လက်တွဲမဖြုတ်ကြေး

( 0 မှတ်ချက်)

5000 (ကျပ်)

💙 ချစ်ခြင်းမေတ္တာစစ်မှန်ရင် လူတစ်ယောက်ကို အမြဲ အေးချမ်းစေပြီး ပေါ့ပါးစေတယ် ၊ ပျော်စေတယ်တဲ့ ..

💙 နူးညံ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံထားတဲ့ ရပ်ဝန်းလေးကနေ ကြိုဆိုပါတယ် ..

💙 လှပတဲ့ အချစ်ရဲ့ ပျားရည်လေးလိုပါပဲ
ချိုမြိန်မှုတွေ ၊ လတ်ဆတ်မှုတွေဟာ
အချိန်ရဲ့ တိုက်စားခြင်းအပေါ်လည်း
အနည်းငယ်တောင် ဖြုံထွက်မသွားခဲ့ဘူး

ကောင်းကင်က ကြွေကျတဲ့ ကြယ်တွေဟာ
မင်းအတွက်များ အလိုအလျောက် ကြွေနေသလား
ငါသိပ်ချစ်တဲ့မင်းလေး ဆုတောင်းတွေပြည့်ဖို့
ငါ အဲ့ကြယ်တွေကို ခခယယ သွားခြွေခဲ့တာလေ

ငါတို့အချစ်က အဲ့လောက်ထိ ကဗျာဆန်မယ် ၊ ကာရန်ညီမယ်
နောက်ဆုံး သေမတူ ရှင်မကွာဆိုတဲ့ စကားအတိုင်း
အတူတူပဲ ဆက်ပြီး ရှိနေကြဦးမယ် ”

💙 တစ်နေ့နေ့ပေါ့နော် ..
ငါတို့ အလုပ်တွေကြိုးစားကြရင်း
ကိုယ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်သွားတဲ့ထိ
ငါတို့လက်တွေ မြဲနေစေချင်တယ် ..

အခုအချိန်တော့ ငါပြောနိုင်တဲ့ တစ်ခုတည်းသောအရာက
” အတူတူကြိုးစားမယ် ၊ အရေးကြီးတာ လက်တွဲမဖြုတ်ဖို့ ”
ဆိုတဲ့ စကားပဲ ပြောနိုင်တယ် ..

ဒါပေမဲ့ သေချာပါတယ် ..
ကတိကဝတ်ပြုခြင်းတွေက မြဲမြံခိုင်မာကြောင်း မင်းနဲ့မှ ပိုယုံတာ ..

ဒါကြောင့် နောက်ဆုံးအချိန်ထိ
မင်းပဲ ငါ့ဘေးမှာ ဆက်ရှိနေမှာကို အကြွင်းမဲ့ယုံတယ် …။

စာမျက်နှာ

96 (Woodfree Paper)

စာအုပ်အရွယ်အစား

5.1× 0.2 ×7.4 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ ဧပြီလ ၊ (ပထမအကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လက်တွဲမဖြုတ်ကြေး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သက်ထားရွှေစင်(THSS) စာအုပ်များ