လူ့သဘော လူ့မနော အနှစ်ချုပ်

( 0 မှတ်ချက်)

9000 (ကျပ်)

လူတွေရဲ့ အမူအကျင့်တွေကိုကြည့်ပြီး
သင်ခန်းစာယူနိုင်သလို
ကိုယ့်စိတ်ကိုယ် ပြန်သုံးသပ်တတ်စေမယ့် စာအုပ်

နာမည်ကျော် 𝗧𝗵𝗲 𝟰𝟴 𝗟𝗮𝘄𝘀 𝗼𝗳 𝗣𝗼𝘄𝗲𝗿 စာအုပ်ကို ရေးသားသူ အမေရိကန်စာရေးဆရာနှင့် ပညာရှင် ‘Robert Greene’ ၏ နောက်ထပ် ကျော်ကြားတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ 𝗧𝗵𝗲 𝗖𝗼𝗻𝗰𝗶𝘀𝗲 𝗟𝗮𝘄𝘀 𝗼𝗳 𝗛𝘂𝗺𝗮𝗻 𝗡𝗮𝘁𝘂𝗿𝗲 … မြန်မာဘာသာပြန် စာအုပ်ဖြစ်ပါတယ်။

လူမှုပေါင်းသင်းဆက်ဆံရေးအတွက် အထူးသီးသန့်ရေးသားထားသည့် စာအုပ်ဖြစ်ပြီး မိမိအပါအဝင် ပတ်​ဝန်းကျင်ရှိ လူတို့၏ အမူအကျင့်အား ခန့်မှန်းလျက် စိတ်နေစိတ်ခံသဘောထားများအား နားလည်သဘောပေါက်စေနိုင်မည့် နည်းလမ်းများကို အထူးတင်ပြထားသည့် စာအုပ်ဖြစ်ပါသည်။ လူသားနှင့် လူ့စိတ်ကို ဘက်မလိုက်ဘဲ အကျယ်ချဲ့ရေးသားထားသည့် စိတ်ပညာဆိုင်ရာ စာပေလက်ရာလည်းဖြစ်ပါသည်။

လူ့စိတ်နှင့် ပတ်သက်သည့် ခေတ်ပြိုင်စာပေလက်ရာများ မြောက်များစွာရှိသည့်အနက် လူ့သဘော လူ့မနော၏ ထူးခြားချက်မှာ လူပီသစွာ နေထိုင်ခြင်း ရှုထောင့်မှနေ၍ ကိုယ်ကျင့်တရားထက် ဘဝအတွက် ရုန်းကန်ရှင်သန်ရမှုအပေါ် မဖြစ်မနေ မလွဲမသွေ တွေ့ကြုံရနိုင်သည့် ဖြစ်နိုင်ချေရှိသော လူမှုပေါင်းသင်း ဆက်ဆံရေးဆိုင်ရာ ပဋိပက္ခ အခက်အခဲများအတွက် လမ်းညွှန်ထားချက်များကို အကျယ်ချဲ့ တင်ပြထားသည့် စာအုပ်ဖြစ်ပါသည်။

စိတ်ပညာနှင့် ကိုယ်ကျင့်အဘိဓမ္မာ တက်ကျမ်းစာပေလက်ရာ ဖြစ်သည့်အတွက် အခြားသော သုတစာပေလက်ရာများထက် လေးပင်နိုင်သော်လည်း အချိန်ယူ၍ ဖတ်ရှုသွားပါက စာအုပ်အဆုံးတွင် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို စာဖတ်သူကိုယ်တိုင်ပင် လူ့စိတ်နှင့်ပတ်သက်၍ မယုံနိုင်လောက်အောင် ဉာဏ်အလင်း ပွင့်လန်းသွားနိုင်မည် ဖြစ်ပါသည်။

စာမျက်နှာ

255

စာအုပ်အရွယ်အစား

5.7 x 0.6 x 8 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ ၂၀၂၄ ဧပြီလ (ပထမအကြိမ်)

103 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လူ့သဘော လူ့မနော အနှစ်ချုပ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မောရိသျှ စာအုပ်များ