ဆက်ရန်ရှိသေးသည်
6000 (ကျပ်)
ချမ်းသာဟာ.. အင်မတန်လူဆန်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘဝဟာ အရာရာ အပြစ်ကင်းစင်ပြီး.. နေသားတကျတည်ငြိမ်နေတဲ့.. ဘဝမဟုတ်ပါဘူး။ စိတ်အားဖြင့်လည်းကောင်း၊ ကိုယ်အားဖြင့်လည်းကောင်း၊ အမြဲလှုပ်ခတ်နေသော ဘဝမျိုးပါ…။ ဒါကြောင့် သူ့ကို ဖန်တီးရေးဖွဲ့တာဟာ လုံးဝပျင်းစရာ မကောင်းခဲ့ပါဘူး။
ကျွန်မသူ့ကို ဇာတ်ကောင်တစ်ကောာင်အဖြစ် အသက်သွင်းမွေးမြူဖို့ စိတ်အားထက်သန်ခဲ့တာက… ကျွန်မတို့ သူသူငါငါ လူသတ္တဝါတွေစိတ်ထဲမှာ တိတ်တခိုးကျူးလွန်နေမိတတ်ကြတဲ့ အမှားတွေကို သူက ပေါ်ပေါ်တင်တင် မှားယွင်းပြရဲခဲ့သူမို့ပါ။ ပြီးတော့ ဝန်ခံတယ်.. ပြုပြင်တယ်.. ရှေ့ဆက်တယ်.. သူဟာ အပြစ်အနာအဆာတွေရှိတဲ့ ဇာတ်ကောင်ပါ…။ သူ့မှာ အမှားတွေ ရှိတယ်ဆိုရင် သူ့အမှားတွေက သင်ခန်းစာယူလိုက်ဖို့ပါပဲ။ ကိုယ်လည်း သူ့လို မှားခဲ့တယ်ဆိုရင် ပြန်ပြငို့ သူ့ဆီက ခွန်အားယူကြည့်ပါ…
စာဖတ်သူတွေအနေနဲ့ အမျိုးစုံ ဝိဝါဒကွဲပြားနိုင်ပေမဲ့… ဒါဟာ ဝတ္ထုစာအုပ်လို့တော့ သဘောပေါက်နားလည်းပေးစေချင်ပါတယ်။ perfect ဖြစ်တဲ့ ဇာတ်ကောင်တွေချည်းပဲဆိုရင် ဒီဝတ္ထုလည်း ဖြစ်လာစရာအကြောင်းမရှိပါဘူး။
#မွန်ဟော်စီ
စာမျက်နှာ | 196 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2023 ဇူလိုင်လ ၊ (န၀မအကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 1.9.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
18 in stock
Phyu –
ဖတ်လို့အရမ်းကောင်းသောစာအုပ်ဖြစ်ပါတယ်။ စာအုပ်ကိုစဖတ်တဲ့အချိန်မှာဆွဲဆောင်လွန်လို့ လက်ကနေမချနိုင်ပဲဆက်ပြီးဖတ်ချင်နေမိတယ်။ နောက်နေ့အလုပ်သွားရမှာဆိုလို့ဆက်မဖတ်ပဲအလုပ်ကပြန်လာတိုင်းဖတ်ရတဲ့စာအုပ်လေပါ။ ဆရာမစာအရေးအသားကြောင့်ဒေါသဖြစ်စရာနေရာရောက်သွားရင်တောင်ဒေါသမထွက်ပဲဇာတ်ကောင်ကိုပိုပြီးသနားနေမိတယ်။ ကျေးဇူးတင်ပါတယ်ဆရာမရယ်စိက်ကိုထားတတ်အောင်သင်ပြပေးလို့။ ဒီထက်ပိုပြီးဘဝအမောဖြေးနိုင်အောင်စာများများရေးပေးပါအုံးနော်။
Min Thu Kyaw Khaung –
ဇာတ်လမ်းက အချစ်/ အိမ်ထောင်ရေးဇာတ်လမ်းပါပဲ။ သာမန်လူတယောက်ရဲ့အိမ်ထောင်တခုမှ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝကို လှစ်ဟာပြထားတာတော့မဟုတ်ဘူး။ နည်းနည်းတော့ စိတ်ကူးယဉ်ဆန်တယ်။
အပိုင်း (၃)ပိုင်း ပါတယ်။ အဓိကဇာတ်ကောင် ချမ်းသာရဲ့ ဘဝအပြောင်းအလဲတွေကို အပိုင်း ၃ပိုင်းနဲ့ ဖော်ပြတာပေါ့။
ဇာတ်လမ်းကတော့ ဖတ်ရတာသွက်တဲ့ထဲပါတယ်။ အရေးအသားကမဆိုးဘူး… ဆွဲဆောင်နိုင်တယ်။ ဒါပေမယ့်လို့ ပြောစရာလေးတွေတော့ရှိနေတယ်။
🔴ဇာတ်ကောင်တဦးတည်းထံဗဟိုပြုလွန်းခြင်း
ဖတ်ရင်းနဲ့ ဘယ်လိုတောင်ခံစားလာရသလဲဆိုရင် ဇာတ်လမ်းထဲက အဖြစ်အပျက်တွေတိုင်းဟာ ဒီဇာတ်ကောင်အတွက်ရည်ရွယ်ပြီးဖြစ်ပျက်နေသလိုပဲလို့ ခံစားလာရတယ်။ အားလုံးဟာ ‘ချမ်းသာ’ ဆိုတဲ့ ဇာတ်ကောင်အတွက် ရေကန်အသင့်ကြာအသင့်ပဲဖြစ်လို့နေတယ် လို့တောင်ခံစားရတယ်။
🔴အဖြစ်အပျက် အလှည့်အပြောင်းများဟာ မှန်းဆရလွယ်နေခြင်း
ဒါကတော့ အရေးအသားနဲ့ ဆိုင်မယ်ထင်တယ်။ ဒါမှမဟုတ် တမင်မှန်းဆလို့ရအောင် အရိပ်အမြွက်တွေ ထည့်ထည့်ပေးထားတာလည်း ဖြစ်နိုင်တယ်။ စာရေးသူရဲ့ ဟန်ပေါ့။
🔴ရုပ်ဝတ္ထုပစ္စည်းများကို အသားပေးလွန်းခြင်း
ခြံတွေဝန်းတွေ ကားတွေ စတဲ့ ပစ္စည်းတွေကို တော်တော်လေး သိသိသာသာအသားပေးထားတာတွေ့ရတယ်။ မူရင်းစာရေးဆရာမကလည်း သူဌေးတွေသုံးတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ တော်တော်လေးအထိအတွေ့များဟန်တူပါတယ်။ ရုပ်ဝတ္ထုတွေနဲ့ ခြယ်သထားတာများတော့ စိတ်ခံစားချက်ကို ဖော်ညွှန်းရာမှာတော့ အားနည်းသွားတယ် ။
🟢လူသားတယောက်၏လိင်စိတ်ဖြစ်ပေါ်မှုကို ပွင့်ပွင့်လင်းလင်းဖွင့်ဟပြခြင်း
ဒီအပိုင်းကတော့ သဘောကျမိတဲ့ အပိုင်းပေါ့။ အိမ်ထောင်ကျအပြီးမှာ လိင်မှုကိစ္စကလည်း အိမ်ထောင်ရေးသုခအတွက် အရေးပါတဲ့အပိုင်းပါဝင်နေတာကိုး။ အိမ်ထောင်ရေးသုခပြည့်ပြည့်ဝဝမရတဲ့အခါ စိတ်ထွက်ပေါက်အနေနဲ့ လွန်ကျူးမိတာတွေကိုရေးသားဖော်ကျူးထားတာတွေ့ရတယ်။
Trauma healing အပိုင်းတွေထည့်ထားတာလည်း သဘောကျတယ်။