ဗုဒ္ဓနှင့်ဒေဝဒတ်

( 0 မှတ်ချက်)

9000 (ကျပ်)

ဗုဒ္ဓနှင့် ဒေဝဒတ် ဝတ္ထုကို ရေးသားရခြင်းမှာ ဗုဒ္ဓမြတ်စွာနှင့် ယောက်ဖတော် ဒေဝဒတ်တို့ အကြောင်းကို စုံစုံလင်လင်  သိမြင်ကြစေလိုခြင်းကြောင့် ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဆိုရသော် အကောင်းနဲ့ အဆိုးကို ခွဲခြား၍ သိမြင်ကြစေလို ခြင်းကြောင့် ဖြစ်ပါသည်။

ဤသာသနာတော်တွင် ဤမျှ နာမည်ဆိုးလှသော အရှင်ဒေဝဒတ်သည် မည်မျှဆိုးခဲ့သနည်း။ ဗုဒ္ဓ မြတ်စွာကို မည်သို့ ပြုလုပ်ခဲ့သနည်း၊ မည်သည့်အကြောင်းကြောင့် ပြုလုပ်ခဲ့သနည်း၊ အရှင်ဒေဝဒတ်ကား မည်သို့သော သဘောရှိသနည်း စသော အသေးစိတ် အကြောင်းအရာတို့ကား သိသူ နည်းပါးသည်ဟု ယုံကြည်ပါသည်။

ထို့အတူပင် ဤသို့သောဒေဝဒတ်ကို ဗုဒ္ဓမြတ်စွာသည် မည်သို့ သည်းခံခဲ့သနည်း၊ မည်သို့ ဆုံးမတော်မူခဲ့သနည်း၊ မည်သို့ အောင်မြင်တော်မူခဲ့သနည်း၊ အရှင်ဒေဝဒတ်နှင့်ပတ်သတ်၍ မည်သည့်တရားတို့ကို ဟောကြားတော်မူခဲ့သနည်း စသော အချက်တို့ကိုလည်း စုံလင်စွာ သိမြင်သူ နည်းသည်ဟု ယုံကြည်ပါသည်။

ဤဝတ္ထု၏ အနှစ်သာရကား အဆိုးနှင့် အကောင်းသာဖြစ်ပါသည်။ တစ်နည်းအားဖြင့် အရှင်ဒေဝဒတ်၏ လောဘနှင့်ဒေါသတရားတို့ မည်မျှ ဆိုးဝါးကြောင်းနှင့် ဗုဒ္ဓမြတ်စွာ၏ မေတ္တာဂရုဏာ ခန္တီတရားတို့ မည်မျှ  မြင့်မြတ်ကြောင်းပင် ဖြစ်ပါသည်။

ဤဝတ္ထုဖြင့် ဤလောက၌ အရှင်ဒေဝဒတ်လို ပုဂ္ဂိုလ်မျိုး အလျှင်း မပေါ်ပေါက်ဘဲ ဘုရားလောင်းလို ပုဂ္ဂိုလ်မျိုးချည်းသာ ပေါ်ပေါက်လာအောင် မတက်နိုင်စေကာမူ အဆိုးနှင့် အကောင်းကိုကား သိတန်သမျှ သိနိုင်ကြလိမ့်မယ်ဟု မျှော်လင့်ပါသတည်း။

စာမျက်နှာ

288

စာအုပ်အရွယ်အစား

5.8 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပြည်မြန်မာစာပေ၊ 2023 ဩဂုတ်လ (ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဗုဒ္ဓနှင့်ဒေဝဒတ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဦးအောင်မိုး(ပါဠိ ပါရဂူ) စာအုပ်များ