အသိတရား

( 2 မှတ်ချက်)

3000 (ကျပ်)

‘ဘ၀ပေးအသိ’ ဆိုသည့် အားကောင်းထိရောက်လှသည့် စာအုပ်သည် ၁၇၇၆ ခုနှစ် အမေရိကန်တော်လှန်ရေးကြီး စတင်ချိန်တွင် ကိုလိုနီပြည်နယ်များ၌ ရိုက်ခတ်သွားသည့် စာအုပ်ဖြစ်သည်။ သောမတ်စ်ပိန်း၏ ‘ဘ၀ပေးအသိ’ စာအုပ်သည် သုံးလအတွင်းမှာပင် စာအုပ်ပေါင်း ၁၂၀,၀၀၀ ရောင်းချရလေသည်။ ကိုလိုနီပြည်နယ်သားများအကြား ငြင်းခုံဆွေးနွေးနေကြသည့် ပုံစံကို လုံး၀ပြောင်းလဲပစ်လိုက်သည့် စာအုပ်လည်းဖြစ်သည်။ ဗြိတိန်နိုင်ငံလက်အောက်မှနေ၍ လုံး၀လွတ်လပ်ရေးရယူခြင်းသာလျှင် အမေရိကန်နိုင်ငံ၏ ကောင်းကျိုးချမ်းသာကို ဖန်တီးပေးနိုင်လိမ့်မည်ဟု စာရေးသူက ကြေညာခဲ့ပါသည်။ သောမတ်စ်ပိန်း၏ ‘ဘ၀ပေးအသိ’ စာအုပ်မပါဝင်ပါက အမေရိကန်တော်လှန်ရေးသည် တုံ့ဆိုင်းယိမ်းယိုင်သွားနိုင်ပြီး၊ အမေရိကန်နိုင်ငံသစ် ထူထောင်မှုသည်လည်း အကန့်အသတ်မရှိ နောက်ဆုတ်သွားနိုင်ပါသည်။
ကမ္ဘာကိုပြောင်းလဲစေခဲ့သော စာအုပ်များ (ထက်မြက်) -ကောက်နှုတ်ချက်

ပိန်းဟာ သူ့ခေတ်သူ့ခါအရ ဩဇာရှိတဲ့သူလည်းဖြစ်သလို၊ လူမုန်းလည်းများတဲ့ သူပါ။ သူ့အမြင်တွေက ခေတ်အလိုက် အဝင်ဆိုးသလို ဖြစ်နေခဲ့ပေမယ့်လည့်း သူပြောခဲ့သမျှ၊ သတိပေးခဲ့သမျှ ဖြစ်လာခဲ့တာတွေပါပဲ။ တချို့အယူအဆတွေက အစွန်းရောက်သလို ဖြစ်ကောင်းဖြစ်နိုင်သလို၊ အပြစ်ရှာတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ပိန်းကတော့ ခွစာဆိုတဲ့အတိုင်း အရှိကိုအရှိတိုင်းသာ ပြောခဲ့တာပါ။ ဒါပေမယ့် “အမှန်တရားနားခါး” တဲ့အတွက် ဒီနေ့ခေတ်မှာတော့ ပိန်းရဲ့လက်ရာတွေ၊ အမွေအနှစ်တွေက မေ့လျော့ခံဖြစ်နေခဲ့ပါတယ်။ အမေ့ခံခွစာကတော့ စစ်မှန်တဲ့တော်လှန်ရေး သူရဲကောင်းပီသစွာနဲ့ ထာ၀ရငြိမ်းချမ်းသွားခဲ့ပေမယ့် သူမျှော်လင့်ခဲ့တဲ့အတိုင်း ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော သုခဘုံကြီးဖြစ်ဖို့အတွက် အာဏာရူးတွေကို အမြစ်မဖြုတ်နိုင်သေးပါဘူး။ ခေတ်အဆက်အဆက်၊ ကမ္ဘာအနှံ့အာဏာရှင်တွေ ထရူးကြတိုင်း၊ သောမတ်ပိန်းရဲ့ အသိတရားစာစဉ်က အသက်ပြန်ဝင်လာပြီး ပိန်းရဲ့စကားလုံးတွေက လူတိုင်းရဲဲ့အသည်းထဲထိ “ထိ” အောင် လုပ်တတ်ပါတယ်။ နားထဲ ထိုးဝင်နေတတ်ပါတယ်။ ငြင်းလို့မရအောင် မှန်နေတဲ့အတွက် အမြင်ကတ်စရာတောင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရိုးခံ ခွစာတစ်ယောက်ရဲ့ အမှန်စကားကတော့ အသိတရားမဲ့သူတိုင်းရဲ့နားထဲမှာ ခါးနေဦးမှာပါပဲ။
အမေ့ခံခွစာ – အမှာစာကောက်နှုတ်ချက်

စာမျက်နှာ

96

စာအုပ်အရွယ်အစား

5.5 × 0.1 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 ဖေဖော်ဝါရီလ၊ (ပ-ကြိမ်)

24 in stock

အသိတရား အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Htike Htike Thu

    အမေ့ခံ ခွစာ (ခေါ်) Thomas Paine
    စာအုပ်ကပါးတော့ တစ်နာရီကျော်လောက်ဖတ်ရင်ပြီးပေမဲ့ အထဲမှာရေးထားတာတွေဖတ်ရတာ “တွေးမဆုံးပါ ကြောင်းမျိုးရာရာ” လို့ပြောရမဲ့စာအုပ်ပါ။
    လက်ဇင်တန်နဲ့ ကွန်းကော့ဒ်စစ်ပွဲဆိုတာ အမေရိကန်ကိုလိုနီတွေနဲ့ ဗြိတိန်တွေအကြားမှာ ပထမဦးဆုံးနဲ့ အကြီးဆုံးဖြစ်ခဲ့တဲ့စစ်ပွဲတစ်ခုဖြစ်ပါတယ်။ ကိုလိုနီ (၁၃)နယ် အမေရိကန်တွေ ဗြိတိန်ရဲ့ဖိနှိပ်မှုကိုမခံနိုင်ကြတော့တဲ့အဆုံးမှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ရုန်းထတဲ့ အချိန်ကာလတစ်ခုပါ။ ကိုလိုနီလက်နက်ကိုင်တွေဟာ ပြောက်ကျားတိုက်ကွက်တွေနဲ့ ဗြိတိန်တပ်တွေကိုဖျက်ဆီးခဲ့ကြတယ်။

    အမေရိက က အဲ့ဒီအချိန်တုန်းက နိုင်ငံကြီးရယ်လို့မဖြစ်သေးပါဘူး။ ကိုလိုနီနယ်တိုင်းဟာ ဗြိတိန်ရဲ့ လက်အောက်ခံမှာပဲရှိကြသေးတယ်။ အဲ့ချိန်တုန်းက ဖိနှိပ်ခံရလို့သာမကြိုက်လို့ ပြန်တော်လှန်နေကြပေမဲ့ သူတို့ဟာဘာကိုလိုချင်လို့တိုက်နေမှန်းမရေရာခဲ့ကြပါဘူး။ အဲ့တော့ အုပ်စုတွေ အများကြီးပေါ်လာကြတယ်။ ဗြိတိန်လက်အောက်မှာပဲ ဘဝဟာကံတရားပဲဖြစ်သမျှအကောင်းချည်းပဲဟေ့လို့သတ်မှတ်တဲ့အုပ်စုကတစ်ပိုင်း၊ ဗြိတိန်ကို လက်တွဲဖြုတ်ပြီးကိုယ်ပိုင်အစိုးရနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးလိုချင်တဲ့အုပ်စုကတစ်ပိုင်း၊ ဖိနှိပ်တာတွေ အကြမ်းဖက်တာတွေကို မခံစားနိုင်လွန်းလို့ လက်နက်ကိုင်ပြီးတောခိုသွားတဲ့အုပ်စုကတစ်ပိုင်းနဲ့ အသီးသီးအုပ်စုခွဲတွေပေါ်လာခဲ့တယ်။ အုပ်စုအားလုံးဟာ မတည့်ကြတာလည်း မဟုတ်ဘူး။ လျှောက်ချင်တဲ့လမ်းတွေလည်းမတူတာလည်းမဟုတ်ပြန်ဘူး။ ဒါပေမဲ့သူတို့ရဲ့ပြဿနာက သူတို့အားလုံးအတွက် အကောင်းဆုံးဖြစ်မလဲဆိုတဲ့ပန်းတိုင်မရှိတာဟာ အဓိကပြဿနာဖြစ်ခဲ့တယ်။ နောက်ဆုံးအမြင်မတူတာတွေများလာတော့ ကိုယ်ထင်ရာကိုယ်လုပ်မယ်ဆိုတဲ့အတွေးတွေဖြစ်နေချိန်မှာ Thomas Paineဟာ အသိတရားရှိကြစမ်းပါဆိုပြီး Common Sense လက်ကမ်းစာစဉ်လေးကို ထုတ်ခဲ့ပါတယ်။ ဒီစာစဉ်လေးဟာ ခေတ်ကာလတစ်ခုရောက်တိုင်းရောက်တိုင်းမှာ အာဏာရှင်တွေအာဏာရူးချိန်တိုင်း အသစ်ပေါ်လွင်လျက်ရှိနေမဲ့စာစဉ်လို့ပြောလို့ရတယ်။

    စာစဉ်ရဲ့အဓိကအချက်က အာဏာရှင်တွေကို အမြစ်ဖြတ်ရမယ်ဆိုတဲ့ အချက်ဟာ အဓိကအချက်တစ်ခုပါ။ ပြီးတော့ အာဏာရှင်တစ်ယောက်တည်းကိုတော်လှန်ရမှာမဟုတ်ဘဲ အာဏာရူးတွေထပ်မဖြစ်လာအောင်၊ ကြိုတင်ပြင်ဆင်တတ်ဖို့ကိုပါ ပြောထားပါတယ်။ နောက်တစ်ချက်ပြောထားတာက အကြမ်းဖက်၊ ဖိနှိပ်တာတွေကို ကိုယ်တိုင်ခံစားရ၊ မနာကျင်ရ၊ မနာကျင်ရတိုင်း ဖာသိဖာသာမနေသင့်တဲ့အချက်ရယ်၊ ဖာသိဖာသာနေထိုင်သူတွေဟာ ပိုပြီးအပြစ်ကြီးသူတွေဖြစ်ကြောင်းကို ပြောထားတယ်။

    သူ့အတွေးအမြင်ဟာ တဲ့တိုးဆန်တယ်။ အဲ့ဒါကြောင့်လည်း ခွစာလို့သတ်မှတ်ခံရတာ။ သူ့မှာ လက်ဝဲလက်ယာအယူအဆမရှိဘူး။ ဖြစ်ပျက်နေတဲ့အကြောင်းအရာရဲ့ အရှိအတိုင်းကိုပဲ အရိုးခံစိတ်နဲ့ ထောက်ပြတာ။ ဝေဖန်တာမျိုးလည်းမဟုတ်ဘူး။ အပြစ်ပြောတာမျိုးလည်း မဟုတ်ဘူး။ အဲ့ဒါကြောင့် သူ့ကို မုန်းသူတွေလည်းများသလို သူ့အကြောင်းကိုသိသူများကလည်း သူ့ကို ချစ်ကြတယ်။ သူပြောချင်တဲ့ရှုထောင့်က ဖြစ်ရပ်ကိုအခြေခံပြီး အရှိတရားကို အသိတရားနဲ့တွဲသုံးသပ်ထားတဲ့ ရှုထောင့်ကိုပြောသွားတာမျိုး။ စာဖတ်နေတဲ့သူကို အတင်းအကျပ်လက်ခံခိုင်းတာမျိုးလည်း မဟုတ်ဘူး။ ဝါဒမှိုင်းတိုက်တာမျိုးလည်း မဟုတ်ဘူး။ ကိုယ့်အသိတရားအတိုင်း လှလှပပ ခံယူခွင့်ပေးထားတယ်။ ဒါပေမဲ့ စာဖတ်သူကိုတော့ သူကမေတ္တာရပ်ခံထားတယ်။ သူ့စာကိုဖတ်ရင် အမြင်ကျယ်ကျယ်ထားပြီး အရာအားလုံကို ပွင့်လင်းစိတ်နဲ့ လက်ခံစိတ်ထားပြီး ဖတ်ရှုပေးပါလို့ မေတ္တာရပ်ခံထားတယ်။

    ဘာသာပြန်အရေးအသား တကယ်ကောင်းတယ်။ ရွေးချယ်သုံးနှုန်းထားတဲ့ စကားလုံးတိုင်းဟာ အကြောင်းအရာပေါ်မှာ ထိလွယ်၊ ငိုလွယ်တယ်။ ဘာသာပြန်သူရဲ့ အမှာစာထဲမှာ ပြောထားတဲ့ စာသားကို တော်တော်သဘောကျတယ်။ ခေတ်အဆက်ဆက် ကမ္ဘာအနှံ့နှံ့ အာဏာရှင်တွေ အာဏာထရူးတိုင်း Thomas Paine ရဲ့ အသိတရားစာစဉ်ဟာ အသက်ပြန်ဝင်နေဦးမှာပါတဲ့။ အသက်ပြန်ဝင်စေပြီး သူပြောတဲ့စကားလုံးတိုင်းဟာ မှန်နေလို့ အမြင်ကပ်စရာတောင်ဖြစ်နိုင်ပါတယ်တဲ့။ ဒါပေမယ့် ခွစာတစ်ယောက်ရဲ့ အမှန်စကားက တော့ အသိတရားမဲ့သူတိုင်းရဲ့ နားထဲမှာ ခါးနေဦးမှာပါပဲတဲ့။ ဒီစာအုပ် တကယ်မိုက်တယ်။ ခုလိုချိန်ခါမျိုးဖတ်ရတာ ပိုထိတယ်။

  2. Anonymous

    Like

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မောရိသျှ စာအုပ်များ