Covid နေ့စွဲများ

( 0 မှတ်ချက်)

3500 (ကျပ်)

ဆရာတော် အရှင်ပညာသီရိ(ရမ္မာကျွန်း) ဟာ လူဝတ်ကြောင်နဲ့ ဝိပဿနာ အပါအဝင် တရားစာအုပ်တော်တော်များများကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်တဲ့ စာရေးသူဆရာတော်တစ်ပါးဖြစ်ပါတယ်။ စာရေးဝါသနာပါတာနဲ့အမျှ သူ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ဓမ္မစာပေတွေကို ပုံမှန်ရေးသားမျှဝေနေတတ်ပါတယ်။
ယခု ကိုဗစ်နေ့စွဲများ စာအုပ်ဟာ ဆရာတော် နာတာရှည်အဆုတ်ရောဂါအခံနဲ့ ကိုဗစ်ကို ရင်ဆိုင်နေရရင်းက ရေးဖြစ်တဲ့အားပေးစာစုလေးတွေကို စုစည်းထုတ်ဝေလိုက်တာဖြစ်ပါတယ်။ တရားနဲ့ဝေးသူတွေပါနှလုံးသွင်းဆင်ခြင်နိုင်မယ့်နည်းလေးတွေကို ပြန်လက်ဆင့်ကမ်းမျှဝေတာလည်း ဖြစ်ပါတယ်။
♦️ ဝေဒနာကိုရင်ဆိုင်လာရတဲ့အခါ ကြုံလာတဲ့ချောက်ချားမှု၊ စိုးရိမ်ပူပန်မှုတွေကို မှန်ကန်တဲ့နှလုံးသွင်းနဲ့ဖြေဖျောက််ချင်တယ်
♦️ကိုယ်ချစ်ရတဲ့သူတွေကိုလည်း စိတ်လက်ကြည်သာနဲ့ ဝေဒနာလျော့ပါးစေချင်တယ်ဆိုရင် ဖတ်ကြည့်သင့်၊ ဖတ်ပြသင့်တဲ့စာစုလေးတွေဖြစ်ပါတယ်။
စာမျက်နှာ

208

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စာပေလောက(၆)၊ 2021 စက်တင်ဘာလ (ပ-ကြိမ်)

19 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“Covid နေ့စွဲများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

အရှင်ပညာသီရိ(ရမ္မာကျွန်း) စာအုပ်များ