


အောက်ခေါင်းကြီး (20% Off)
5000 (ကျပ်) 4000 (ကျပ်)
ယခုစာအုပ်သည် ကော့သောင်းနှင့် ရနောင်းဘက်မှ ငါးလှေလုပ်သားပင်လယ်ကျွန်များ၏ ဖြစ်ရပ်မှန်အခြေပြု၀တ္ထုစာအုပ်ဖြစ်သည်။
တစ်ချို့အတွေ့အကြုံတွေဟာ ကိုယ်တိုင်ရင်းနှီးယူရမယ့်အတွေ့အကြုံမျိုးမဟုတ်ဘူး။သူတစ်ပါးရဲ့အတွေ့အကြုံတွေကနေသင်ခန်းစာယူရတဲ့ ဘဝဆုံးစေတဲ့အတွေ့အကြုံတွေဖြစ်တယ်။
ရုက္ခဗေဒနဲ့ဘွဲ့ရထားတဲ့သူတစ်ယောက်ကပင်လယ်ထဲမှာငါးဖမ်းလှေငရဲခန်းတွေနဲ့အတူကျွန်ဖြစ်သွားတာဘယ်လိုကြောင့်လဲ။ အဖွားရဲ့လိုလေသေးမရှိတဲ့အလိုလိုက်မှုတွေကိုလစ်လျူရှုပြီး ငါးဖမ်းလှေငရဲခန်းတွေနဲ့အတူကျွန်ဖြစ်သွားတာကဘယ်လိုကြောင့်လဲ။ မောင်နှမနှစ်ယောက်တည်းရှိပြီး ကော့သောင်းနဲ့ထိုင်းနယ်စပ် ရနောင်းမှာကျင်လည်နေတဲ့ ကော့သောင်းကလူငယ်တစ်ယောက် ငါးဖမ်းလှေငရဲခန်းတွေနဲ့ ကျွန်ဖြစ်သွားတာကလည်း မယုံကြည်နိုင်စရာဘယ်လိုကြောင့်လဲ။
ထိုင်းနိုင်ငံ၊ရနောင်းမြို့မှာစားဖိုမှူးအဖြစ် နာမည်ရနေရာကနေပင်လယ်ကျွန်ဖြစ်သွားရတာကကောဘယ်လိုအကြောင်းကြောင့်လဲ။တရားဝင်ငါးဖမ်းလှေလုပ်ကိုင်နေရင်းကနေ ဘယ်လို
အကြောင်းကြောင့် ငါးဖမ်းလှေငရဲခန်းတွေနဲ့ကျွန်အဖြစ် ရောက်သွားခဲ့ရသလဲ။
ငါးဖမ်းလှေငရဲခန်းတွေကြားက ငါးခိုးဖမ်းကြတဲ့လှေတွေအချင်းချင်း တိုက်ခိုက်မှုများ၊ချေမှုန်းမှုများနဲ့အတူ အသက်ကိုရေထဲချထားကြရသူတွေ၊ ကုန်ပစ္စည်းအတွက်တိုက်တဲ့ဓားပြတွေကြားက လူအတွက်တိုက်တဲ့ ဓားပြတွေအကြောင်း။ အင်ဒိုနီးရှား၊မလေးရှား၊ထိုင်း၊စင်္ကာပူ ၊မြန်မာရေပိုင်နက်အသီးသီးကိုမွှေနှောက်ကာ ငါးခိုးဖမ်းနေကြသော လှေတွေပေါ်က အင်ဒိုနီးရှား၊မလေးရှား၊ထိုင်း၊မြန်မာ ငါးလှေလုပ်သား ပင်လယ်ကျွန်တွေရဲ့ ငါးဖမ်းလှေပေါ်ကပဋိပက္ခများ၊ကျွန်အချင်းချင်း ဗိုလ်ကျနိုင်ထက်စီးနင်းလုပ်ကြပုံများ၊ သွားရောက်လေ့လာရေးသား၍မရနိုင်သောအကြောင်းအရာများကို ရနိုင်သလောက်အချက်အလက် အကြားများနဲ့ဖန်တီးရေးသားထားပါတယ်။
သေချာတာကတော့ အဲဒီငါးလှေလုပ်သား ပင်လယ်ကျွန်တွေဟာ မမျှော်လင့်သော..ဆိုတဲ့အနေအထားနဲ့ အဲဒီငရဲခန်းကိုရောက်သွားကြတာဖြစ်တယ်။ မမျှော်လင့်သောတွေကို မမျှော်လင့်ဘဲသူတို့လို မကြုံကြစေဖို့မမျှော်လင့်သောသူတို့အကြောင်းကို ဖတ်ရှုခံစားရမယ့် စာအုပ်ကောင်းတစ်အုပ်..။
စာမျက်နှာ | 328 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.75 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | အိမ်မက်အသစ်စာပေ ၊ 2020 ဇူလိုင်လ၊ (ပ – ကြိမ်) |
11 in stock
စိုးဘားဒိုင် စာအုပ်များ
-
စိုးဘားဒိုင်
နှင်းသည်းလေရိုင်း
7000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
စိုးဘားဒိုင်
အောက်ခေါင်းကြီး
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
စိုးဘားဒိုင်
ရေစီးကြောင်းများတဲ့ပင်လယ်
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
စိုးဘားဒိုင်
အောက်ခေါင်းကြီး (20% Off)
5000 (ကျပ်)4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ