ဒစ်ဂျစ်တယ်မားကတ်တင်း အရောင်းဗျူဟာ
4000 (ကျပ်)
အွန်လိုင်းစျေးရောင်းခြင်းဟာ ထင်သလောက်မလွယ်ကူသလို ထင်ထားတာထက် ပိုအလုပ်ဖြစ်ပါတယ်။ သာမန် Life Sale လေးတွေ လုပ်တတ်ရုံနဲ့တော့ လုပ်ငန်းတစ်ခုအောင်မြင်စေလောက်မယ့် ဝင်ငွေပမာဏ မရရှိနိုင်ပါဘူး။ Amazon တို့ Alibaba တို့လို အောင်မြင်ချင်တယ်ဆို တိကျတဲ့ဗျူဟာ၊ စိတ်ချရမယ့် အခြေခံအဆောက်အအုံ IT Infrastucture၊ နည်းပညာပိုင်းလုံခြုံမှု… စတာတွေ လိုအပ်လာပါတယ်။
ဒီစာအုပ်မှာတော့ အွန်လိုင်းအရောင်း အွန်လိုင်းမားကတ်တင်းနဲ့ပက်သတ်ပြီး သိသင့်တဲ့ အချက်တွေကို တိုတိုကျစ်ကျစ် ရေးသားထားပါတယ်။ ထုံးစံအတိုင်း Efectivee Marketing Agency ရဲ့ Facebook Page မှာတင်ထားတဲ့ ပို့စ်တွေကို စုစည်းထားတာဖြစ်ပါတယ်။ အွန်လိုင်းနယ်ပယ်ပဲဖြစ်ဖြစ်၊ Offline နယ်ပယ်ပဲဖြစ်ဖြစ် လက်တွေ့အသုံးချလို့ရမယ့် နည်းလမ်းတချို့ကိုတော့ ဒီစာအုပ်ကတဆင့် လေ့လာနိုင်မှာပါ။
စာအုပ်ထွက်မည့်ရက် | 13.9.2021 |
---|---|
စာမျက်နှာ | 157 |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2021 စက်တင်ဘာလ (ပ-ကြိမ်) |
16 in stock
Zarny Myo Htwan –
စာအုပ်တစ်အုပ်ရဲ့တန်ဖိုးက ငွေမဟုတ်ဘူး။
စာအုပ်ထဲက အနှစ်သာရပါ။
စာရေးသူပေးတဲ့ value ကို စာဖတ်သူအပြည့်အဝရတယ်ဆိုရင် အဲ့ဒီစာအုပ်ရဲ့တန်ဖိုးက တန်ဖိုးဖြတ်မရပါဘူး။
Knowledge is treasure.
အလွယ်ပြောရရင် ကျွန်တော်လိုချင်တဲ့ အသိပညာတွေ
ဒီစာအုပ်ထဲမှာ အပြည့်ဝရတာမို့ ဒီစာအုပ်က ကျွန်တော့်တွက် တန်ဖိုးဖြတ်မရပါဘူး။ ဒီလို value မျိုးပေးထားတဲ့ စာရေးသူကိုလဲ ကျေးဇူးတင်ရပါတယ်။ ဒီထက်ပိုတဲ့ value တွေလဲ များများပေးနိုင်ပါစေ။ ဉာဏပါရမီလဲ မတောင်းလဲပြည့်ပါစေ။