ချစ်သောဆရာ ချစ်သောသင်္ချာ

( 0 မှတ်ချက်)

5000 (ကျပ်)

ဘဝတစ်လျှောက်လုံး သင်္ချာကိုသာသူ့ဘဝ၊ သင်္ချာကိုသာ သူ့ကမ္ဘာအဖြစ် မှတ်ယူခဲ့တဲ့ သင်္ချာဆရာအိုကြီး။ လူ့လောကရဲ့သစ္စာတရား၊ လျှို့ဝှက်နက်နဲမှုတွေကို သင်္ချာကနေတစ်ဆင့် သိနိုင်တယ်လို့ ယူဆတဲ့သူ။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာဘဲ ယာဉ်မတော်တဆမှု တစ်ခုကြောင့် ဦးခေါင်းထိခိုက်ပြီး မှတ်ဉာဏ်ချို့ယွင်းသွားခဲ့သူ။

မှတ်ဉာဏ်ချို့ယွင်းနေတဲ့ သင်္ချာပါရမီရှင်ဆရာကြီးရဲ့အိမ်ကို ကျောင်းပညာအရာမှာ သာမန်မျှသာရှိတဲ့ အသက် ၂၈ နှစ်အရွယ် အိမ်ကူမလေးမလေး တစ်ယောက်ဟာ ဆယ်ယောက်မြောက် အိမ်အကူအဖြစ်နဲ့ ရောက်လာခဲ့တယ်။ ဘဝမှာ သန့်ရှင်းရေးလုပ်၊ အချက်အပြုတ် ဝေယျာဝစ္စလုပ်ဆိုတဲ့ ဘောင်ကျဉ်းကျဉ်းကလေးပဲသိတဲ့ ဆင်းရဲသူမ အိမ်အကူမလေး။ ဖအေ ခေါ်စရာမရှိတဲ့ ဆယ်နှစ်အရွယ် သားကလေးကိုသာ တစ်ကမ္ဘာမှတ်ထင် ချစ်ခင်ရတဲ့ အိမ်အကူမလေး။ ဒီလို အိမ်အကူအမျိုးသမီးကလေးရယ်၊ သင်္ချာကလွဲပြီး ဘာမှမပြောတတ်၊ စိတ်မဝင်စားတတ်တဲ့ အပြင် မှတ်ဉာဏ်ကလည်း မိနစ် ၈၀ စာပဲ ရှိတဲ့ သင်္ချာဆရာအိုကြီးရယ် တွေ့ကြတဲ့အခါ …

မနက်မိုးလင်းတာနဲ့ အိမ်အကူမလေးဟာ သင်္ချာဆရာကြီးရဲ့ အိမ်ကိုအလုပ်ဆင်းဖို့ ရောက်လာပါတယ်။ ညနေရောက်တိုင်း သူ့သား ပေါင်းမိုးဟာ ကျောင်းကနေ သူ့အမေရှိရာ သင်္ချာဆရာကြီးအိမ်ကို ရောက်လာပြီး ညစာကိုသုံးယောက်အတူတူစားပြီးမှ အိမ်ကိုပြန်ကြပါတယ်။ သူတို့ရဲ့ စကားဝိုင်းတွေမှာ မပါမဖြစ်ဟင်းလျာကတော့ သင်္ချာ။ နောက် တစ်ခုကတော့ ပေါင်းမိုးနဲ့ဆရာကြီးကြားမှာ တူညီနေတဲ့အရာ … ဘေ့စ်ဘော။ အထူးသဖြင့် ဆရာကြီးရော ပေါင်းမိုးရော အသည်းစွဲအားပေးကြတဲ့ ဟန်ရှင်ကျားရိုင်းဘေ့စ်ဘောအသင်း။

အတိတ်သာလျှင်ဆုပ်ကိုင်စရာကျန်တော့တဲ့ ကာလတိုမှတ်ဉာဏ်ချို့တဲ့နေသူ ဆရာကြီးကို သူ့အဖြစ်မှန်ကို သတိမရအောင် အတိတ်မှာပဲပေးနေပြီး ပျော်စရာတွေသာကျန်အောင် ဒီသားအမိ နှစ်ယောက်က ဘယ်လိုမျိုးကြိုးပမ်းအားထုတ်ခဲ့ကြသလဲ။

မိနစ် ၈၀ တိုင်းမှာ လူအသစ်နှစ်ယောက်နဲ့ဆုံရသလို ဖြစ်နေပေမယ့် ဒီသားအမိနှစ်ယောက်အပေါ် မသိစိတ်ထဲက ကိုယ့်သမီး၊ ကိုယ့်မြေးလို သံယောဇဉ်ဖြစ်နေတဲ့ ဆရာကြီးဟာ သူတတ်နိုင်တဲ့ အပိုင်းကနေ ဘယ်လိုများ အသိပညာတွေကို ဝေမျှပေးခဲ့သလဲ ဆိုတဲ့အကြောင်းကို ဖတ်ရှုရမှာဖြစ်ပါတယ်..။

စာမျက်နှာ

329

စာအုပ်အရွယ်အစား

5.2 x 0.8 x 8.15 inches

ပုံနှိပ်မှတ်တမ်း

Myanmar Knowledge Society၊ 2020

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ချစ်သောဆရာ ချစ်သောသင်္ချာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဝေယံဘုန်း စာအုပ်များ