တိမ်ရိပ်ခိုဘ၀များ
3000 (ကျပ်)
လူ့သဘောသည် ဆန္ဒစိတ်ကူးလောက၌ သာယာနစ်မွန်းလွယ်၏ ဒိဋ္ဌဓမ္မလောကနှင့် ကင်းကွာ၍ ဆန္ဒ စိတ်ကူးလောကကို တည်ဆောက်သည်။ထိုဆန္ဒလောကနှင့် ကင်းကွာ၍ ဆန္ဒ စိတ်ကူးလောကကို စာလုံး၊အသံ၊ဒြပ်၀တ္ထူ၊အသွေးအရောင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တည်ဆောက်ယူသည်။စင်စစ် ထိုလောကသည် လူကိုကြာမြင့်စွာခေါ်ယူထားနိုင်စွမ်းမရှိ သို့ဖြစ်၍ လူသည် ဒိဋ္ဌဓမ္မလောကသို့ ပြန်လည်ရောက်လာရပြန်သည်။
ဘ၀သည် တိမ်များကဲ့သို့ အမျိုးမျိုးအပြောင်းအလဲ မြန်ဆန်လွန်းလှသည် တိမ်ရိပ်ကို အစဉ်အမြဲ အေးချမ်းမှုရအောင် ခိုလှုံချင်သော်လည်း တိမ်ရိပ်သည် တစ်ခဏအတွင်း ပျောက်ကွယ်သွားတက်သည်။တိမ်တခဲနက်ကြည့်ရင်း ပျက်သွားတက်သည် လူ့ဘ၀သည်လည်း အကောင်းများကိုသာ အစဉ်ထာ၀ရ တွေ့ကြုံချင်သော်လည်း အဆိုးများနှင့်လည်း တွေ့ကြုံရတက်သေးသည်။မည်သည့်အရာမျှ အစဉ်အမြဲ တည်တံ့နေသည်မရှိ၊ ပြောင်းလဲနေတက်သည်သာ ယင်းကို သိမြင်နားလည်၍ ဘ၀အောင်မြင်မှု ရရှိအောင် စွမ်းဆောင်နိုင်ကြသူများသာ အောင်မြင်မှု၊ကြီးပွားမှု၊တိုးတက်မှုများ ရရှိကြမည်သာဖြစ်သည် ယင်းသဘောကို *တိမ်ရိပ်ခိုဘ၀များ*၀တ္ထုက ညွှန်းဆိုနေပါသည်…။
စာမျက်နှာ | 239 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ရသယဉ်စွန်းတန်းစာပေ၊ ဖေဖော်ဝါရီလ 2022 (ပ-ကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ