ဒေါက်တာရွှေသွေးနှင့်မပန်းမှုံ

( 1 မှတ်ချက်)

3000 (ကျပ်)

စာမျက်နှာ

215

စာအုပ်အရွယ်အစား

5 x 0.4 x 7.3 inches

ပုံနှိပ်မှတ်တမ်း

နန်းဒေဝီစာပေ 2017 စက်တင်ဘာလ (စတုတ္ထ-ကြိမ်)

ဒေါက်တာရွှေသွေးနှင့်မပန်းမှုံ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Kyi Lai Lai Soe

    ‌”ဒေါက်တာရွှေသွေးနှင့်မပန်းမှုံ”ဝတ္ထုရှည်က ၂၀၀၉ခုနှစ်မှာ ဆရာလင်္ကာရည်ကျော် အမျိုးသားစာပေဆုရရှိခဲ့တဲ့ စာအုပ်ပါ။

    ဒီဝတ္ထုထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေါက်တာယဉ်သွေးရဲ့ လူနာတွေအပေါ်ထားရှိတဲ့ မေတ္တာ၊စေတနာတွေကိုသာမက မပန်းမှုံအပေါ်ထားရှိတဲ့ ချစ်မေတ္တာတွေကို ရိုးရိုးလေး ရေးဖွဲ့ထားပေမယ့် စာဖတ်သူကို ဇာတ်လမ်းနောက်ဆုံးထိ မပျင်းရအောင် ဆွဲခေါ်သွားနိုင်တဲ့ အတွက်၊ ဖတ်လို့ကောင်းတဲ့စာအုပ်ဖြစ်တဲ့အတွက် ညွှန်းဆိုခြင်းဖြစ်ပါတယ် ။

    မပန်းမှုံနဲ့ ဒေါက်တာ‌ယဥ်သွေး တွေ့ဆုံပုံက မပန်းမှုံအဖွားဖြစ်သူရဲ့ဦးခေါင်းဒဏ်ရာကို ချုပ်ပေးရင်း‌တွေ့ဆုံခြင်းပါ ။‌မပန်းမှုံက ဆေးကျောင်းနောက်ဆုံးနှစ် အပိုင်း(က)ကျောင်းသူ။ပညာအရာမှာလည်းထူးချွန်၊နာမည်လှရုံတင်မက လူကလည်းလှတဲ့အတွက် ဆေးကျောင်းမှာ နာမည်ကျော်သူဖြစ်ပြီး မိဘများကလည်း ချမ်းသာတဲ့အတွက် မပန်းမှုံက ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားသူပါ။

    ဒေါက်တာယဥ်သွေးက ကလေးအထူးကုဘွဲ့လွန်ဖြေဖို့အတွက် ကလေးဆောင်မှာ အမြဲနေတဲ့သူ။ကလေးတွေက ကိုယဥ်သွေးကို ချစ်တဲ့အတွက် “ဒေါက်တာရွှေသွေး”လို့ခေါ်ရာကနေပြီး ဒေါက်တာယဉ်သွေးကနေ ဒေါက်တာရွှေသွေး ဖြစ်လာတာပါ။
    ကိုယဉ်သွေးရဲ့ ရုပ်ရည်သန့်ပြန့်မှု၊ပညာထူးချွန်မှု၊အပြောအဆို ရည်မွန်မှု၊ တဖက်သားအပေါ် ကူညီတတ်ခြင်း၊အပေါင်းအသင်းတွေအပေါ် အနစ်နာခံတတ်တာတွေကြောင့်ဘဲ ကိုယဉ်သွေးက မိန်းကလေးများကြားထဲမှာ ရေပန်းစား‌ပါတယ်။

    မပန်းမှုံက ဒေါက်တာယဉ်သွေးရဲ့မျက်ဝန်းတွေကို “ငြိမ်သက်ကြည်လင်နေသော ကန်ရေပြင်နှင့်တူသည့် မျက်ဝန်းတစ်စုံ”ဟူ၍ပင် ပထမဆုံးတွေ့ဆုံခြင်းမှာဘဲ ကောက်ချချခဲ့တာပါ။ကိုယဉ်သွေးရဲ့ ပြဿနာဖြေရှင်းပုံကို တွေ့တော့လည်း “အလွန်နူးညံ့သိမ်မွေ့ဟန် ပေါက်နေသည့် ဆရာဝန်သည် စည်းကမ်းနှင့်ပတ်သက်လာသော အခါသည်မျှပင် ပြတ်သားနိုင်သတဲ့လား”ဆိုပြီး အံ့ဩမှင်သက်ခဲ့ပါတယ် ။

    မပန်းမှုံနဲ့ဒေါက်တာတို့ရဲ့ ကလေးဆေးရုံကြီးမှာ တဖန်ပြန်လည်တွေ့ဆုံမှုကနေ မပန်းမှုံရဲ့ ဒေါက်တာယဉ်‌သွေးအပေါ်ထားတဲ့ မေတ္တာတွေဟာ တစတစ တိုးပွားလာခဲ့ပါတယ် ။

    မပန်းမှုံရဲ့မေတ္တာတွေကို ဒေါက်တာယဉ်သွေး အသိအမှတ်ပြုလား၊ငြင်းဆိုလား ဆိုတာတွေကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာဖြစ်သလို ဆရာဝန်တွေရဲ့လူနာတွေ အပေါ်ထားရှိတဲ့ စေတနာ၊ ဆရာဝန်ဖြစ်ဖို့အတွက်၊ ဘွဲ့လွန်တွေဆက်တက်ဖို့၊ပါရဂူဘွဲ့တွေ ဆက်ယူဖို့အတွက် ဆရာဝန်တွေရဲ့ ရုန်းကန်ရမှု၊ တိုင်းတပါးမှာ ပညာသင်တဲ့အခါလည်း အနောက်နိုင်ငံတွေရဲ့ အာရှသားတွေအပေါ်ထားတဲ့အမြင်တွေကို ရေးသားထားတာတွေက ကိုယ်တိုင်တွေ့ကြုံလာသလိုခံစားရပါတယ်။
    ဆရာ့ရဲ့ အရေးအသားတွေထဲမှာ စီးမျောရင်း ဝတ္ထုအဆုံးသတ်မှာကိုတောင် ကြောက်နေမိတယ်။
    ရိုးရှင်းတဲ့ ဝတ္ထုတစ်ပုဒ်ဆိုပေမယ့် အဖိုးမဖြတ်နိုင်တဲ့ ဆေးပညာ ဗဟုသုတတွေ၊ လူငယ်နှစ်ယောက်ကြားက ချစ်မေတ္တာတွေ၊ အယူအဆတွေကို ဖော်ကြူးထားတဲ့အတွက် သုတ၊ရသနှစ်မျိုးလုံး တပြိုင်တည်းရရှိနိုင်တဲ့ စာအုပ်ပါ။

    မဖတ်ရသေးတဲ့သူတွေ ဖတ်ကြည့်ဖို့ တိုက်တွန်းရင်း စာညွှန်းရေးသားခြင်းကို ဒီမှာတင်အဆုံးသတ်လိုက်ပါရ‌စေ။

    #Review_by_အလဲ့လေး?

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

လင်္ကာရည်ကျော် စာအုပ်များ