Dealing with Negativity & Aggravation

( 1 မှတ်ချက်)

1500 (ကျပ်)

စာမျက်နှာ

79

စာအုပ်အရွယ်အစား

5.2 x 0.2 x 7.3 inches

ပုံနှိပ်မှတ်တမ်း

ရေတံခွန်စာပေ၊ 2012 စက်တင်ဘာလ၊ (ပ-ကြိမ်)

9 in stock

Dealing with Negativity & Aggravation အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Mi Lwan Nwe

    လူ့ဘဝရဲ့ တန်ဖိုးကို နားလည်လာတယ်။
    ဘဝကို အဓိပ္ပာယ် ရှိရှိနဲ့ နေထိုင်သွားချင်တယ်။
    နေ့ရက်တိုင်း အချိန်တိုင်းကို အသိဉာဏ်ရှိရှိနဲ့ ကုန်ဆုံးသွားချင်တယ်။
    မိမိစိတ်မှာဖြစ်နေတာလေးတွေကို ဖြစ်နေတဲ့အတိုင်း အမှန်အတိုင်း သိခြင်းဖြင့် ဒုက္ခတေလျော့လျော့လာတယ်။
    မကောင်းတဲ့အခြေအနေကိုတောင် ကောင်းတဲ့ စိတ်ထားနဲ့ ရင်ဆိုင်နိုင်လာတယ်။
    မိမိရဲ့စိတ်ကို သိပြီး သတိလေးထားနေခြင့်ဖြင့် စိတ်ကတည်ငြိမ်လာမယ်။အေးချမ်းလာမယ်။အမှားအမှန်ကို ချင့်ချိန် တတ်လာတယ်။
    ခွင့်လွှတ်တတ်တဲ့ စိတ်ဟာ မြင့်မြတ်တဲ့စိတ်။
    ကိုယ်ရောသူပါ အေးချမ်းစေတဲ့စိတ်။
    ခွင့်လွှတ်ခြင်းဖြင့် အသိဉာဏ်ပြည့်ဝတဲ့ လူသားတွေ
    အေးချမ်းပျော်ရွှင်တဲ့ လူသားတွေ ဖြစ်လာပါမယ်။
    ထိုကဲ့သို့သော စိတ်နေသဘောထား ဘဝနေထိုင်မှုဖြင့် ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ်ဆိုရင် ဆရာတော် ဦးဇောတိက ရေးသားတော်မူသော Dealing with Negativity and Aggravation Forgiveness ကို ဖတ်ကြည့်ပါဟု ညွှန်းဆိုပါရစေရှင့်။
    အင်္ဂလိပ် လိုရေးသားထားတာဆိုပေမယ့် ရှင်းလင်းလွယ်ကူတဲ့ဝါကျတွေနဲ့ အဓိပ္ပါယ်ထိထိမိမိ ရေးသားထားတဲ့အတွက် ဖတ်ရအဆင်ပြေပြီး မှတ်မိလွယ်စေပါတယ်ရှင့်။
    အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် အင်္ဂလိပ်စာ တိုးတက်ပြီး ဘဝကိုလည်း အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေပေးမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းညွှန်းဆိုပါရစေရှင့်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ဆရာတော်ဦးဇောတိက စာအုပ်များ