ကော်ဖီတွေ​နွေးနေဆဲဝယ်

( 0 မှတ်ချက်)

3500 (ကျပ်)

ကျွန်မက​တော့ ​​ကော်ဖီ​တွေ​နွေး​နေဆဲဝယ်လို့ ​ခေါင်းစဥ်​လေး​​ပေးထားပါတယ်။
ရိုးရိုးစင်းစင်း ဇာတ်လမ်းလားဆိုရင်​တော့လည်း မဟုတ်ပါဘူး။ ဇာတ်က အနိမ့်အမြင့် အတက်အကျ​တွေနဲ့ စိတ်လှုပ်ရှားစရာလားဆိုရင်လည်း ကျွန်မအ​ဖြေက မဟုတ်ပါဘူးရှင်။
​ကော်ဖီခါးဆိမ့်ဆိမ့်​လေးကို တဖြည်းဖြည်းချင်း စိတ်​မ​လောဘဲ အရသာခံ​သောက်ရသလို၊…သိပ်လှတဲ့ က​ချေသည်ရဲ့ ကကွက်​လေးကို ​ငေးရသလို…၊
ဒီဇာတ်လမ်း​လေးထဲမှာ ဗီလိန်မရှိ၊ ထူးခြားထက်မြက်ပြီး ကိုယ်ရည်​သွေးလွန်းတဲ့ ဇာတ်​ဆောင်​တွေလည်းမရှိပါဘူး။
#တိုကျိုမြို့က​ကော်ဖီဆိုင်​လေးဟာ အချိန်ခရီးသွားလို့ရတယ်လို့ ​မြို့ပြဒဏ္ဍာရီဆန်ဆန် နာမည်ကြီး​နေခဲ့တယ်။
ဒါ​ပေမဲ့ စည်းမျဥ်း​တွေက အလွန်များပြားရှုပ်​ထွေးလွန်းလို့ တစ်ဦးတစ်​ယောက်မှ ဒီအ​ကြောင်းက မှန်လား မှားလားဆိုတာကို မ​ဖော်ထုတ်နိုင်ခဲ့ကြဘူး။
###
ကိုယ်ဘယ်​သောအခါမှ ​တွေ့ဆုံခွင့်မရှိ​တော့ဘူးဆိုသူ​တွေကို ​နောက်ဆုံးတစ်ခါထပ်ဆုံ​တွေ့ဖို့ရာ ဒီ​ကော်ဖီဆိုင်​လေးမှာ ဖြစ်နိုင်တယ်။ ဒါ​ပေမဲ့လည်း​လေ..
​တွေ့ဆုံဖို့ရာ အချိန်ကနည်းလွန်းတယ်။ ​ကော်ဖီတစ်ခွက် ​အေးမသွားခင်​လေး…။တကယ်လို့သာ ​ကော်ဖီကို မ​အေးခင် အကုန် မ​သောက်နိုင်ခဲ့ဘူးဆိုရင် ကိုယ်ဟာလည်း ဝိညာဥ်တစ်​ကောင်အဖြစ်သို့ ဖြစ်သွားမယ်။.. ဒီ​ကော်ဖိဆိုင်​လေးရဲ့ လှို့ဝှက်လွန်းတဲ့ ထိုင်ခုံက​နေ ဘယ်​​​သောအခါမှ မလွတ်​မြောက်​တော့ဘူး…
ဒီလိုအန္တရာယ်များလှတဲ့ စည်းမျဥ်းကို လက်ခံရင်း ​ကော်ဖီ​တွေ​အေးစက်မသွားခင် အချိန်​လေးအတွက် စွန့်စားခဲ့သူ ​လေးဦးရှိခဲ့တယ်။
သူတို့ ဘာ​ကြောင့် စွန့်စားခဲ့ကြလဲ?
သူတို့ ဘယ်သူကို နှုတ်ဆက်စကားဆိုကြရလိမ့်မလဲ?
သူတို့ ဘာ​ကြောင့် ဒီ​ကော်ဖီဆိုင်​လေးဆီအ​ပြေးလာရင်း ငို​ကြွေးရ ​နောင်တရကြရပါလိမ့်။…
#ကော်ဖီ​​တွေ​နွေး​နေစဥ်မှာ ​သောက်သုံးရသလို ကိုယ့်​နံ​ဘေးက ချစ်ရသူ ခင်ပွန်း ဇနီး၊ ​မောင်နှမ ၊ ချစ်သူခင်သူ​တွေကို မြင်​တွေ့ခွင့် ပြုံးပြခွင့်ရတုန်းအခိုက်အတန့်ကို ​ထွေး​ပွေ့နိုင်ကြဖို့ရည်ရွယ်ရင်း…..
#​ကော်ဖီ​တွေ​နွေး​နေဆဲဝယ်

စာမျက်နှာ

217

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဆုပြည့်စုံထွန်းစာပေ၊၊ 2020 ဇန်နဝါရီလ(ပ-ကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကော်ဖီတွေ​နွေးနေဆဲဝယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သျှားသု စာအုပ်များ