CRPP (ခေါ်) ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
5000 (ကျပ်)
မြန်မာ့နိုင်ငံရေးသမိုင်း၊ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းတွင် CRPP (ခေါ်) ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဤမည်သော CRPP ဆိုသည့် အဖွဲ့အစည်းအား မည်သို့ မည်ပုံဖွဲ့စည်းတည်ထောင်ခဲ့သည်။ သမိုင်းတင်၊ သမိုင်းဝင်သည့် ဆောင်ရွက်ချက်များကို မည်သို့ မည်ပုံလုပ်ဆောင်ခဲ့သည်တို့ကို အဆိုပါ CRPP ကို စတင်ဖွဲ့စည်းစဉ်ကတည်းက ကိုယ်တိုင်ဦးဆောင်ပါဝင်လှုပ်ရှား ဆောင််ရွက်ခဲ့သည့် CRPP အတွင်းရေးမှူး ဦးအေးသာအောင်က သမိုင်းနောက်ခံ အခြေအနေများနှင့်အတူ ၎င်း၏ ကိုယ်တွေ့ဖြတ်သန်းမှုများ၊ ကြေညာချက်များ၊ စာရွက်စာတမ်း အထောက်အထားများနှင့်တကွ ယခု CRPP (ခေါ်) ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ဟူသော စာအုပ်တွင် အပြည့်အစုံ မှတ်တမ်းတင်ရေးသားဖော်ပြထားပါသည်။
စာမျက်နှာ | 368 |
---|---|
စာအုပ်အရွယ်အစား | 6.9 x 0.6 x 9.6 inches |
ပုံနှိပ်မှတ်တမ်း | ရွှေပြည်တန်စာပေ ၂၀၂၀ ၊ ဩဂုတ်လ (ပ-ကြိမ်) |
12 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ