ရေကြည်ရေသန့် ဝတ္ထုတိုများ

( 1 မှတ်ချက်)

6000 (ကျပ်)

စာအုပ်လေးထဲမှာ

(၁) ” ဆရာတစ်ယောက် လိုချင်တယ် ” ဆိုတဲ့ အိမ်ကို ရောက်သွားတဲ့ သူတယောက်ရဲ့ အကြောင်း ( တပည့်အိမ် )
(၂) ကျော်မိသားစုထဲက ဘကြီးကျော်ရဲ့ အိမ်သာအညစ်အကြေးကို အသုံးပြုပြီး ရေကြည်ရေသန့် ပြုလုပ်နည်း ( ရေကြည်ရေသန့် )
(၃) အပြစ်တွေအမျိုးမျိုးကို ကျူးလွန်ခဲ့သော်လည်း ကျေးဇူးတင်ခံချင်လွန်းတဲ့ ခုံကျဲရဲ့အကြောင်း ( ဖျန်တင်တောင်ကြား )
(၄) ခရီးသွားရင် လမ်းမှာ တွေ့ခဲ့တဲ့ ကြက်တူရွေးကို အိမ်ပေါ် ခေါ်တင်လာမိတဲ့အထိ ကြက်တူရွေးရဲ့ စကားသံကို ပုံဖော်နေမိတဲ့ သူ ( ခရီးဆောင်ကြက်တူရွေး )
(၅) ချယ်ရီပန်းနဲ့တူတဲ့ ဖွားဘက်တော်ပန်းတွေ မြင်ရဖို့ စောင့်မျှော်နေသူ လင်မယားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ( ဖွားဘက်တော် )
(၆) မြေလတ်တစ်နေရာက ကိုဘရင် ၊ မိစိန် ၊ ကိုသာဌေးတို့ရဲ့ အကြောင်းကို သူတစ်ဦးတည်းကသာ သိလိုက်တဲ့ ခွေးပု ( မြေလတ်တစ်နေရာ )
(၇) ပတ္တမြားလက်စွပ်နဲ့ တလွဲလောကအကြောင်း ( ပတ္တမြားလက်စွပ် )
(၈) ” ဆင်နဲ့တိုင်းရင် မင်းက ငယ်တယ် ၊ ဆင်က ကြီးတယ် .. ပုရွက်ဆိတ်နဲ့တိုင်းရင် မင်းက ကြီးတယ် ၊ ပုရွတ်ဆိတ်က ငယ်တယ် ” ဆိုတဲ့ ဘဒွေးလေးရဲ့ ချက်ချင်း ချမ်းသာနည်း ဒဿနကို အဟုတ်မှတ်ခဲ့တဲ့ ကျော်စိန် ( ချက်ချင်း ချမ်းသာနည်း )
(၉) သူတော်စင်တယောက်ရဲ့အေးချမ်းမှု .. မုဆိုးတယောက်ရဲ့ ဝံ့ကြွားမှု ( သူတော်စင်နဲ့ မုဆိုး )
(၁၀) ရှေးရုပ်သေးမင်းသမီးကြီး အမေပု လက်တန်းစပ်ဆိုခဲ့သည့် တခေတ်တခါက မန္တလေးမှာ ရနိုင်သော အစားအစာစာရင်း သို့ သကြားမှန်ကူ အုန်းမှန်ကူ ( သကြားမှန်ကူ ၊ အုန်းမှန်ကူ )
(၁၁) ကမ္ဘာ့နိုင်ငံအသီးသီးက အလံတွေကို စိတ်ကူးအတိုင်း အရောင်တွေ ပြောင်းလဲပြီး ရေးခြယ်ခဲ့တဲ့ ဦးပဉ္စင်းဃောရဲ့ အကြောင်း …

အစရှိသည်တို့ကို မြင်တွေ့ရမှာပါ …..

စာမျက်နှာ

104(Woodfree Paper)

စာအုပ်အရွယ်အစား

5.5× 0.2 ×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ ဇူလိုင်လ ၊ (ပထမအကြိမ်)

10 in stock

ရေကြည်ရေသန့် ဝတ္ထုတိုများ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ဝတ္ထုတို ၁၁ပုဒ်လုံးက မတူတဲ့ ခံစားချက်မျိုးစုံ ရတယ်။တစ်ချို့အပုဒ်တွေဆို ပြောချင်တဲ့ အဓိပ္ပါယ်ဝှက်ရေးထားသလိုမျိုး
    လေးတွေပါတယ်။

    “ရေကြည်ရေသန့်”ဆိုရင် ဝတ္ထု
    နာမည်ကြည့်ပြီး ကိုယ်တွေးထင်ထားခဲ့သလို မဟုတ်ဘဲ ရယ်စရာ အသောလေးတဖြတ် ဖြစ်နေတာရယ်…။

    “တပည့်အိမ်”ဆိုရင်လည်း သင်ပေးရမယ့် ဆရာက တပည့်ပြန်ဖြစ်ရမယ့် အကွက်တွေပေါ့😁

    “ချက်ချင်းချမ်းသာနည်း”လေးရော ဖတ်ရတာ သူ့ဘာနဲ့သူတော့ ယုတ္တိရှိနေပြန်တယ်။

    အကြိုက်ဆုံးတစ်ပုဒ်ကတော့ “သကြားမှန်ကူ အုန်းမှန်ကူ” ရယ်ပါ။

    ဒီစာအုပ်ထဲ မတိုင်ခင် ဖတ်ဖူးထားတာလေးပေမယ့် သဘောကျလို့ နှစ်ခါလောက် ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဝင်းဖေ စာအုပ်များ