အသောကနှင့် သူ၏ဓမ္မဝါဒ

( 0 မှတ်ချက်)

2500 (ကျပ်)

အသောကသည် ကမ္ဘာ့သမိုင်း၌ အကျော်ကြားဆုံး ဘုရင်တစ်ပါးဖြစ်သည်။ အသောကသည် စစ်တိုက်သည့် နေရာ၌ ကျော်ကြားသည်။ ငြိမ်းချမ်းရေး တည်ဆောက်သည့် နေရာ၌လည်း  ကျော်ကြားသည်။ အုပ်ချုပ်သည့်နေရာ၌လည်း ကျော်ကြားသည်။ မြန်မာနိုင်ငံ၌ကား ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင် စသည် လှူဒါန်းသည့် သာသနာ့ဒါယကာ သီရိဓမ္မာသောက မင်းကြီး အဖြစ် အထူးပင်ကျော်ကြားနေပေသည်။
အသောကဘုရင်သည် ကလိင်္ဂကျူးကျော်စစ်ပွဲ၌ လူပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် သူ့ကို
စဏ္ဍာသောက ( ရက်စက်ကြမ်းကြုတ်သော အသောက) ဟုခေါ်ကြသည်။ သို့သော် ကလိင်္ဂစစ်ပွဲသည် သူ၏ဘ၀လမ်းကြောင်းကို ပြောင်းလဲပေးလိုက်သည်။ ကလိင်္ဂစစ်ပွဲ၏ အနိဌာရုံများသည် သူ့အား စဏ္ဍာသောကအဖြစ်မှ သီရိဓမ္နာသောကအဖြစ်သို့ ပို့ပေးလိုက်လေသည်။ ကလိင်္ဂစစ်ပွဲတွင် တွေ့ကြုံရသည့် စစ်၏ ဆိုးကျိုးများကြောင့် အသောကဘုရင်သည် သတိသံဝေဂရပြီးလျှင် စစ်တိုက်ခြင်းကို လုံး၀စွန့်လွှတ်လိုက်ပြီး ငြိမ်းချမ်းရေးမြတ်နိုးသည့် ဘုရင်တစ်ပါးဖြစ်လာသည်။
ယခုစာအုပ်တွင် စစ်ကို ငြီးငွေ့မုန်းတီးသွားပြီး ငြိမ်းချမ်းရေးသို့ ရှေးရှုလာသော အသောကဘုရင်၏ ဘ၀ခရီးလမ်းကြောင်းကို ဖတ်ရှုရမယ့် သမိုင်းအတ္ထုပ္ပတ္တိစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

119

စာအုပ်အရွယ်အစား

5.9 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးကျော်သူစာပေ 2020 နိုဝင်ဘာလ(ဒု-အကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အသောကနှင့် သူ၏ဓမ္မဝါဒ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဒေါက်တာဦးသန်းထွန်း(ရွှေဘို) စာအုပ်များ