ကိုဗစ် 19 အော်ပရာ (20% OFF)
2800 (ကျပ်)
ယခုစာအုပ်တွင် ကပ်ဘေးကာလ ရှစ်ထပ်တိုက်တစ်လုံးမှာ ပိတ်မိနေသူတစ်စုနှင့် သူတို့နဲ့ယှက်နွယ်မိသူတချို့ အကြောင်း…မော်ဒန်ပန်းချီဆရာ မင်းခန့်၊အငြိမ်းစားဗိုလ်မှူးဟောင်း ကျော်စွာနှင့် သူ့သမီးတယောပညာသည် နွယ်နွယ်၊လက်ဝဲယိမ်းကဗျာဆရာမြစ်နီ၊ရေသန့်ဗူးပို့တဲ့ ရာဂျူး၊ဘာသာစကား လေးမျိုးတတ်သည့်ကြက်တူရွေးပိုင်ရှင် လမ်းမှူးဦးသက်တင်၊မျက်မမြင်ဒုက္ခိတအမေနှင့် ကာရာအိုကေအဆိုတော် ကောင်းကင်၊၈၈အရေးတော်ပုံနှင့်အလုပ်ပြုတ်ခဲ့သော ဒဿနိက ကထိကဦးအောင်မြတ်၊အနုကြမ်းစီးရင်း မိသားစုငါးယောက်လုံး အသတ်ခံရသဖြင့် တစ္ဆေခြောက်သည်ဟု နာမည်ကြီးကာ အမြဲပိတ်ထားရသည့် အခန်း၁၃၊ဘလက်ဟိုလ်းထမင်းဆိုင်မှ ကလေးတစ်ယောက်အမေ တစ်ခုလပ်မလေးသက်ပန်၊အိမ်တကာလှည့် အဝတ်လျှော်သူ ဒေါ်ထား၊ကပ်ရောဂါကာလရောက်မှ ရုတ်တရက်ပေါ်လာသည့် လေလွင့်ကြောင်တစ်ကောင်နှင့် သက်ရှိဇာတ်ကောင်များစွာ…ဤကပ်ကာလကြီးအတွင်း သူတို့၏ရုန်းကန်ရမှုများ၊ သူတို့၏တွေးမြင် ယူဆမှုများ၊ သူတို့၏ဝေဒနာများ၊သူတို့၏ဝမ်းစာ၊အချစ်၊သေခြင်းတရား၊လိင်ကိစ္စ၊လူမှုရေး၊နိုင်ငံရေး၊ဘာသာရေး၊အနုပညာ၊အိပ်မက် များကို ဖတ်ရှုရမှာဖြစ်ပါတယ်။
စာမျက်နှာ | 177 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | အိမ်မက်အသစ်စာပေ ၊ 2020 ဒီဇင်ဘာလ (ပ-ကြိမ်) |
14 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ