Dear Friends

( 0 မှတ်ချက်)

10000 (ကျပ်)

Dear Friends,
သူငယ်ချင်းများဆီသို့..
ကျွန်တော့်ပတ်ဝန်းကျင်မှာ ကျွန်တော့်ကို sharer / giver ဆိုပြီး သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အများစုက သိကြပါတယ်။ ကျွန်တော်က တစ်ခုခုဆို အခြားလူတွေ ပိုပြီးအဆင်ပြေစေဖို့ အမြဲလုပ်ပေးရတာကို သဘောကျတဲ့လူပါ။ကျွန်တော် အရင်တုန်းက လမ်းတွေပျောက်ပြီး စိတ်ဓာတ်တွေကျခဲ့တဲ့အချိန်တွေ ရှိခဲ့ဖူးပါတယ်။ ကျန်းမာရေးကလည်း ညံ့၊ Life purpose ကလည်း မရှိတဲ့အပြင် တစ်ခုခုဆို ကျွန်တော် emotional ဖြစ်နေတဲ့ အချိန်တွေက များပါတယ်။ ဒါပေမဲ့ healing တွေ၊ self-love practice တွေ လုပ်ပြီးသွားတဲ့အခါ ကျွန်တော့်ဘဝမှာ အလင်းရောင်တွေ အများကြီးတွေခဲ့တယ်။ ရှင်သန်ရတဲ့ နေ့ရက်တိုင်းက ပိုပိုပြီး အဓိပ္ပါယ်ရှိလာတယ်။ ဘဝမှာ ကိုယ်ကြိုက်တဲ့အရာလေးတွေ လုပ်ချင်တာလေးတွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်ရင်း၊ လုပ်ချင်တာ လုပ်သင့်တာကို balance ဖြစ်ဖြစ် လုပ်ဆောင်ရင်း productive ဖြစ်လာတယ်။ ရှင်သန်နေရတဲ့အဖို့တော့ ဘဝက ပိုပိုပြီးပျော်ရွှင်လာရတယ်။
အပေါ်မှာ ပြောခဲ့သလို ကျွန်တော်က sharer / giver ဆိုတဲ့အတိုင်း ကျွန်တော့်မှာ ကျွန်တော်တို့အရွယ် လူငယ်တွေအတွက် ပေးချင်တဲ့ အိမ်မက်လေးတစ်ခု ရှိပါတယ်။ အဲဒါက ရရှိနေတဲ့ဘဝမှာ တန်ဖိုးအရှိဆုံး၊ အဓိပ္ပါယ်အရှိဆုံး နေတတ်စေချင်တာပါ။ ရွယ်တူသူငယ်ချင်းတွေ “ I lost my future, I lost my life, Depression “ စသည်ဖြင့် စာသားလေးတွေ တင်တာမြင်ရတဲ့အခါတိုင်း ကျွန်တော်ဘာလုပ်ရမလဲ အမြဲစဉ်းစားတယ်။ နောက်ဆုံး ကျွန်တော့်အိမ်မက်ကို ဖြည့်ဆည်းဖို့အဖြေကတော့ ကျွန်တော့်သူငယ်ချင်းအရွယ် လူငယ်လူရွယ်တွေအတွက် စာအုပ်လေးအဖြစ် ဖန်တီးပေးမှာပေါ့။ “Dear Friends“ ဆိုတဲ့စာအုပ်လေးက လူငယ်တွေအတွက်ဆိုပေမဲ့ ဘဝကို setting ပြန်ချချင်တဲ့လူတွေ၊ productive day တွေ ပိုင်ဆိုင်ချင်တဲ့လူတွေ၊ life purpose တွေ ရှာတွေ့ချင်တဲ့လူတွေအတွက် ကျွန်တော့်ဘဝမှာ emo ဖြစ်နေတဲ့ ကောင်လေးကနေ active ဖြစ်တဲ့ energetic ဖြစ်တဲ့ကောင်လေးအဖြစ် ပြောင်းလဲခဲ့တုန်းက သင်ယူခဲ့တဲ့အရာတွေ ပါဝင်ပါတယ်။
အခန်း (၈) ခန်း ပါဝင်ပါတယ် ။
◽ Motivation (စိတ်ဓာတ်ခွန်အား),
◽ Physical Health (ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး)
◽ Self-love (မိမိကိုယ်ကို ချစ်ခြင်း)
◽ Career (အသက်မွေးဝမ်းကြောင်း)
◽ Relationship (လူမှုဆက်ဆံရေး)
◽ Love (အချစ်)
◽ habit (အလေ့အကျင့်) and Yourself (သင်ကိုယ်တိုင်) ဆိုတဲ့ အခန်း (၈) ခန်း ပါဝင်မှာ ဖြစ်ပါတယ်။

စာမျက်နှာ

160

စာအုပ်အရွယ်အစား

5.8 x 0.5 x 8.4 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2023 နိုဝင်ဘာလ

12 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“Dear Friends” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ပိုင်(That's for U) စာအုပ်များ