ကံ့ကော်တောမှ ဒေါင်းပျိုခွပ်သံ (ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုသမိုင်း)

( 0 မှတ်ချက်)

15000 (ကျပ်)

ကံ့ကော်တောမှ ဒေါင်းပျိူခွပ်သံသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ၁၉၂၀ ပထမကျောင်းသားသပိတ်မှ ၁၉၆၂၊ ဇူလိုင် (၇)ရက် ကျောင်းသား အရေးအခင်းကာလအထိ ပြည့်စုံစွာ တင်ပြထားသည်။
စာအုပ်ကို အခန်း (၈)ခန်းခွဲ၍ အခန်းအလိုက် အပိုင်း (၃)ပိုင်းခွဲ၍ရေးသားထားသည်။ အပိုင်း (က)သည် နောက်ခံနိုင်ငံရေးအခြေအနေ။ အပိုင်းခသည် ပညာရေးနှင့် ရန်ကုန်တက္ကသိုလ်အခြေအနေ။ အပိုင်း (ဂ)သည် ကျောင်းသားလှုပ်ရှားမှုဖြစ်စဉ်များကို ရေးသားထားသည်။
ဤစာအုပ်၏ ထူးခြားချက်မှာ နောက်ခံနိုင်ငံရေး ဖြစ်စဉ်များနှင့် ကျောင်းသားလှုပ်ရှားမှုကိုယှဉ်တွဲ၍ ကျမ်းမဆန်စေဘဲ ပုံပြောကောင်းသူတစ်ဦး၏ စကားပြောဟန်ဖြင့် စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားထားခြင်းပင်ဖြစ်သည်။
အခန်းတိုင်းအတွက် ရှားပါးဓာတ်ပုံများကို ပူးတွဲဖော်ပြထားသည်။
လူသားအားလုံးသည် စနစ်၏ သားကောင်များသာ ဖြစ်ရာ အတိတ်သမိုင်း၏ နာကျည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များသည် နှောင်းလူတို့ သတိပြု သင်ခန်းစာ ယူစေလိုရင်းသာ စေတနာအမှန်ဖြစ်ပါတယ်။
စာရေးသူ ဒေါက်တာမင်းသိမ်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုများတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ သမိုင်းလူသားတစ်ဦးဖြစ်ပြီး၊ ဤစာအုပ်ကို စာတွေ့ ကိုယ်တွေ့အားဖြင့် သုတေသနပြုရေးသားခဲ့ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံ ဖြစ်မြောက်ရေးအတွက် အစဉ်တစိုက်လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးဖြစ်ပါသည်။

စာမျက်နှာ

736 (ကဒ်ထူအဖုံး)

စာအုပ်အရွယ်အစား

6.5 x 1.5 x 9.5 inches

ပုံနှိပ်မှတ်တမ်း

လွင်ဦးစာပေ 2020 ဒီဇင်ဘာလ(ပ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကံ့ကော်တောမှ ဒေါင်းပျိုခွပ်သံ (ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုသမိုင်း)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဒေါက်တာမင်းသိမ်း စာအုပ်များ