အမှောင်နဲ့မလွတ်တဲ့ကြယ်တွေ
3000 (ကျပ်)
◾️ ဂျပန်ခေတ်က ချွေးတပ်စွဲပြီး ထိုင်း-မြန်မာ မီးရထားလမ်းဖောက်လုပ်စဉ်က အဖြစ်အပျက်တွေကို ဆရာလင်းယုန်သစ်လွင် မှတ်တမ်းတင်နိုင်ခဲ့တာကြောင့် သေမင်းတမန် မီးရထားလမ်းအကြောင်း လူတွေ သိခဲ့ရသလို ဒီစာအုပ်လေးမှာလည်း န၀တခေတ် ပခုက္ကူ – ကလေး မီးရထားလမ်းဖောက်လုပ်စဉ်က ပျက်စီးကြွေလွင့်ခဲ့ရတဲ့ ဘ၀တွေအကြောင်း မြင်တွေ့နိုင်ပါတယ် ..
◾️ ဒီရထားလမ်းဖောက်လုပ်စဉ်က အဖြစ်အပျက်တွေကို စာရေးသူကိုယ်တိုင် သိမှီခဲ့တာဖြစ်ပြီး ညညဆို လူကြီးတွေ ဝိုင်းဖွဲ့ပြီး ပြောပြောပြ နေတဲ့ ရထားလမ်းက ဒုက္ခတွေအကြောင်းဟာ စာရေးသူရဲ့ စိတ်နှလုံးထဲ စွဲနစ်နေခဲ့တယ် ..
◾️ ဒီစာအုပ်ထဲမှာ ရထားလမ်းဖောက်လုပ်စဉ်က ကြီးကြပ်တဲ့ စစ်သားအချို့ရဲ့ ရင့်သီးတဲ့အပြောအဆို ၊ စော်ကားနဲ့အပြုအမှု ၊ နိုင့်ထက်စီးနင်း ဆူဆဲမှုတွေကို ရိုးသားတဲ့ တောသူတောင်သားတွေ ခံကြရတဲ့ မြင်ကွင်းတွေအပြင် အဆိုးဆုံးကတော့ မိန်းမပျိုလေးတွေ ကိုယ်ထိလက်ရောက် ကျုးလွန်ခံရပြီး ဘ၀ပျက်သွားတဲ့ အဖြစ်အပျက်တွေရှိကြောင်း မြင်တွေ့ရလိမ့်မယ် ..
◾️ ရထားလမ်းဖောက်လုပ်ရာ လမ်းတစ်လျှောက် ရွာတွေက တစ်အိမ်တစ်ယောက် မဖြစ်မနေ လုပ်အားပေးကြပါဆိုတဲ့ အမိန့်အောက်မှာ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော်နွားကျောင်းရခဲ့ရသလို အချိန်တန် အိမ်အပြန်မှာလည်း ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ရတဲ့ ဘ၀တွေဟာ အမှောင်နဲ့မလွတ်တဲ့ ကြယ်ကလေးတွေလိုပါပဲလား …..
စာမျက်နှာ | 134 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.4 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2021 ဇူလိုင်လ (ပ-ကြိမ်) |
21 in stock
Su Kyan Kyi –
ဆက်လက်ကြိုစားပါ အားပေနေပါမည်
Kaung Khant Naing –
စာအုပ်နာမည်လေးနဲ့တင် လူကိုဆွဲဆောင်နိုင်တယ်
Pyae Ar Kar –
ပခုက္ကူ – ကလေး ရထားလမ်း ဖောက်လုပ်စဉ်က ရှိခဲ့ဖူးသော လူသိနည်းလှသည့် ဖြစ်ရပ်မှန်အကြောင်းအရာများ ပါ၀င်သော ဇာတ်လမ်းတစ်ပုဒ် ..
စာရေးသူဟာ သူကိုယ်တိုင် သိမှီခဲ့တဲ့ အကြောင်းအရာတွေကို အခြေခံပြီး ဇာတ်လမ်းတစ်ပုဒ်တည်ဆောက်ထားတာကြောင့် ထိုရထားလမ်း ဖောက်လုပ်စဉ်က ဖြစ်ရပ်တွေကို မသိသေးတဲ့ ကျွန်တော်တို့လို လူတွေအတွက် ဗဟုသုတ ရစေသလို အမှောင်နဲ့မလွတ်တဲ့ ကြယ်လေးတွေ အကြောင်းကိုလည်း သိခွင့်ရခဲ့ပါတယ် ..
ဒီရထားလမ်း ဖောက်လုပ်ရာ လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေကတော့ ဒီစာအုပ်ကိုဖတ်ပြီးရင် ပြန်ပြောင်းသတိရပြီး တောက်တခေါက်ခေါက်ဖြစ်နေမလား .. စုတ်တသပ်သပ်ဖြစ်နေမလား ဆိုတာကတော့ ..
ဇာတ်လမ်းအကျဉ်းချုပ်ပြောရမယ်ဆို ဒီရထားလမ်းကြီးဖောက်ဖို့အတွက် တပ်မတော်မှ ရထားလမ်း တစ်လျှောက်၀န်းကျင်မှာရှိတဲ့ ရွာတွေကို တစ်အိမ်တစ်ယောက် လုပ်အားပေး စေခိုင်းပါတယ် .. ပိုက်ဆံတတ်နိုင်တဲ့ လူတချို့သာ လုပ်အားပေးကို လူစားထိုးပီး ထည့်လိုက်နိုင်တာပါ .. လူအများစုကတော့ မိသားစုနဲ့ ခွဲခွာပြီး လုပ်အားပေးဖို့ ရထားလမ်းကို ရောက်လာကြရပါတော့တယ် ..
ရထားလမ်းမှာ လုပ်အားပေးကြတော့ ကိုယ့်ထမင်းကိုယ်ကျောင်းပီး ကြီးတော်နွားကျောင်းရတဲ့ အဖြစ်တွေနဲ့ ကြုံရပါတော့တယ် .. နေရေး စားရေး ပြဿနာတွေလည်း အတော်လေး အဆင်မပြေဖြစ်ကြရတယ် .. အုပ်ချုပ်သူတွေရဲ့ ဆူပူကြိမ်းမောင်းမှု ၊ အပြစ်ပေးမှုတွေကို ခံရတဲ့အပြင် အဆိုးဆုံးကတော့ အမျိုးသမီးလေးတွေရဲ့ ဘ၀ကို ခြွေဖျက်ကြတဲ့ ပန်းစားဘီလူးတွေရဲ့ ဒဏ်ကို ကြုံတွေ့ရတာပါပဲ ..
ဒီအဖြစ်အပျက်တွေဟာ စာရေးသူကြောင့်သာ သိခွင့်ရခဲ့တာ ဖြစ်ပြီး မဟုတ်ရင် တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမယ့် မှတ်တမ်းတွေသာ ဖြစ်ပါတယ် .. စာအုပ်လေးထဲမှာပါတဲ့ ရေးဟန်ကလည်း အညာလေဖြစ်တာကြောင့် ဖတ်ရတာ ဇာတ်ကကြွပြီး လက်ကမချချင်ဖြစ်ရပါတယ် ..
ကျွန်တော်ကတော့ အကယ်၍များ ဤရထားလမ်းကိုရောက်ဖြစ်ခဲ့မည်ဆိုလျှင် ပျက်စီးကြွေလွင့်သွားသော အမှောင်နဲ့ မလွတ်တဲ့ ကြယ်လေးများအား သင်တို့၏ မသိမသာ ဇာတ်လမ်းလေးတချို့ကို လူသားတချို့ သိပြီဆိုတဲ့အကြောင်း ပြောပြလိုက်ချင်ပါရဲ့ …..
#အမှောင်နဲ့မလွတ်တဲ့ကြယ်တွေ
#ဘိုဘိုသန့်ဇင်
#ပန်းဆက်လမ်း
#၂၀၂၁ခုနှစ်ဇူလိုင်လ
#အုပ်ရေ၁၀၀၀
#တန်ဖိုး၃၀၀၀ကျပ်
#PyaeArKar
Tin Nwet Nwet Win –
အစကအဆုံးထိ လက်ကမချနိုင်ခဲ့တဲ့စာအုပ်လေးပါ။ အညာဒေသကိုကိုယ်တိုင်ရောက်သွားသလိုခံစားရပြီးစာရေးသူကလဲ ကလောင်သစ်လို့မထင်ရပောင်ကိုဝတ္ထုက ရုပ်ကြွလွန်းနေတယ်။ ဖြစ်ရပ်မှန်တစ်ခုလို့တကယ်ခံစားရစေတယ်။
Shwe Zin Aung –
“ကြယ်စင်လမ်းပျောက်
အမှောင်ရောက်ရင် ကိုယ်တစ်ယောက်ထဲ
ကြောက်တယ်”
အဲ့ဒါလေးစတွေ့တုန်းကဆိုရင်ချစ်စရာကောင်းလိုက်တာ
ကြည်နူးစရာကောင်းမှာပဲလို့တွေးခဲ့မိတယ်
ဒါပေမယ့် တကယ်တမ်းဖတ်ကြည့်မိလိုက်တော့
ထင်တာနဲ့မြင်တာလွဲသွားတယ်ပဲပြောရမလား
ဟုတ်တာပဲ……..
တကယ်တမ်းကျဖတ်ကြည့်လိုက်တော့လုံးဝရင်နင့်စရာဇာတ်လမ်းလေးတစ်ပုဒ်ပဲ
အဲ့တော့စာအုပ်လည်းဖတ်ပြီးရော…
“ကြယ်စင်လမ်းပျောက်
အမှောင်ရောက်ရင် ကိုယ်တစ်ယောက်ထဲ
ကြောက်တယ်”
ဆိုတဲ့စာသားလေးဟာချစ်စရာကောင်းတဲ့
စာသားလေးမဟုတ်ပဲ
ဖတ်မိလိုက်ရုံနဲ့ရင်နင့်စရာစာသားလေးပဲဆိုတာသိခဲ့ရတယ်
(ချစ်တဲ့သူသေ သွားလို့သနားစရာနဲ့ရင်နင့်စရာအဖစ်အပျက်တွေနဲ့ ချိုမာ)
ချစ်တဲ့သူရော ဘဝပါဆုံးရှုံးခဲ့ရတဲ့ ချိုမာ…
သနားပြီးရင်နာလွန်းလို့ ထပ်ပီးမတွေးချင်တော့ဘူး
အသစ်တွေလည်းထပ်ပီးစောင့်မျှော်နေပါတယ်..
#ß / Ą#