ကားသမား
4000 (ကျပ်)
ဒီစာအုပ်ဟာ တောင်တွေကိုကျော် ၊ တံတားတွေကိုဖြတ် ၊ အဝေးပြေးလမ်းမတွေထက်က ကားသမားတွေရဲ့ ဘ၀ပုံရိပ်တွေကို မြင်တွေ့နိုင်မယ့် စာအုပ် တစ်အုပ်ပဲ ဖြစ်ပါတယ် ..
ကားမောင်းသမားတစ်ယောက်ဟာ ကားမောင်းတတ်ရုံတင်မကဘဲ မိမိတင်ဆောင်လာတဲ့ ပစ္စည်းကို အထိအခိုက်မရှိဘဲ လိုရာခရီးကို ပို့ဆောင်ပေးနိုင်မှသာ ကားသမားကောင်း တစ်ယောက်ဖြစ်သတဲ့ ..
အရင်ခေတ်တုန်းက ပစ္စည်းပစ္စယာတချို့ဟာ အခုခေတ်လို တရား၀င် ရောင်းချခွင့် မရှိတဲ့ သတ်မှတ်ကုန်ပစ္စည်းတွေဖြစ်နေတာကြောင့် ဒီပစ္စည်းတွေကို သယ်ဆောင်လာတဲ့ ကားမောင်းသမားတွေက ဉာဏ်ဘယ်လို လွှာသုံးပီး စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းခဲ့သလဲဆိုတာကိုလည်း ဒီထဲမှာ စိတ်၀င်စားဖွယ် မြင်တွေ့ရလိမ့်မယ် ..
ကားသမားတွေဟာ လမ်းပေါ်မှာပဲ ကျင်လည်ကျက်စားနေရပေမယ့် လူအများထင်သလို ပျက်စီးနေတဲ့သူတွေချည်းပဲ မဟုတ်တာကို ဒီစာအုပ်လေးက ပြောပြပါလိမ့်မယ် ..
ကားသမားတွေရဲ့ ဘ၀ဟာ
တိမ်တွေလိုပဲ ..
အဝေးပြေး လမ်းမတွေထက်မှာ
တချို့က ပုံရိပ်တွေပေါ်လာတယ် ..
တချို့ကတော့ လွင့်ပါး ပျောက်ကွယ်သွားကြတယ် ..
စာမျက်နှာ | 160 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.3 × 8.1 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 မေလ (ပထမအကြိမ်) |
13 in stock
Pyae Ar Kar –
ဆရာကိုလေးမြတ်ရဲ့ ကားသမားစာအုပ် ကောင်းလားလို့ လာမေးတော့ ဆရာသော်တာဆွေရဲ့ ဘ၀ထိုထို ဆိုတဲ့ စာအုပ် ဖတ်ဖူးလားလို့ ပြန်မေးလိုက်တယ် .. အဲ့စာအုပ်ကို ကြိုက်တယ်ဆိုရင် ဒီစာအုပ်ကိုလည်း ဖတ်ကြည့်ပါလို့ပဲ ပြောလိုက်တယ် ..
ဆရာသော်တာဆွေက ဘ၀ထိုထိုလို့ ခေါင်းစဉ်ပေးထားတဲ့ စာအုပ်မှာ သူဖြတ်သန်းခဲ့တဲ့ မြင်းလှည်းသမားဘ၀အကြောင်းကို အတော်လေး စေ့စေ့ဌဌ ရေးထားသလို ဆရာကိုလေးမြတ်ရဲ့ ကားသမား စာအုပ်မှာလည်း ကားသမားတစ်ယောက်ရဲ့ ဘ၀ကို အတော်လေး စုံစုံလင်လင် ရေးပြထားနိုင်တာကို တွေ့ရပါလိမ့်မယ် ..
ကျွန်တော်တို့ နေ့စဉ် စားသုံးနေ ၊ အသုံးပြုနေတဲ့ ကုန်ပစ္စည်းတွေကို သယ်ယူ ပို့ဆောင်ပေးနေရတဲ့ ကားသမားတွေရဲ့ ဘ၀အကြောင်းကို စုံစမ်း စပ်စုဖို့ ကျွန်တော်တို့ဟာ နီးလျက်နဲ့ ဝေးနေခဲ့ကြတယ် ..
သူတို့ရဲ့ အခက်အခဲတွေ ၊ စိတ်ခံစားချက်တွေ ၊ ပြဿနာတွေကို ဘယ်လို ဖြေရှင်းနေလဲ ၊ ဖြတ်သန်းနေလဲဆိုတာကို တစ်ထောင်မှာ တစ်ယောက်တောင် စိတ်၀င်စားချင်မှ စိတ်၀င်စားလိမ့်မယ် ..
ကားသမားတစ်ယောက်ရဲ့ အကြောင်း ဘာစိတ်၀င်စားစရာကောင်းလို့လဲလို့ မေးလာစရာရှိတယ် .. ကျွန်တော်လည်း ဒီစာအုပ် မဖတ်ဖူးသေးတဲ့ တခြားသူနေရာကနေဆို အဲ့လို တွေးမိကောင်းတွေးမိနေလိမ့်မယ် .. ဒါပေမဲ့ ဒီစာအုပ် ဖတ်ပြီးသွားတဲ့အခါမှာတော့ အရင်က စိတ်၀င်စားခြင်းမရှိခဲ့တဲ့ ကားသမားတွေရဲ့ ဘ၀တွေကို မြင်မိသွားတယ် ..
တစ်နည်းအားဖြင့် ကားသမားတွေရဲ့ ဘ၀ကို စိတ်၀င်စားလို့ ဒီစာအုပ်ကို ဖတ်တာ မဟုတ်ဘဲ ဒီစာအုပ်ဖတ်ပြီးမှ ကားသမားတွေရဲ့ ဘ၀ကို စိတ်၀င်စားသွားတာလို့ ပြောရမယ် ..
ကားသမားတွေရဲ့ ဘ၀ဟာ
တိမ်တွေလိုပဲ ..
အဝေးပြေးလမ်းမတွေထက်မှာ
တချို့က ပုံရိပ်တွေပေါ်လာတယ် ..
တချို့ကတော့ လွင့်ပါးပျောက်ကွယ်သွားကြတယ် …..
စာအုပ်အမည် #ကားသမား
စာရေးသူ #ကိုလေးမြတ်
မျက်နှာဖုံးဒီဇိုင်း #မာဏ
စာအုပ်တိုက် #ပန်းဆက်လမ်း #PannSattLann
ပုံနှိပ်မှတ်တမ်း – ၂၀၂၂ ခုနှစ် ၊ မေလ
တန်ဖိုး – ၄၀၀၀ကျပ်
#စာညွှန်းအိမ်
#PyaeArKar
Yair Wint Naing (verified owner) –
ဆရာကိုလေးမြတ်ရဲ့စာအုပ်လေးတွေ ဖတ်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်ဗျ။
ပထမ ကားသမားစာအုပ်(ပန်းဆက်လမ်း)မှာဆိုရင် ကားသမားတွေရဲ့ ဘ၀ပုံရိပ်တွေကို မြင်တွေ့နိုင်ပါတယ်
ကားသမားတစ်ယောက်ဟာ ကားမောင်းတတ်ရုံတင်မဟုတ်ဘဲ ကိုယ်တင်ဆောင်လာတဲ့ ပစ္စည်းကို အထိအခိုက်မရှိဖို့ ဂရုစိုက်ရပုံတွေ
ခုခေတ်လို တရား၀င် ရောင်းချခွင့် မရှိတဲ့ သတ်မှတ်ကုန်ပစ္စည်းတွေကို ကားသမားတွေက ဉာဏ်လွှာသုံးပြီး တင်ဆောင်ကာ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းရပုံတွေ
ကားသမားတွေဟာ လမ်းပေါ်မှာပဲ ကျင်လည်ကျက်စားနေရပေမယ့် လူတွေထင်သလို ပျက်စီးနေတဲ့သူတွေချည်းပဲ မဟုတ်တာတွေ စသဖြင့် ကားသမားတွေရဲ့ ဘ၀လောကအထွေထွေကို တ၀ကြီးဖတ်ရမှာပါ
(ကျနော်ဆို လက်ကမချဘဲ တထိုင်တည်းဖတ်ပြီး တခါတည်းပြီးသွားတယ် အရမ်းကောင်းဗျာ)
ဒုတိယ ကားဂိတ်စာအုပ်(စာရိပ်မြိုင်)မှာတော့ ကုန်ကား ကုန်သည် ပွဲစား ဂိတ်နဲ့ဂိတ်ဝန်ထမ်းအလုပ်သမားတွေ ကားသမားတွေနဲ့ သူတို့ရဲ့အလုပ် လုပ်ပုံကိုင်ပုံတွေ ဆက်ဆံရေးတွေ လူမှုရေး စရိုက်သဘာဝ စီးပွားဆက်ဆံရေးတွေ၊အလုပ်ရှင်အလုပ်သမားဆက်ဆံရေးနဲ့ကုန်းတိုက်ချွန်တွန်းပညာပြ ကတုံးပေါ်ထိပ်ကွက် အလှည့်အပတ်ဇယားတွေစသဖြင့် တီကောင်အထွေးကြီးလိုရှုပ်ထွေးလှတဲ့ ကားဂိတ်လောကအကြောင်းကို ပေါ့ပေါ့ပါးပါးဖတ်ရအောင် ဆရာကိုလေးမြတ်က လက်စွမ်းပြထားတယ်။
(ဒီစာအုပ်မှာက တချို့စာလုံးပေါင်းသတ်ပုံစာရိုက်အမှားတွေကြောင့် ဖတ်ရတာ စိတ်ကသိကအောက်ဖြစ်ရပါတယ် ဒါပေမယ့် ကျနော်ကတော့ ကြိုက်ပါတယ်)