော့ စာရေးသူရဲ့ super power ပါပဲ။
ချာလီဝင်စတန်တစ်ယောက် အိမ်ပြန်ဖြစ်မပြန်ဖြစ်လည်းခုထိစဉ်းစားနေဆဲပါပဲ . . .
တချို့ကိစ္စတွေမှာအချက်အလက်ကအရေးမကြီးဘူးမဟုတ်လား။ခံစားလို့ရပြီးသိနေတာမျိုးလေ။