အရောင်များကို လုယက်ခြင်းနှင့် အခြားဝတ္ထုများ

( 0 မှတ်ချက်)

7500 (ကျပ်)

လောကပတ်၀န်းကျင်ကို အရောင်အသွေး စုံလင်စွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားသလို လူတွေ ၊ ဘ၀တွေဟာလည်း အရောင်အသွေးစုံလင်တဲ့ လောကဓံစုတ်ချက်တွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေပါပဲ။

အရောင်များဟာ နုရာမှသည် ရင့်ရာဆီသို့ ၊ရင့်ရာမှသည် နုရာဆီသို့ အမျိုးမျိုး ကူးပြောင်းရင်း ရှိတတ်သလို ဘ၀တွေဟာလည်း မြင့်ရာမှသည် နိမ့်ရာဆီသို့ …နိမ့်ရာမှသည် မြင့်ရာဆီသို့ စုန်ဆန်ချီ ရွေ့လျားဖြတ်သန်းနေကြရသည် မဟုတ်လား။ ဘ၀ရဲ့ အနိမ့်အမြင့်၊ အတက်အကျ လောကဇာတ်ခုံ အဖုံဖုံမှာ ကြုံဆုံရတဲ့ ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ တွေ့ကြုံဆုံကွဲခြင်းတွေကို ဒီစာအုပ်မှာ ရသမြောက်စွာ ဖတ်ရှုခံစား စီးမျောနိုင်မှာပါ။

ဒီစာအုပ်မှာဝတ္ထု (၈) ပုဒ်ပါဝင်ပြီး ထူးခြားချက်ဟာ အရောင်တွေကို ကိုယ်စားပြုလို့ အမည်ပေးဖန်တီးထားခြင်းပါပဲ။ လူတွေ ၊ ဘ၀တွေ ၊ ဇာတ်ကောင်တွေကို အရောင်အသွေးစုံလင်လှတဲ့ ခံစားမှု ကလောင်စုတ်ချက်နဲ့ ဖန်တီးရေးဖွဲ့ထားတဲ့ မတူညီတဲ့ ၀တ္ထု(၈)ပုဒ်၊ မတူညီတဲ့ ဇာတ်ကောင်တွေ၊ မတူညီတဲ့ အရောင်အသွေးတွေကြောင့် ဒီစာအုပ်ဟာ အရောင်အသွေး စုံလင်လှတဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုလိုက်ရသလို ခံစားသက်၀င်ရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

စာမျက်နှာ

167

စာအုပ်အရွယ်အစား

5.6 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 မေလ (ပထမအကြိမ်)

15 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အရောင်များကို လုယက်ခြင်းနှင့် အခြားဝတ္ထုများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သန်းမြင့်အောင် စာအုပ်များ