တိုင်းပြည်၊ နိုင်ငံတော်နှင့် အင်စတီကျူးရှင်းများတည်ဆောက်ခြင်း

( 0 မှတ်ချက်)

6000 (ကျပ်)

ဤစာအုပ်သည်၊ နိုင်ငံတစ်ခုတည်ဆောက်ရေးတွင်စာရင်းအင်းပညာ၏ အရေးပါမှုကို ဖော်ထုတ်တင်ပြထားသော၊ စာရင်းအင်းပညာနှင့် နိုင်ငံတော်တစ်ခုတည်ဆောက်ရေး ဆပ်စပ်နေသော အကြောင်းအရာများကို သက်ဆိုင်ရာနယ်ပယ်အလိုက် တို့ထိ၊ သုံးသပ် ဖော်ပြထားသော စာအုပ်ဖြစ်သည်။

စာရင်းအင်းပညာဟူသည် ရှုပ်ထွေး၊ကျယ်ပြန့်သည့် ကိန်းဂဏန်းများ၊ ဇယားများ၊ ဂရပ်များ၊ ပုံပြကားချပ်များတွင်သာ အဆုံးသတ်သည်မဟုတ်ဘဲ လူတို့၏ နေ့စဉ် လူမှုစီးပွားဘဝ၊ အပြုအမူများအထိ ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ် အဖြေရှာနိုင်သော ဘာသာရပ်တစ်ခုဖြစ်ကြောင်း၊ အကြောင်းအရာတစ်ခုခုကို ဘာသာရပ်ဆိုင်ရာ ချဉ်းကပ်မှု၊ ကျင့်ဝတ်၊လုပ်ထုံးများနှင့်အညီ ခွဲခြမ်းစိတ်ဖြာကြည့်ပြီး နိုင်ငံတည်ဆောက်ရေးတွင် အသုံးချနိုင်ကြောင်း သီအိုရီများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ဥပမာ ဥပမေယျများ၊ နမူနာအဖြစ်အပျက် (Case Study) များဖြင့် နှိုင်းယှဉ်ချိန်ထိုး သုံးသပ်ဖော်ပြထားသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏ အတိတ်၏သမိုင်း၊ ပစ္စုပ္ပန်၏ ပေးထားချက်များနှင့်အညီ အနာဂတ်အတွက် ပြိုင်ပွဲစည်းမျဉ်းများ(Rules Of Game) ပေါ်ထွက်လာပြီး ထိုစည်းမျဉ်းများနှင့် လျော်ကန်သော အရပ်ဘက်၊ စစ်ဘက်၊ ပုဂ္ဂလိကဘက်၊ နိုင်ငံပိုင်ဘက်၊ ပါတီဘက်၊ တစ်သီးပုဂ္ဂလဘက်၊ အစိုးရဘက်၊ အတိုက်အခံဘက် အစရှိသည့် ဘက်ပေါင်းစုံသော အင်စတီကျူးရှင်းများ ဖြစ်တည်ပေါ်ပေါက်လာစေရန် နိုင်ငံတော်၏ အရှိတရားများကို အခြေခံ၍ စာရင်းအင်းပညာ ရှုထောင့်မှ တင်ပြထားသည်။
ထို့ပြင် စာရင်းအင်းပညာရှင်တစ်ယောက်၏ ကိုယ်ပိုင်တွေးဆချက်များကိုလည်း ဖတ်ရှုမည်ဖြစ်သည်။

စာမျက်နှာ

270

စာအုပ်အရွယ်အစား

6.8 x 0.5 x 9.8 inches

ပုံနှိပ်မှတ်တမ်း

Myanmar heritage၊ 2021 နိုဝင်ဘာလ (ပ-ကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တိုင်းပြည်၊ နိုင်ငံတော်နှင့် အင်စတီကျူးရှင်းများတည်ဆောက်ခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ) စာအုပ်များ