
ဆရာဝန်မရှိတဲ့နေရာ
20000 (ကျပ်)
ဆရာဝန်မရှိတဲ့နေရာ ဆိုတဲ့ စာအုပ်လေးဟာ ခက်ခဲတဲ့ ဆေးပညာဝေါဟာရတွေအစား လူတိုင်းနားလည်နိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားထားတာဖြစ်လို့ “ကိုယ့်ကျန်းမာရေးအတွက် ကိုယ်တိုင် ဂရုစိုက်နိုင်စေမယ့်” စာအုပ်ပဲ ဖြစ်ပါတယ်။ နေထိုင်မကောင်းဖြစ်မှ ဖတ်ရမှာမဟုတ်ဘဲ မနာမကျန်းမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ပါ လမ်းပြပေးမယ့် မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါတယ်။
အထူးသဖြင့် ဆေးရုံ၊ ဆေးခန်းနဲ့ အလှမ်းဝေးတဲ့ဒေသတွေမှာနေထိုင်သူတွေ ဒါမှမဟုတ် အခြေခံကျန်းမာရေးဗဟုသုတကို ကိုယ်တိုင်သိရှိထားချင်သူတွေအတွက် အားကိုးထိုက်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
ဆရာဝန်မရှိတဲ့နေရာဆိုတဲ့ ဒီစာအုပ်လေးထဲမှာ
– တကယ်ကျန်းမာရဲ့လား
– ဆေးတွေအားလုံး အလွယ်တကူဝယ်ပြီး သောက်လို့ရလား
– အလားတူဆေး
– စတီးရွိုက်ဆေးအကြောင်း
– ချောင်းဆိုးပျောက်ဆေးများ
– အကိုက်အခဲပျောက်ဆေးများ
– ကားမူးတတ်သူများ
– ပွေးလား၊ ဝဲလား၊ ညှင်းလား
– သွေးတိုးရောဂါ
– ဆီးချို၊ သွေးချို
– အားဆေးသောက်ရင် ဝလာမှာလား
– ပန်းကလေးနွမ်းနေလား
– အမျိုးသားတွေရော သွေးဆုံးတတ်သလား
– ကင်ဆာအကြောင်း
– ဝတာ အပြစ်လား
– အရေပြားရှိသူတိုင်းနှင့် သက်ဆိုင်သော
– ဖြည်စွက်စာသောက်ဖို့ လိုအပ်သလား
– အိပ်၍မပျော်သောညများ
စတဲ့ အကြောင်းအရာများ အပါအဝင် စုစုပေါင်း ၃၆ပုဒ် တိတိ ပါဝင်တဲ့ “ဆရာဝန်မရှိတဲ့နေရာ” _ “သိထားသင့်တဲ့ အခြေခံကျန်းမာရေး ဗဟုသုတနှင့် အထွေထွေဆေးဝါးများအကြောင်း” တွေကို အသေးစိတ် ပါဝင်ပါတယ်။
| စာမျက်နှာ | 263(WoodFree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 6 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ရတနာသိုက်စာပေ၊ 2026 ဖေဖော်ဝါရီလ (ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 1.6.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 20,000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
18 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ