ဒီအသင်းဘယ်လိုလုပ်မှ အောင်မြင်မှာလဲ

( 2 မှတ်ချက်)

2500 (ကျပ်)

အသင်းဆိုတာဘာလဲ၊ အသင်းအဖွဲ့စိတ်ဓာတ်က ဘာတွေလဲ၊ အသင်းခေါင်းဆောင်ဘယ်လိုရွေးမလဲ၊
အသင်းဘယ်လိုဖွဲ့စည်းမလဲ စတာတွေအပြင် ခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုဘယ်လိုကွာခြားသလဲ ဆိုတာတွေကို ရေးသားထားတာဖြစ်ပါတယ်။
အသင်းဆိုတဲ့နေရာမှာ အခြေခံကျောင်းတွေမှာ အသင်းအဖွဲ့ ဖွဲ့စည်းတာကစလို့ နိုင်ငံရေးအသင်းအဖွဲ့အတွေအထိ အကျုံးဝင်ပြီး၊ လက်တွေ့အသုံးချကျင့်သုံးနိုင်တာကြောင့် အားလုံးအတွက် အသုံးဝင်
မယ့်စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

108

စာအုပ်အရွယ်အစား

5.4 x 0.25 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ACADEMIC စာပေ၊ 2020 ဩဂုတ်လ (ပ-ကြိမ်)

Out of stock

ဒီအသင်းဘယ်လိုလုပ်မှ အောင်မြင်မှာလဲ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. မပန်းအိခိုင်

    ကျမ တို့ လူ့ အဖွဲ့အစည်းတခု လုံး အတွက် တကယ့် ကို အသုံးချ နိုင်တဲ့ စာအုပ်ကောင်း တ အုပ်ပါ..
    လူဆိုတာကလဲး တယောက်ထဲ တဦးထဲ နေလို့ ရတဲ့ သူတွေ မဟုတ်လေတော့. ..အဖွဲ့ အစည်းတွေ တည်ထောင်တဲ့ အခါ..ကိုယ်ပိုင် စီးပွားရေးလုပ်တဲ့အခါပဲဖြစ်ဖြစ်..ဝန်ထမ်းအုပ်ချုပ်တဲ့ သူ ပဲ ဖြစ်ဖြစ်…ကိုယ်ဟာ ဘယ်လို ခေါင်းဆောင် ဖြစ်နေတယ် ကိုယ့် အဖွဲ့ အစည်းဟာ ဘယ်လို ဖြစ်နေတယ် အစ ရှိသဖြင့် ‌စဉ်းစာ တွေးတော ချိန်ဆ နိုင်ပါတယ်..ပြန်လဲ သုံးသပ် လက်တွေ့ အသုံးချ နိုင်ပါတယ်..အဲ့ ဒါကြောင့် တကယ့် ကို လိုအပ်တဲ့ စာအုပ်ကောင်း တအုပ်ပါ

  2. ဒေါက်တာလဲ့လဲ့ဝင်း

    ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ “အသင်း” “အဖွဲ့” နဲ့ကင်းပြီးနေထိုင်လုပ်ကိုင်လို့မရပါဘူး။ ပုဂ္ဂလိက ရော အစိုးရ အလုပ်တွေမှာပါ စီမံခန့်ခွဲ ကွပ်ကဲတဲ့နေရာက လုပ်ကိုင်ဆောင်ရွက်နေကြရသူတွေအဖို့ လက်တွေ့ကျတဲ့ “ဆောင်ရန်-ရှောင်ရန်” အချက်များကို စနစ်တကျ မီးမောင်းထိုးပြတဲ့ စာအုပ်ကောင်းတစ်အုပ်မို့ အောင်မြင်စွာဦးဆောင်တတ်ချင်သူတိုင်း ဖတ်-မှတ်-တွေး-ကျင့်သင့်တယ်လို့ဆိုချင်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

အောင်ကျော်ဦး(မဟာဝိဇ္ဇာ) စာအုပ်များ