Dear Me… ကိုယ်တိုင်ဖတ်ဖို့

( 35 မှတ်ချက်)

5000 (ကျပ်)

Dear Me … ဆိုတဲ့အတိုင်း စာအုပ်လေးထဲမှာ ကိုယ့်ကိုယ်ကိုချစ်တတ်လာစေဖို့ self-love အကြောင်းတွေ အများစုပါဝင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ပစ်ပယ်ခြင်းတွေ မဖြစ်ရလေအောင်၊ စိတ်ဆိုးစိတ်ညစ်တွေနဲ့ ဘဝကို မဖြတ်သန်းရလေအောင် စာရေးသူက စာစုတိုလေးတွေ၊ ကမ္ဘာကျော် quotes တွေနဲ့ လိုတိုရှင်း ဖော်ပြပေးထားပါတယ်။

ပျော်ရွှင်စေဖို့၊
အေးချမ်းစေဖို့၊
အကြည်ဓာတ်လေးတွေနဲ့ ရှင်သန်နိုင်စေဖို့
ရေးသားထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ ကိုယ်တိုင်ဖတ်ဖို့ စာအုပ်လေးဖြစ်ပါတယ်။

စာမျက်နှာ

184

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.0 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 အောက်တိုဘာလ ( တတိယအကြိမ်)

32 in stock (can be backordered)

Dear Me… ကိုယ်တိုင်ဖတ်ဖို့ အား ဝေဖန်သုံးသပ်မှု 35 ရှိပါသည်။

  1. Nikkou Tenshi

    သူငယ်ချင်းအိမ်ကနေ Dear Me အဖုံးလေးလှလို့ ကောက်ကြည့်မိရာက လက်ထဲက မချဖြစ်တော့ပါဘူး။ အဲ့ထဲမှာရေးထားတာလေးတွေက ရှင်းလင်းလို့ အမလိုစာဖတ်ပျင်းတဲ့လူအတွက်ပါ စာကိုစွဲလန်းစေလို့ကျေးဇူးပါနော်။ နောက်လဲ ခုလိုအားဖြစ်စေမယ့်စာလေးတွေများများထုပ်ပေးပါလို့ ဆရာ အေဒီကို ပြောပေးပါဦးနော်

  2. Libra Alice

    This book is so important for me. I love this book and I like him. So going to try. Don’t give up!

  3. Min Nyo Sin

    စာအုပ်လေးကိုဝယ်ခဲ့တာ အရမ်းအကျိုးရှိသွားတယ် စာအုပ်လေးဖတ်ပြီးတဲ့ အချိန်ကစပြီး စာအုပ်လေးထဲကအတိုင်းလေးတဖြည်းဖြည်းလိုက်လုပ်ရင်း စိတ်ပျော်ရွင်လာတယ် ကျေးဇူးတင်ပါတယ်ရှင့်😄

  4. အက်စတာ

    ပန်းလေးတစ်ပွင့်ဟာ သူ့ဘေးကပန်းလေးနဲ့ အလှချင်း ယှဉ်ပြိုင်လေ့မရှိဘာဘူး သူကိုယ်တိုင်သာ အလှဆုံး ပွင့်လန်းလေ့ရှိပါတယ်တဲ့🌻💜

    နိုင်းယှဉ်မှုဆိုဒါ ပျော်ရှင်ခြင်းကို ခိုးယူတတ်တဲ့ သူခိုးဖြစ်ပါတယ်

    #Dearme AD ရဲ့စာအုပ်ထဲကသဘောကျတဲ့စာစုလေး

  5. Daw Lwin Maw

    Dear meစာအုပ်ကြောင့် ကိုယ့်ကိုကိုယ်ပိုချစ်တတ်လာတယ်။သစ္စာတရား၊ချစ်ခြင်းမေတ္တာ၊ယုံကြည်မှု၊ကျန်းမာ‌‌ရေး၊ပျော်ရွှင်မှု၊ ထောင့်ပေါင်းစုံ‌ရေးဖွဲ့ထားတာ အရမ်းကောင်းပါတယ်။လူတိုင်းဖတ်သင့်တဲ့စာအုပ်ကောင်းတစ်အုပ်ပါပဲ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

AD စာအုပ်များ