နာမည်ကျော်ကြားဂန္ထဝင်စကား
7000 (ကျပ်)
နာမည်ကျော်ကြားဂန္တဝင်စကား သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်များတွင် စာပေသင်ကြားနေသော ရဟန်းတော်များ၊ သီလရှင်များအတွက် အင်္ဂလိပ်လိုဟောတတ်ပြောတတ်စေရန် ရည်ရွယ်၍ ဆရာဘိုးလှိုင်သင်ကြားပို့ချခဲ့သော သင်ခန်းစာများကို စုစည်း၍ မြန်မာဗုဒ္ဓဘာသာ နိုင်ငံခြားသာသနာပြု ရဟန်းတော်များ ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ သံကြီးတမန်ကြီးများ ၊ အစိုးရအရာထမ်းပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များ နှင့်ပညာလိုလားကြကုန်သော အမျိုးကောင်းသားတို့အတွက် ရည်ရွယ်၍ စာအုပ်အဖြစ် ထုတ်ဝေခြင်း ဖြစ်ပါသည်။မိန့်ခွန်းပြောသောအလုပ်သည် လူတိုင်း နိစ္စဓူဝ လုပ်နေရသော အလုပ်မဟုတ်သော်လည်း လူတစ်လုံး သူတစ်လုံးအဖြစ် ရှေ့ဆောင်ရှေ့ရွက် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နေရသူများ အတွက် ပရိတ်သတ်ရှေ့ ၌ အင်္ဂလိပ်လိုမိန့်ခွန်း ပြောတတ်စေရန် ဂျဝါဟာလား နေရူး ၊ အေဗရာဟင် လင်ကွန်း ၊ ဂျွန် အက်ဖ် ကနက်ဒီ ၊ ဝင်စတန် ချာချီ၊ ဒေါက်တာဘမော် ၊ ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ် မက်အာသာ ၊ သမ္မတ ဖရင်ကလင် ဒီ ရုစဗဲ့ ၊ မာတင်လူသာကင်း ၊ ပက်ထရစ် ဟင်နရီ ၊ အင်နီဘေးဆန့် ၊ မာဂရက် ဆန်းဂါး တို့၏ ဂန္တဝင်မိန့်ခွန်းများကို ပုဂ္ဂိုလ်တစ်ဦးခြင်း၏ အတ္ထုပ္ပတ္တိ ၊ မိန့်ခွန်း၏နောက်ခံသမိုင်း ၊ မူရင်းအင်္ဂလိပ်ဘာသာမိန့်ခွန်း ၊ မြန်မာဘာသာပြန် ၊ ဝေဖန်သုံးသပ်ချက် ၊ဝါကျဖွဲ့ပုံ၊ စကားအသုံးအနှုန်း နှင့် စွဲကျန်ရစ်သောအသုံးအနှုန်းများ စသည်ဖြင့် ဘိုးလှိုင်က ရှင်းလင်းချက်များစွာဖြင့် မြန်မာပြန်ဆိုထားရာအင်္ဂလိပ်လို မိန့်ခွန်းပြောတတ်လိုသူများသာမက သမိုင်းဆိုင်ရာ ဗဟုသုတ နှင့် အင်္ဂလိပ်မြန်မာတွဲဖက် လေ့လာလိုသော သောတုဇန များအတွက် ရေးသားထားပါတယ်။
စာမျက်နှာ | 266 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.4 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | လွင်ဦးစာပေ 2023 ဇန်နဝါရီလ (ဒုတိယအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ