တိန့်ရှောင်ဖိန်
3000 (ကျပ်)
ကြောင်ဆိုတာ အရောင်ဖြူတာ၊ မည်းတာ၊ ဝါတာ၊ ကြားတာ အဓိကမဟုတ်ဘူး။ ဘယ်လိုကြောင်ပဲဖြစ်ဖြစ် ကြွက်ကို အမိဖမ်းနိုင်ဖို့သာ ပဓာနဖြစ်တယ်
တိန့်ရှောင်ဖိန် (၁၉၀၄ ဩဂုတ် ၂၂ -၁၉၉၇ ဖေဖော်ဝါရီ ၁၉) သည် တရုတ်ပြည် စီချွမ်းပြည်နယ် ကွမ်အန်းခရိုင် ဖိုင်ဖန်းရွာရှိ ဟက်ကားမိသားစုမှ ဆင်းသက်လာသည်။ သူသည် တရုတ်ကွန်မြူနစ်ပါတီဝင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူ့တသက်တွင် နိုင်ငံတော်နှင့် အစိုးရအကြီးအကဲ စသည့်ရာထူးများကို မရယူခဲ့သော်လည်း လက်တွေ့တွင်မူ ၁၉၇၈ ခုနှစ်မှ ၁၉၉၀ ပြည့်လွန်နှစ်များအထိ တရုတ်ပြည်ကို ကြီးစိုးခဲ့သည်။ တိန့်ရှောင်ဖိန်သည် တရုတ်ပြည်အား ဈေးကွက်စီးပွားရေးစနစ်ဆီသို့ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ်သည်။ လက်ရှိဟောင်ကောင်နှင့် မကာအိုတို့တွင် ကျင့်သုံးနေသည့် တပြည်ထောင်နှစ်စနစ်ကို အဆိုပြုတင်သွင်းခဲ့သူလည်းဖြစ်သည်။ သူချမှတ်ခဲ့သည့် မူဝါဒများသည် ၂၀ ရာစုနှောင်းပိုင်းတွင် တရုတ်ပြည်အပေါ်သာမက ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးအခြေအနေကိုလည်း အတိုင်းအတာတစ်ခုအထိ သက်ရောက်စေခဲ့သည်။ ထို့ကြောင့်လည်း တိုင်းမ်မဂ္ဂဇင်းက ၎င်းအား မျက်နှာဖုံးတွင် ၈ ကြိမ်ဖော်ပြခဲ့ပြီး ၁၉၇၈ ခုနှစ်နှင့် ၁၉၈၅ ခုနှစ်၏ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်အဖြစ်ရွေးချယ်ခဲ့သည်။
စာမျက်နှာ | 144 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2020 မေလ၊ (ပ-ကြိမ်) |
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ