ဒလိုင်းလားမား
4500 (ကျပ်)
“စိတ်ချမ်းသာခြင်းဆိုသည်မှာ
အဆင်သင့်ရှိပြီးသားအရာမဟုတ်။
ကျွန်ုပ်တို့ ဖန်တီးလုပ်ယူမှသာ
ရရှိနိုင်သောအရာဖြစ်သည်”
-ဒလိုင်းလားမား
ဒလိုင်းလားမားသည် ကမ္ဘာတစ်လွှား ငြိမ်းချမ်းရေးစကားများ ဟောပြောခြင်းနှင့်အတူ တရုတ်အစိုးရလက်အောက်မှ တိဗက်ဒေသ လွတ်လပ်ရေးနှင့် အခွင့်အလမ်းများအတွက် ရေရှည်တိုက်ပွဲဝင်နေသည့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်သလို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်သည်။ ‘ဒလိုင်း’ ဟူသော အဓိပ္ပာယ်မှာ သမုဒ္ဒရာဖြစ်၍ ‘လားမား’ဟူသော အဓိပ္ပာယ်မှာ ဆရာဖြစ်သည်။ ဒလိုင်းလားမားကို တိဗက်တို့၏ ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြသည်။ ပထမဆုံး ဒလိုင်းလားမားမှာ ၁၄၀၀ ပြည့်နှစ်အတွင်း သက်ရှိထင်ရှားရှိခဲ့ပြီး ထိုအချိန်မှ ယနေ့အချိန်အထိ ဒလိုင်းလားမား ၁၄ ယောက်မြောက်ရှိပြီဖြစ်သည်။ ယနေ့ရှိသော ဒလိုင်းလားမားမှာ ‘တင်ဇင်ဂျယက်ဆို’ ဖြစ်သည်။ ဒလိုင်းလားမား ကွယ်လွန်သည့်အခါ သူ့ဝိညာဉ်သည် အခြားခန္ဓာကိုယ်တစ်ခုတွင် ဝင်စား၍ ကမ္ဘာကြီးတွင် ပြန်လည်မွေးဖွားလာခဲ့သည်ဟု ယုံကြည်ကြသည်။ ဒလိုင်းလားမားသည် တိဗက်လူမျိုးများကို ဆက်လက်ဦးဆောင်၍ ကရုဏာတရားတွေကိုလည်း မျှဝေပေးနေလေသည်။
စာမျက်နှာ | 192 |
---|---|
စာအုပ်အရွယ်အစား | 5.7×0.4×8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 ဇူလိုင်လ (ဒုတိယအကြိမ်) |
27 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ