ကွန်ဖြူးရှပ်

( 0 မှတ်ချက်)

2000 (ကျပ်)

တရုတ်တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ် (ဘီစီ ၅၅၁-၄၇၉) ကို ယနေ့ တရုတ်နိုင်ငံ အရှေ့မြောက်ဖက်ရှိ ရန်ကုန် (shandong) ပြည်နယ်ရှိ လူ (lu) နိုင်ငံငယ်လေးတွင် ဘီစီ ၅၅၁ ခုက ဖွားမြင်သည်။ ငယ်စဉ်ကပင် ဖခင်ဆုံးပါးသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက်လာခဲ့သည်။ လူငယ်ဘ၀က အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့ဖူးပြီး ဝန်ထမ်းသက်အတော်ကြာမှ အလုပ်ထွက်ကာ အတွေးအမြင်များကို စတင်ဟောပြောပို့ချသည်။ ကွန်ဖြူးရှပ်ကို အတွေးအခေါ်ပညာရှင်သာမက ဘာသာရေးရှေ့ဆောင်အဖြစ်လည်း သတ်မှတ်ကြသည်။ ကိုရီးယားကျွန်းဆွယ်တွင် ဘာသာရေးအသွင်ဖြင့် ကိုးကွယ်သေးသည်။ တရုတ်လူမျိုးတို့အတွက်မူ ဘ၀လမ်းပြဒဿနဆရာကြီးအဖြစ် ကြည်ညိုပြီး သူ၏လမ်းစဉ်များကို လိုက်နာကြပါသည်။ ကွန်ဖြူးရှပ်၏ ဆုံးမစာများမှာ အစိုးရအုပ်ချုပ်ရေးကို ပဲ့ကိုင်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်များဖြစ်ပြီး တရုတ်လူမျိုးတို့အတွက် ကျင့်ဝတ်၊ အုပ်ချုပ်မှုရေးရာနှင့် လူမှုရေးရာ စံလမ်းညွှန်ချက်များအဖြစ် ယနေ့တိုင် ခိုင်မြဲနေဆဲဖြစ်သည်။

စာမျက်နှာ

112

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2020 ဇွန်လ၊ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကွန်ဖြူးရှပ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

ပန်းဆက်လမ်းအယ်ဒီတာအဖွဲ့ စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ