ပန်းပွင့်များရဲ့ဒိုင်ယာရီ

( 0 မှတ်ချက်)

5500 (ကျပ်)

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး တိုးတက်အောင်မြင်ဖို့၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင်တည်ထောင်လုပ်ကိုင်နိုင်ဖို့ အကြံဉာဏ်နဲ့ အတွေ့အကြုံတွေ ဝေမျှထားတဲ့စာအုပ် “ဘဝဆိုတာ တက်လမ်းစာအုပ်တွေထဲကလိုမဟုတ်တော့ ဟပ်ချလောင်းဆိုပြီး ပြောင်းသွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ် ၂၀ ဆိုတဲ့ ကာလတစ်ခုကတော့ ကြိုးစားမှုရဲ့ရလဒ်ကို အရာထင်စေခဲ့ပါတယ်။ အရင်က ကြိုးစားခဲ့ရတယ်။ အခုလည်းကြိုးစားနေဆဲပါ။ အနာဂတ်မှာလည်း ဆက်ကြိုးစားနေရဦးမှာပါပဲ။ ဘာဖြစ်လို့ပါလဲ …။

ဘယ်သူမှ ဆင်းရဲတဲ့ဘဝမှာ မနေချင်ကြပါဘူး၊ ကျေနပ်ပျော်ရွှင်မနေကြပါဘူး။ ဒါကြောင့် ချမ်းသာတဲ့ဘဝ၊ ကိုယ်လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိတဲ့ဘဝအတွက် အမြဲကြိုးစားနေရပါမယ်။ အနာဂတ်အတွက် အထောက်အကူမဖြစ်မယ့် အရာတွေကို ဘဝထဲက ထုတ်ပစ်ပါ။ ပန်းတိုင်ဆိုချမှတ်ပြီးမဆုတ်မနစ် ရောက်အောင်သွားပါ။ လဲကျတိုင်း ပန်းတိုင်မပျောက်ပါစေနဲ့။ ပညာရှာဖို့ မပျင်းပါနဲ့။”

“ပန်းပွင့်များရဲ့ဒိုင်ယာရီ” စာအုပ် “အလှည့်အပြောင်းတွေနဲ့ အသားကျအောင်နေထိုင်ပါ” ဆောင်းပါးမှကောက်နုတ်ထားတာဖြစ်ပါတယ်။

ဒီစာအုပ်မှာ ကြည်ကြည်-Kyi Kyi က အလုပ်အကိုင်နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆိုင်ရာ အတွေးအမြင်နဲ့ အတွေ့အကြုံတွေကို ဝေမျှထားပါတယ်။ သူ့အနေနဲ့ ဝန်ထမ်းဘ၀ကနေ လက်ရှိအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးအဖြစ်ရပ်တည်နိုင်အောင် ကြိုးစားတည်ဆောက်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီး ဝေမျှထားတာဖြစ်လို့ လက်တွေ့ကျတဲ့ အကြံပြုချက်တွေလို့လည်း ပြောလို့ရပါတယ်။ ဒီစာအုပ်ရဲ့ နောက်ထပ်ထူးခြားချက်အနေနဲ့ တခြားအမျိုးသမီးလုပ်ငန်းရှင် ၁၇ ဦးကလည်း သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းအတွေ့အကြုံတွေကို ဝေမျှထားတာပဲဖြစ်ပါတယ်။

သေချာတာကတော့ ဒီစာအုပ်က စာဖတ်သူအတွက် ဝန်ထမ်းအလုပ်လုပ်သည်ဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သည်ဖြစ်စေ တိုးတက်အောင်မြင်မှုလမ်းကြောင်းရှာတွေ့ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးပွားစေဖို့ အထောက်အကူပြုပါလိမ့်မယ်။

ကိုယ်ပိုင်ဝင်ငွေရှာဖို့ နည်းလမ်းရှာနေသူတွေ၊ အိမ်မှာနေရင်း အလုပ်လုပ်ချင်သူတွေ၊ ကိုယ့်အလုပ် Career မှာ တိုးတက်အောင်မြင်လိုသူတွေ၊ ကိုယ်ပိုင်လုပ်ငန်းစတင်ချင်သူတွေ၊ အောင်မြင်တဲ့လုပ်ငန်းတစ်ခု ဘယ်လိုတည်ဆောက်ရမလဲ လေ့လာလိုသူတွေ၊ အထူးသဖြင့် တိုးတက်အောင်မြင်မှုကိုရှာဖွေနေတဲ့ အမျိုးသမီးတွေ ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

202

စာအုပ်အရွယ်အစား

6 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2022 ဩဂုတ်လ (ပထမအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပန်းပွင့်များရဲ့ဒိုင်ယာရီ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကြည်ကြည်-KYI KYI စာအုပ်များ