Dear Me… ကိုယ်တိုင်ဖတ်ဖို့

( 27 မှတ်ချက်)

5000 (ကျပ်)

Dear Me … ဆိုတဲ့အတိုင်း စာအုပ်လေးထဲမှာ ကိုယ့်ကိုယ်ကိုချစ်တတ်လာစေဖို့ self-love အကြောင်းတွေ အများစုပါဝင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ပစ်ပယ်ခြင်းတွေ မဖြစ်ရလေအောင်၊ စိတ်ဆိုးစိတ်ညစ်တွေနဲ့ ဘဝကို မဖြတ်သန်းရလေအောင် စာရေးသူက စာစုတိုလေးတွေ၊ ကမ္ဘာကျော် quotes တွေနဲ့ လိုတိုရှင်း ဖော်ပြပေးထားပါတယ်။

ပျော်ရွှင်စေဖို့၊
အေးချမ်းစေဖို့၊
အကြည်ဓာတ်လေးတွေနဲ့ ရှင်သန်နိုင်စေဖို့
ရေးသားထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ ကိုယ်တိုင်ဖတ်ဖို့ စာအုပ်လေးဖြစ်ပါတယ်။

စာမျက်နှာ

184

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.0 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 ဇူလိုင်လ (ပထမအကြိမ်)

26 in stock (can be backordered)

Dear Me… ကိုယ်တိုင်ဖတ်ဖို့ အား ဝေဖန်သုံးသပ်မှု 27 ရှိပါသည်။

  1. Wai mon

    စာအုပ်ဖတ်ပီးရင် ,အရင်က ထက် ကိုယ့်ကို ကိုယ် ပိုချသ်တတ်လာမယ် လို့ ယုံ ကြည်တယ်

  2. Ko Lynn

    ဖတ်ရတာထင်ထားတာထက်ပိုအဆင်ပြေတဲ့စာအုပ်လေး… စာသားအပိုဒ်တစ်ခုချင်းစီတိုင်းမှာအတွေးအမြင်သစ်တွေရတဲ့စာအုပ်လေး… ကိုယ့်ကိုယ်ကိုပြန်ရှာတွေ့သွားနိုင်တဲ့စာအုပ်လေး… ကြိုက်တယ်ဗျာ…

  3. Nay Yaung

    Pre-order တုန်းကမဝယ်နိုင်ခဲ့ပါဘူး.. မနေ့က City Mart မှာတွေ့လို့ ဝယ်ခဲ့လိုက်ပါတယ်.. အစကတော့ လူငယ်စိတ်ခွန်အားပေးစာတွေလို့ထင်ပြီး ဝယ်ခဲ့တာပါပဲ..
    ဒါပေမယ့်လူငယ်စိတ်ခွန်အားပေးဆိုတာထက် ပိုပါတယ်.. ဆရာကဘဝမှာနေပျော်ဖို့၊ စိတ်ချမ်းသာဖို့အတွက်တွေပါ လမ်းပြပေးထားတာပါ..
    စာလေးတွေကတိုတိုလေးဆိုတော့ ကိုယ်လိုတဲ့အပိုင်းလေးတွေ့ရင် မှတ်ထားလိုက်လို့လွယ်တယ်.. thankuEx တုန်းကလည်း ဖတ်ရပါတယ်..
    ဒီတစ်အုပ်ကတော့ ကျွန်တော့်အတွက်ပိုပြီးအသုံးဝင်တာမို့ ကျေးဇူးတင်ပါတယ်.. with love.. Nay Yaung

  4. Sue Lay

    အဖွင့်စာလေးမှာတင် ရှင်သန်ချင်စိတ်တွေဖြစ်ဖို့တွန်းအားပေးလိုက်သလိုခံစားမိပါတယ် ကျေးဇူးပါ ဆရာ အောင်မြင်မှုတွေအများကြီး အများကြီးရပါစေရှင် 🍀

  5. Ya Min

    ပထမစာအုပ် thank u Ex လည်းဖတ်ဖြစ်သလို အခု Dear Me လေးလည်း ဝယ်ဖတ်ပီးပါပီ။ AD ရေးတဲ့စာအုပ်၂အုပ်ကနေ အမဘဝအတွက် စိတ်ခွန်အားတွေ၊ လူတိုင်းအပေါ်ထားရမယ့် စိတ်ထားတွေ၊ အချစ်ကိုဘလိုနားလည်ရမလဲဆိုတာတွေ၊ အကြည်ဓာတ်လေးတွေအကြောင်း အမ အများကြီးသင်ယူရပါတယ်ရှင်။ ကျေးဇူးတင်ကြောင်း ဒီကပြောခဲ့ပါမယ်နော်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

AD စာအုပ်များ