အိပ်မက်ဆိုးများကို လေလံစနစ်ဖြင့် ရောင်းချနိုင်ပါသည်
3500 (ကျပ်)
” သည်ဘက်နှစ်ပိုင်းများတွင် ဝတ္ထုတိုများဖတ်ပြီး အမျိုးအမည် မတပ်တတ်သော အာလျတစ်ခုကို အာသာပြေစေသော ဝတ္ထုတိုတချို့တွင် အိမ်မွန်၏ ဝတ္ထုတိုများလည်း ပါဝင်ခဲ့သည်။
” အိပ်မက်ဆိုးများကို လေလံစနစ်ဖြင့် ရောင်းချနိုင်ပါသည် ” စာအုပ်တွင် ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။
စိတ်သက်တမ်းအလိုက် ခံစားခဲ့ရသမျှကို ရေးဖွဲ့ထားခြင်းဟု စာရေးသူ ဆိုသည့်အတိုင်း ဝတ္ထုတိုများသည် တစ်ပုဒ်ချင်းစီအလိုက် အရောင်မတူ၊ အနံ့ကွဲ၏။
အပိုမပြော လိုရင်းကိုသာ ဆိုရလျှင်
” အိမ်မွန်၏ ဝတ္ထုတို အများစုသည် ဖတ်ရသူအဖို့ စပ်ဖျင်းဖျင်း အရသာ ရှိ၏။ သို့သော် စွဲမက်ဖွယ်ကောင်း၏။ ” လို့ပဲ ဆိုချင်တော့သည်။
တစ်ခုတော့ ရှိ၏။ အနုပညာကို ဘောင်ခတ်၍ serious ဖြစ်တတ်သူများ အနေဖြင့် ဤစာအုပ်ကို မဖတ်သင့်ကြောင်းကိုတော့ ကြိုတင် အသိပေးပါရစေ။ ”
…. လို့ စာဖတ်သူတစ်ဦးမှ ဒီစာအုပ်ကို ညွှန်းဆိုထားပါတယ်။
စာမျက်နှာ | ၁၉၇ |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.7 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2020 ဇွန်လ၊ (ပ-ကြိမ်) |
1 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ