ခရူးဆိတ်စစ်ပွဲများ

( 1 မှတ်ချက်)

13000 (ကျပ်)

▪️ ခရူးဆိတ်စစ်ပွဲများကြောင့် အစ္စလာမ်နှင့် အနောက်တိုင်းသားတို့၏ သမိုင်းသည် သမိုင်းပုံစံအသစ်ဖြစ်လာသည်။ ခရစ်ယာန် ခရူးဆိတ်သူရဲကောင်းစစ်သည်များသည် အရှေ့အလယ်ပိုင်းဒေသသို့ ခက်ခဲကြမ်းတမ်းသော လမ်းကြောင်းများမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည်။ ပြီးနောက် သာသနာ့မြေတွင် မွတ်စလင်တို့နှင့် သွေးချောင်းစီးတိုက်ပွဲများ ဆင်နွှဲကြသည်။ မြို့သိမ်းပွဲများ သိမ်းပိုက်ပြီးနောက် မြို့ကိုကာကွယ်ရသော တိုက်ပွဲများ အကြိမ်ကြိမ် ဆင်နွှဲရသောကြောင့် တိုက်ပွဲအတွေ့အကြုံ များစွာရရှိခဲ့ကြသည်။

▪️ မွတ်စလင်တို့၏ ဘာသာသာသနာကို စော်ကားပါက ဂျီဟတ် (Jihad) ခေါ် ဘာသာရေးစစ်ပွဲ (Holy War) ရှိသည်။ ခရစ်ယာန်တို့တွင် မရှိပေ။ သခင်ယေရှုသည် မေတ္တာတရားတစ်ခုတည်းသာ ဟောခဲ့ရာ ခရစ်ယာန်တို့အတွက် ကျေနပ်ဖွယ်မရှိခဲ့ပေ။ ယခု ပုပ်ရဟန်းမင်းကြီးက ခရစ်ယာန်တို့တွင်လည်း ဘာသာရေးစစ်ပွဲ ‘ခရူးဆိတ်’ (Crusades) ရှိလာခဲ့သည်။

▪️ ခရူးဆိတ်စစ်ပွဲများ၏ အစပိုင်းကာလများတွင် ခရစ်ယာန်တို့ အောင်ပွဲခံနိုင်ကြသော်လည်း နောက်ပိုင်းကာလများတွင် ဒေသခံမွတ်စလင်များက အောင်ပွဲခံခဲ့ကြသည်။ နောက်ဆုံးတွင် သာသာနာ့မြေနှင့် ဂျေရုဆလင်မြို့တော်ကြီးကို လက်လွှတ်ခဲ့ရသည်။

အစ္စလာမ်တို့နှင့် ခရစ်ယာန်ဘာသာဝင်တို့ ရာစုနှစ်ချီဖြစ်ပွားခဲ့သည့် ကမ္ဘာ့သမိုင်း၏ အထင်ရှားဆုံး သမိုင်းဖြစ်ရပ်စစ်ပွဲကြီးအကြောင်းကို အသေးစိတ်ဖတ်ရှုရမည့် သမိုင်းကြီးစာအုပ်ကြီးတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

533

စာအုပ်အရွယ်အစား

7.4 x1.2 x 10.3 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ ၂၀၂၀ ခုနှစ် ၊ ဇူလိုင်လ

4 in stock

ခရူးဆိတ်စစ်ပွဲများ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. မျိုးသွင်ဦး

    ဆရာကိုကိုလေးရဲ ကိုယ်ရေးရာဇ၀◌င်လိုချင်လိုပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကိုကိုလေး စာအုပ်များ