ချောကလက်ရောင်တိမ်တိုက်များ

( 1 မှတ်ချက်)

3000 (ကျပ်)

“ကမ္ဘာနဲ့အချစ်(အသစ်တစ်ခုစီသို့)”

ကိုယ်တို့အချစ်တွေပျက်စီးလို့လားမသိ
ကမ္ဘာကြီးလည်း ပျက်စီးစပြုလာပြီ

အချစ်တွေဟာ အတက်အကျဖြစ်သလို
ကမ္ဘာဟာလည်း လှုပ်လှုပ်ခပ်ခပ်

ပန်းချီကားထဲက မိုနာလီဆာလို
မင်းလည်း အမြဲမပြုံးနိုင်တော့…

အာလာဒင်မီးခွက်လို
မှော်အချစ်တွေလည်း မပေးနိုင်တော့…
ညစ်စရာတွေများလာရင်
အချစ်တွေလည်း ရှားလာကြပေါ့

သံသရာတကွေ့ကွေ့မှာ ပြန်ဆုံကြမယ် ရည်မှန်းရင်း
လာပါအချစ်ရယ်
ဒို့နှစ်ယောက်အတူ ကမ္ဘာဦးအစမှာ
နေရာသွားဦးထားကြပါစို့။

စာမျက်နှာ

45

စာအုပ်အရွယ်အစား

5.3×0.1×8.1 inches

ပုံနှိပ်မှတ်တမ်း

Book Case By Saw၊ 2023 ဩဂုတ်လ (ပထမအကြိမ်)

20 in stock

ချောကလက်ရောင်တိမ်တိုက်များ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thet Naing Aung

    ချောမုန်းဆိုတဲ့ ကဗျာတပုဒ်
    —————————————
    မွန်းကြပ်စရာကောင်းလွန်းလှတဲ့လောကကြီးထဲ
    စိတ်ရဲ့တံခါးတချပ်ဖွင့်လှစ်လိုက်ရသလိုပါပဲ
    ကဗျာတွေဟာ ကိုယ့်ကို (ကိုယ့်အတွေးတွေကို)
    လွတ်လပ်ပေါ့ပါးသွားစေခဲ့ပါတယ်။

    ကိုယ့်အတွက် ကဗျာဆိုတာ
    စကားလုံးအဆန်းတွေ ပြွတ်သိပ်ပြီး
    ပေါ်ပင်ဖြစ်ဖို့မလိုပါဘူး
    နှလုံးသားရဲ့တနေရာမှာ တပုဒ်လုံးဖြစ်ဖြစ်
    နှလုံးသားရဲ့တနေရာမှာ တပိုဒ်လေးဖြစ်ဖြစ်
    နှလုံးသားရဲ့တနေရာမှာ တကြောင်းလေးဖြစ်ဖြစ်
    ထင်ကျန်ရစ်ဖို့ပါပဲ။

    ” သံသရာတကွေ့ကွေ့မှာ
    ပြန်ဆုံကြမယ် ရည်မှန်းရင်း
    လာပါအချစ်ရယ် ဒို့နှစ်ယောက်အတူ
    ကမ္ဘာဦးအစမှာ နေရာသွားဦးထားကြပါစို့ ” …တဲ့။

    ကဲ ချစ်သူနှစ်ဦးရဲ့ချစ်ခြင်းမေတ္တာတရားကို ရေးဖွဲ့ထားတာမှာ ဘယ်မှာလဲ ဆန်းပြားတဲ့စကားလုံးတွေ။ ဆန်းပြားတဲ့စာသား အရေးအဖွဲ့မပါပဲ ကိုယ့်ရင်ထဲစွဲစေခဲ့တာတော့ အမှန်။

    ” သောက်ဖူးသမျှထဲမှာတော့
    သူပေးတဲ့စီးကရက်က
    စွဲမက်စရာအကောင်းဆုံးပဲလို့
    ကောက်ချက်ချမိတယ်။
    လာပါ အချစ်ရယ်
    ကိုယ်နဲ့အတူ
    မီးခိုးလေးတွေမှုတ်ထုတ်ရအောင်လား
    နိဗ္ဗာန်ထိမလိုပါဘူး အသက်ရှင်နေသရွေ့ထိပေါ့ ”

    မမြင်ရတဲ့နောက်ဘဝတွေထိ မျှော်လင့်ချက်မပေးဘူး။ အသက်ရှင်နေတဲ့အခိုက်အတန့်ထိ ဘယ်လိုချစ်ကြမလဲဆိုတာပဲ သူရေးပြတယ်။အဲ့မှာထိတာပဲ ။ ချစ်ခြင်းတရားဆိုတာ သေမှပိုက်ဆံအိတ်လေးထဲ ဓာတ်ပုံလေးထည့်ပြီး တစိမ့်စိမ့်ကြည့်ပြီး လွမ်းနေဖို့မှမဟုတ်တာပဲ။ အသက်ရှင်စဉ် နေ့ရက်တွေကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ အတူဖြတ်သန်းကြဖို့အဓိကပါပဲ။

    ” အရက်တခွက် ကျကွဲသွားရတာလဲ
    အသည်းကွဲတာပဲ
    ကမ္ဘာစစ်တွေဖြစ်လည်း
    အသည်းကွဲတာပဲ
    လူတွေရဲ့အဆင်မပြေမှူ့တွေမြင်လည်း
    အသည်းကွဲရပြန်တာပါပဲ ”

    ချောမုန်းရဲ့ ချောကလက်ရောင်တိမ်တိုက်များထဲ
    ကဗျာကယာ ၊ မောင် ၊ အလွမ်း သုံးပိုင်းပါဝင်ပြီး
    ကဗျာကယာ ဆိုတဲ့အပိုင်းမှာပါတဲ့ ကဗျာတွေက ပိုထိပါတယ် ။ မောင် ဆိုတဲ့အပိုင်းဟာလည်း Feel ချင်တဲ့ မမတွေအတွက်ရှယ်ပါပဲ။

    ကျွန်တော်လား အလွမ်း ဆိုတဲ့အပိုင်းမှာ
    ပါဝင်တဲ့ကဗျာတွေဖတ်ရင်း အသည်းကွဲရပြန်တာပါပဲ။

    📖 ချစ်ခြင်းမုန်းခြင်းမပါသော ခံစားမှု့သက်သက်သာ ဖြစ်ပါသည်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ချောမုန်း စာအုပ်များ